Episode 22: ရင်လေးသောအနာဂတ်

841 137 32
                                    

စိတ်ပျက်လက်ပျက်ဖြင့် ငြီးငြူနေသော ဂျောင်ကုသည် ဂျီမင်အိမ်တော် ရှေ့တွင်ငုတ်တုတ်ထိုင်နေလေသည်။
ဘေးနားတွင် ဂျီမင်သည်လည်း ဂျောင်ကုနည်းတူစွာ ငုတ်တုတ်လိုက်ထိုင်နေသည်။

အိမ်တော်များမှ သခင်လေးနှစ်ဦး ဤသို့ထိုင်နေခြင်းကြောင့် လမ်းသွားလမ်းလာများမှာ ကွက်ကြည့်ကွက်ကြည့်နှင့်ဖြစ်နေသေးသည်။

"ဂျောင်ကု...အိမ်ထဲမဝင်ပဲ ဒီမှာလာမှိုင်နေရခြင်းလေးပြောပါဦး!!"

စကားမပြောပဲ မှိုင်တွေနေသော ဂျောင်ကုကြောင့် ဂျီမင်မှပင် အစချီလိုက်ရသည်။

"ဟူး..... အဖေက ငါ့ကို မင်းသမီးရဲ့ကြင်ရာတော်ဖြစ်စေချင်နေတယ်!!"

"ဘယ်လို!!"

"ငါလည်း ကြားကြားချင်းမယုံနိုင်ဘူးဖြစ်သွားတယ်...မင်းကြီးကိုယ်တိုင်ကပြောထားတာတဲ့!!"

"ဒါဆို ဆော့ဂျင်ကရော!!"

"အာ့ကြောင့် ငါစိတ်ညစ်နေတာလေ... ငါချစ်တာ ဆော့ဂျင်... သူမှမဟုတ်ရင် ဘယ်သူနဲ့မှ လက်မတွဲချင်ဘူး!!"

"သူရောသိပြီးပြီလား!!"

"ငါအခုထိတော့ မပြောရသေးဘူး... ဂျီမင် ငါဘယ်လိုငြင်းရမလဲ...အကြံပေးပါဦးကွာ!!"

"ဟင်းးး..... နေပါဦး...ငါလည်းစဥ်းစားပါဦးမယ်... ဦးရီးတော်ကို ငါလည်းကြောက်တယိ...ဝင်တော့မပြောရဲဘူး!!"

"ထယ်ယောင်းကို အကူအညီတောင်းကြည့်ရင်ကောင်းမလား!!"

"ကောင်းသားပဲ ဂျောင်ကု... ထယ်ယောင်းလာရင် ပြောကြည့်ကြတာပေါ့!!"

ထိုမှသာ မျှော်လင့်ချက်ရောင်ခြည်တွေ့သကဲ့သို့ ဂျောင်ကုမျက်နှာအနည်းငယ်လန်းသွားရတော့သည်။
.
.
.
.
.
.
.

"ဂျွန်းငယ်!!"

စစ်တုရင်ခုံပေါ်မှ နယ်ရုပ်လေးအားရွှေ့ရင်း ဟိုဆော့ မှ နမ်ဂျွန်းအားခေါ်လိုက်သည်။

"ဟင်!!"

"ဂျွန်းငယ်...ဟိုကောင်လေးတွေကိစ္စက ထင်သလောက်မလွယ်ဘူးထင်တယ်နော်!!"

"ဘယ်ကောင်လေး...ဪ... အနာဂတ်ကကောင်လေးတို့လား!!"

"အင်း... သူတို့က အတိတ်မှာအများကြီးဝင်ရှုပ်နေကြပြီ.. ဂျွန်းငယ်ရှင်းလို့ရပါ့မလား!!"

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now