Complete

32.7K 775 218
                                    

ကော်ရစ်ဒါအတိုင်းတည့်တည့်လျောက်သွားပြီး
ဘယ်ဘက်ကိုချိုးသွားရင်
Art and Music ငှာနရှိသည်။

stageမကြီးမသေး
အလင်းရောင်မမှောင်လွန်း မလင်းလွန်းတဲ့
အခန်းထဲမှာ ငြိမ့်ညောင်းသာယာတဲ့
တယောသံနဲ့အတူ
coat အင်္ကျီအညိုဖျော့ဖျော့ဝတ်ထားတဲ့
လူတစ်ယောက်ရှိနေခဲ့သည်။

နှာတံစင်းစင်းမှာ ခပ်ပါးပါး
မျက်မှန်ပါးတစ်လက်တပ်ထားပြီး
မျက်လုံးတွေကထူးထူးခြားခြား
အရောင်တွေတောက်ပနေသည်။
ဆရာနဲ့လည်းလည်းမတူသလိုကျောင်းသားနဲ့လည်းသိပ်မတူတဲ့အာရှသားဖြစ်သည့် Art and Music က tutor အားကျောင်းဝန်းထဲကမိန်းကလေးတော်တော်များများကသတိထားမိကြသည်။

" Now that you know a little bit, let's talk about how many strings a violin has.  It has only 4 strings.  E, A, D, G are 4 strings.  When playing the violin, it is very instructive to learn how to play with the fingers on the violin neck.
You may have seen some artists
The handles on the violin neck are moving even though the rod is not moving much. "

အခု ဒီလောက်သိသွားပြီဆိုရင်
တယောရဲ့ကြိုးတွေအကြောင်းပြောကြမယ်
E,A,D နဲ့ F ဆိုပြီး ကြိုး၄ ကြိုးပဲရှိတယ်
ဒါပေမဲ့ လက်ချောင်းလေးတွေကိုဘယ်လိုကစားမှ ဘယ်လိုအသံထွက်မလဲသိဖို့က တော်တော်ခက်ခဲတယ်
တချို့ Artist တွေ ထိုးတာမြင်ဖူးကြမှာပေါ့
ဘိုးတံကသိပ်မလှုပ်ပေမဲ့ violin neck ပေါ်ကလက်တွေကသွက်ကြတာ"

English လိုကျကျနနရှင်းပြနေသော ဆရာဟာ နှစ်ပေါင်းများစွာ ရည်းစားကလေး ထိန်းလာသည့်အတွေ့အကြုံကြောင့် စိတ်တော့ရှည်သည်။

" ဆရာ ဒီည Annie တို့အိမ်မှာ မွေးနေ့ရှိလို့ ဆရာလာခဲ့ပါလား ပုံမှန်ဆိုကျောင်းသားတွေပဲဖိတ်တာ"

အင်္ဂလိပ်လိုလာပြောနေသော Annie အား ဆရာဟာ
တစ်ချက်ကြည့်လိုက်သည်။
Annie ဟာ  Cheerleader အဖွဲ့ခေါင်းဆောင်ဖြစ်တာတော့ ဘောလုံးပွဲတွေမှာမြင်ဖူးသည်။
သို့ပေမဲ့ ပျင်းစရာကောင်းသည့် Violin club ကို လာ Join တာထူးဆန်းသည်။

" ဆရာမအားဘူးသမီး"

" ဟာ...ဆရာကလည်း"

Daddy Aesthetic​  (Daddyဗေဒ)Where stories live. Discover now