အပိုင္း(၃)

162 15 0
                                    

Uni~~
,,,,

ရက်တွေလတွေပြောင်းလဲလာတဲ့အထိတိုင်ကျနော့်ယောကျာ်းCeoနဲ့ဝန်ထမ်းလေးကျနော်ကတော့တာဝန်တွေမလစ်ဟင်းအောင်ထမ်းဆောင်နေဆဲ ညဘက်ရောက်ရင်ချစ်ကြည်နူးတစ်တီတူးဆဲ
ဒါတွေကိုပြောပြနေရင် FAအပေါင်းတို့နားလည်မှာမဟုတ်တော့ကျနော်ထိုက်ကလည်းပြောတော့ပါဘူးလေ

"ဟေ့ ထန်း မင်းငါ့အိမ်လိုက်မလား"

"အသဲ ခေါ်ရာမောင်လိုက်မှာပေါ့"

"ချီးးအဲ့လိုမခေါ်စမ်းနဲ့ နားယားလွန်းလို့"

"အသဲကလည်း"

"ထန်းးမင်းကိုယ်ပျောက်လက်ဝါးသိုင်းတွေမိချင်တာလား"

"ဟဲဟဲ လေယာဉ်လက်မှတ်ပဲဖြတ်ထားလိုက်နော် ထိုက်"

ထန်းမှာအီလည်လည်နဲ့သာပါးစမ်းပိတ်လိုက်ရတယ် မဟုတ်ရင် ထိုက်ရဲ့ဘယ်ဘ၀ထဲကကျင့်ခဲ့တဲ့သိုင်းတွေကသူ့စီလွင့်လာတော့မှာလေ
ထိုက်ရဲ့လက်ဆလက်နကပြင်းသည်မို့ မချိသွားဖြဲသာလုပ်လိုက်ရတယ်

ခဗျားတို့ထင်နေတဲ့Ceoဆိုတာက လုံးဝမျက်နှာသေနဲ့တည်ကြည်ဖြောင့်မတ်တယ်smartကျတယ်ဘာညာပေါ့

ဒါပေမယ့်အဲ့ထဲ့ယောင်လို့တောင် ထန်း ကိုထည့်မတွက်နဲ့ ထန်းကအလုပ်မှာသာတည်ချင်တည်မယ် အိမ်မှာဆိုတကယ့်မျက်နှာရူး မျက်နှာကပြောင်သေးတာ အိမ်ကဖောနဲ့ထန်းနဲ့သာတွေ့ရင် ချင်းမိုင်မြို့ကြီးများစောက်ထိုးဖြစ်သွားလေမလား
အမလေး တွေးရင်းသွေးတက်တယ်ထန်းရေ

အိမ်ကိုပြန်မယ့်နေ့ရောက်လို့လာပါပြီး ထန်းနဲ့အတူထိုက်တစ်ယောက်အထုပ်တွေလည်းအပ်ပြီးပတ်စပိုစ့်တွေသိမ်းရင်းလေယာဉ်တက်ခါနီးတော့ လေယာဉ်ပေါ်မတက်ရသေးဘူးချွေးပြန်နေတဲ့ အနာဂတ်လင်ယောကျာ်းကြီးကလက်နှစ်ဖက်ကိုတစ်ခုနဲ့တစ်ခုပွတ်နေလေရဲ့

"ထန်းးမင်းဘာဖြစ်နေတာလဲ"

"အမ် ဟို ငါကြောက်လို့"

"ဟင် လေယာဉ်စီးရမှာကြောက်တာလား"

"မဟုတ်ဘူး"

"ဟမ် ဘာလဲအဲ့ဒါဆို"

"မင်းဖောကကြောက်စရာကောင်းလား"

"အချစ်နဲ့ဖောကြားဝယ်" 'short fiction'(Completed)Where stories live. Discover now