part7

492 20 4
                                    

ထိုကောင်မလေးလည်းစိတ်မရှည်တော့ဘဲ၀င်သွားတော့........။
   
      ပြင်ပြီးနေတာ!ဘာလို့ထွက်မလာတာလဲ

     တခြားဟာ၀တ်လို့မရဘူးလား
ဒီကြီးကနည်းနည်း...

(ynကို၀တ်ခိုင်းတဲ့အကျီက
အကျီကိုယ်ကျပ်အမဲရောင်နဲ့
ပေါင်ပေါ်ဘောင်းဘီအမဲရောင်သာ
ဖြစ်သည်။)

ynလည်းမွေးကတည်းကဒီလိုရင်ပေါ်ပေါင်ပေါ်အ၀တ်အစားတွေမ၀တ်ဖူးတော့.....တစ်မျိုးကြီးဖြစ်နေတာအမှန်ပင်......။

ထိုကောင်မလေးကိုပြောပြီး
တခြားဟာလဲမယ်ဆိုသော်လည်း
ထိုကောင်မလေးကလက်မခံဘဲ
အပြင်ဘက်ကိုအတင်းလက်ဆွဲပြီးခေါ်သွားလေတယ်....

----

   (အထဲမှာသီချင်းသံပေါင်းစုံနဲ့
ဂိတ်၀မှာစောင့်နေတဲ့လူနှစ်ယောက်
ကြည့်ရတာလုံခြုံရေး၀တ်စုံတွေနဲ့)

ဖြစ်နိုင်တာကတော့ဟိုကောင်မလေးခေါ်‌လာတာက
"ကလပ်"တစ်ခုပင်

ထိုချိန်*

ဘေဘီလေး...."

အသက်20ကျော်၀န်းကျင်
လူကိုကြည့်ရတာလည်းယိမ်းယိုင်နေပြီ...ဖြစ်နိုင်တာက"ကလပ်"ထဲမှာအရက်သောက်ပြီးမူးပြီးအပြင်ထွက်လာတဲ့ပုံဘဲ......။

သေချာတာကတော့ynတို့အရစ်ခံရပြီ

ynကို‌ခေါ်လာတဲ့ကောင်မလေးက
ထိုလူကိုခပ်ထန်"နဲ့တုံ့ပြန်လိုက်သည်။

ဘာတွေလာရှုပ်နေတာလဲ!
ထွက်သွားစမ်း

မင်းကိုခေါ်တယ်ထင်နေတာလား?
မင်းဘေးနားကကောင်မလေးကို
ခေါ်တာ

ဟေး!baeလေးdaddyနဲ့မကစားချင်ဘူးလား

(ynကိုစိုက်ကြည့်ပြီးပြောနေတာပင်)

ဟေ့ရောင်!သူကငါ့မိန်းမ

(ဟိုကောင်မလေးနှုတ်ဖျားက
ynကို"ငါ့မိန်းမ"လို့ခေါ်လိုက်တာက
ynအ့ဩလို့မဆုံးတဲ့အပြင်စိတ်ထဲ
တစ်မျိုးကြီးဖြစ်သွားလေသည်။)

တဖန်*
ဟိုလူဘက်ကလည်းအလျှော့အပေးဘဲ....

    အဲ့တော့?

ငါဘာလဲဆိုတာမသိသေးသေးဘူးထင်တယ်...?အစောင့်တွေ!

(ထိုချိန်ဂိတ်မှာစောင့်နေတဲ့
လူနှစ်ယောက်ရောက်လာပြီး)

....မမလေးemma..ဘယ်တုန်းကရောက်နေတာလဲဗျ....။

(ထိုကောင်မလေးကိုရိုရိုကျိူးကျိူး
နဲ့ပြောနေပုံကထိုကောင်မလေးရဲ့
အရှိန်အဝါကနည်းမည်မဟုတ်လောက်....။)

  နင်...ငါရောက်နေတာတောင်မသိဘူးလား

   ဟုတ်...ကျွန်တော်..တောင်းပန်ပါတယ်ဗျာ..

  အေး!ဒီကောင်ကိုအရင်ရှင်းပေး
ပြီးရင်အလောင်းပါဖျောက်လိုက်
နင်တို့နဲ့ပြီးမှတွေ့မယ်!

(အလောင်းဖျောက်မယ်ဟုတ်လား.
သူလူသတ်ခိုင်းလိုက်တာပေါ့...
အမလေး....)
ynလည်းတွေးပြီးကြောက်နေဆဲ

အဲ့လိုပြောပြီးဇွတ်အတင်းynလက်ကိုဆွဲပြီး"လာ...မိန်းမသွားမယ်"
ကလပ်ထဲဆွဲခေါ်လာလေတယ်။

ဒီမှာ!ရှင်ကျွန်မကို"မိန်းမ"လို့မခေါ်ပါနဲ့လား

ခေါ်မှာဘဲမကြိုက်လည်းမတတ်နိုင်ဘူး!
ဒီညဒီမှာဘဲအိပ်ရအောင်

ဟင်!ဘာလို့

ဦးရဲ့က‌လေးလေး..by molly-parkOnde as histórias ganham vida. Descobre agora