Episode 4: Kim & Kim

1.1K 211 62
                                    

ကျယ်ဝန်းလှသော ဂျွန်းအိမ်တော်အတွင်းတွင်
သခင်လေးဂျွန်း၏ အိပ်ဆောင်တော်အသီးသီးမှ ထွက်လာသော ဂျွန်းဂျောင်ကုနှင့် ပတ်ဂျီမင်..

တစ်ဦးတည်းသော သူစိမ်းလေး ကင်ဆော့ဂျင်သည် အိမ်မက်ကမ်ဘာတွင်သာ ပျော်မွေ့နေသည်မို့ ဝင်မနှိုးတော့ပဲ ထမင်းစားဆောင်ဘက်သို့သာ သခင်လေးနှစ်ယောက်ထွက်လာခဲ့တော့သည်။

မနက်စာထမင်းဝိုင်းတွင် သခင်ကြီးဂျွန်းနှင့် သခင်မကြီးတို့အတူတူ ထိုင်နေကြပြီး လူစုံသောအခါ မနက္စာအား စတင်စားသောက်လေသည်။

"ဂျီမင်နီးလေး ရောက်နေတာပဲ! !"

"ဟုတ်တယ် ဒေါ်လေး မနေ့ညက ရောက်လာတာ..နောက်ကျတာနဲ့ မနှုတ်ဆက်တော့ပဲ ဂျောင်ကုအဆောင်မှာအိပ်ဖြစ်သွားလို့!!"

"ဪ...အေးပါကွယ်...ကဲ ထည့်စားကြ သားတို့!!!"

ဖော်ရွေပြီးစိတ်စေတနာကောင်းသော ဂျောင်ကုအမေသည် အမြဲပြုံးရွင်နေတတ်သည်။ ဂျောင်ကု၏ စေတနာကောင်းမှုနှင့် အပြုံးလှလှတို့သည် မလွဲဧကန် သခင်မကြီးဆီမှ အမွေရခြင်းဖြစ်သည်။

"ဂျွန်းဂျောင်ကု... မနေ့ညက အိမ်တော်ထဲလူဝင်တာတွေ့သေးလား!!!"

"မတွေ့မိဘူးအဖေ...ဘာဖြစ်လို့လဲ!!!"

"ဂိုထောင်ထဲက ပစ္စည်းတွေ အခုတေလာ ပိုပိုပြီးပျောက်နေတယ်!!"

"ကျနော်မတွေ့မိဘူး!!"

"ပတ်ဂျီမင်..မင်းတို့အိမ်တော်ရော ဘာထူးလဲ ပျောက်သံကြားသေးလား!!"

"ဟုတ် ဦးရီးတော် တစ်ခါတစ်လေ အဖေပြောသံတော့ကြားတယ်...အေဖက ကျနော်ကြို ဘာမှသိပ်မပြောပြတော့!!"

"အင်း..ထားလိုက်..ငါကမေးကြည့်တာ..!!"

"ဟုတ်ကဲ့ ဦးရီးတော်!!"

သခင်ကြီးဂျွန်း မေးခွန်းများအောက်တွင် ဂျောင်ကု ဟန်မပြတ်နေနိုင်သော်လည်း လက္ဖ်ားမ်ားက အေးစက်လာသည်က ဂျီမင်..
ထမင်းစားတူနှစ်ချောင်းကို ကျစ်ကျစ်ပါအောင်ကိုင်ထားပြီး စကားလုံးတိုင်းကို သတိထားပြီးသာ ဖြေနေရသည်။

"ကလေးတွေ ထမင်းအေးဆေးစားပါစေရှင်.. နောက်မှမေးလည်းရတာကို!!"

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now