အပိုင်း(28)

64 5 0
                                    

Unicode

"လက်ဆောင်တစ်ခုထည့်ပေးလိုက်မယ်အကို…..ကျွန်တော်လာတဲ့အချိန်ကျ အဲ့ဝတ်စုံနဲ့ပဲတွေ့ချင်ပါတယ်”

“လွန်းကဘယ်အချိန်လာမှာလဲ…..ကိုယ့်ကိုပြောလေ”

“ဒါကတော့ မပြောပါဘူး။ စပရိုက်စ်ပေါ့ အကိုရာ။ အကိုသာတကယ်ချစ်တယ်ဆို ကျွန်တော်လာတဲ့အချိန် ခန့်မှန်းနိုင်ရမယ်လေ”

“ကိုယ်သက်သက်စတာပါလွန်းရာ…..မင်းလာမဲ့အချိန်ကျ ကျောင်းဝကစိန်ပန်းနီပင်အောက်မှာ ကိုယ်စောင့်နေမယ်။

လွန်း၏ခေါင်းကိုပွတ်သပ်ကာပြောလိုက်သည်။ လွန်းတစ်ယောက်တော့ ကျေနပ်သွားပုံပင်။
“ကျွန်တော်မှာတာမမေ့ပါနဲ့…..အကိုအသက်ရှင်သန်အောင်နေပေးပါ။ ခရီးသွားခါနီးဒီလိုမှာရတာက နမိတ်မရှိပေမယ့်လည်း……”

“ကိုယ်နမိတ်တွေကိုမယုံဘူး။ လွန်းပါးစပ်ကထွက်တဲ့စကားမှန်သမျှက အကို့အတွက် မင်္ဂလာရှိနေမှာပဲ”

ထိုသို့ပြောတော့ လွန်းနှစ်နှစ်ခြိုက်ခြိုက်ပင်ပြုံးသည်။ လွန်း၏ အပြုံးသည် ကဗျာမမှီ စာမမှီသော တေးသွားသံစဥ်အလား။

“စကားတတ်တိုင်းလာချုပ်မနေပါနဲ့….အကိုတစ်ခါချုပ်တိုင်းဒီလူကပြိုလဲနေလို့”

“ဘယ်ကိုပြိုလဲမှာလဲ”

“အကို့ရင်ခွင် တစ်နည်းအားဖြင့် ကျွန်တော်အပိုင်ရထားတဲ့နှလုံးသားလေးရှိရာဆီကိုပေါ့”

“လွန်းရာ…..မင်းလည်းစကားတတ်လွန်းတယ်။ ကြက်တူရွေးလေးကျနေတာပဲ”

လွန်းကိုရင်ခွင်ထဲသွင်းကာရယ်ရင်းပြောသည်။လွန်းလည်း ရယ်ရင်းနှင့်ပင်

“ကြက်တူရွေးဆိုရင်တောင် အကိုတစ်ယောက်ထဲ စကားသင်မှတက်မဲ့ကြက်တူရွေးလေ။ ပြီးတော့အကို့နှလုံးသားက ကျွန်တော်ဘယ်တော့မှလွတ်မြောက်ဖို့မကြိုးစားမဲ့ လှောင်အိမ်ငယ်”

လွန်း၏ နဖူးငယ်ကို ခပ်ဖွဖွနမ်းလိုက်သည်။ ချစ်ရသူသည်မိမိအနမ်းကို အပြုံးတစ်ပွင့်ဖြင့်နွေးထွေးစွာလက်ခံသည်။ တစ်သက်တာလုံး မည်သည့်ကိုမှ မချစ်ခဲ့ဖူးသောသူရိန်သည် ယခုအခါတွင်တော့ တောင်ပေါ်သားလေးဆီတွင် နှလုံးသားကို အမိန့်တစ်စုံတစ်ရာမပါပဲအပ်နှင်းလိုက်ရချေပြီ။

𝘓𝘰𝘷𝘦 𝘛𝘩𝘦𝘰𝘳𝘺Where stories live. Discover now