အပိုင်း (၂)

4.9K 104 0
                                    

အမုန်းများကုန်လွန်သော်

အပိုင်း(၂)

"'သဲ ´မင်းတွေ့သလိုမဟုတ်ဘူးနော်"

သဲအက္ခရာက သူ့ကိုဆိုင်ဖိတ်လိုက်တာချစ်ရေးဆိုမယ်ဆိုတာသိ၏....
ဘုန်းမင်းဆိုသည့်ကောင်ကလည်းမသိသိအောင် ပေါ်ပေါ်ထထင်ထင်လိုက်နေတာလေ။

သူမဘက်ကလည်း ဘုန်းမင်းအပေါ် စိတ် ယိုင်နေတယ်ဆို တာလည်း သူမကိုသူမသိတယ်.....ဒါ့ကြောင့် ....သူမကတောင် အဖြေအတွက် ကြိုတင်ပြင်ဆင်ပြီး မှလာခဲ့တာလေ  .....အခုတော့..အခုတော့

ဆိုင်ထဲဝင်ဝင်ချင်း  ​​မြင်လိုက်ရတာက ရင်ဘက်ကိုဖနှောင့်နဲ့ စုန်ကန်လိုက်သလိုပဲပေ.....
ဒါသူမကိုသက်သက်ကျော တာ မာနကို ရိုက်ချိုး တာပဲ

ရွယ်ရွယ် သူတို့ကိုကြည့်ရတာ သူမထက် ငယ်မည်ထင်၏။....

သဲသဲဆို လား ဘာ ဆိုလား အဲ့  ကောင်မလေးက လည်း သူမကို စား တော့ ဝါး တော့မတတ် ကြည့်နေတာ
အဲ့မိန် ကလေးသာ နဂါးစို ရွယ်ရွယ် ပြာကျသွားလောက်ပြီ

ဘုန်းမင်းချစ်ခွင့်ပန်တဲ့မိန်းမက သူမထက်သာရင်တော်သေး အခုတော့ သူမနဲ့ယှဥ်ရင် ဆီ နဲ့ ရေ ပဲ....

အသက်ကလည်းသူမတို့ထက် ကြီးပုံ ရမယ် မျက်မှန်ကလည်းပုလင်းဖင်လောက်ရှိတယ်တပ်ထားတာက

တကယ် အကုန်ခြုံ ကြည့် ရင်ကြည့်ပျော် ရူ့ ​ေပျာ်ကိုမရှိတာ
သူမ ခံရခက်လိုက်တာ ပြောမနေနဲ့....

"ဒီမှာ နင်တို့မှာ ဘာကိစ္စ ရှိလည်းတော့ မသိဘူးငါဒီဆိုင်ကိုလာတာ အစားသောက် မှာစားဖို့ပဲလာတာ အပိုလုပ်တွေလုပ်ဖို့ လာတာမဟုတ်ဘူး"

"ဒီမှာ ခင်ဗျားပါးစပ် ကိုခနပိတ်ထား လို့မရဘူးလား"ဘုန်းမင်းကအော်လိုက်တော့

"မင်းငါ့ကိုလာအော်စရာမလိုပါဘူး .."

"ရှင်တို့ဘာသာ ရှင်တို့ဆက်ရှင်းကြတော့ ကျွန်မသွားပြီ .."

"ဟာ သဲသဲ  ....  သဲသဲ..မင်းထင်သလို မဟုတ်ဘူးကွာ ကိုယ်ရှင်းပြပါရစေနော်.."

" ရှင်နဲ့သဲနဲ့က ဘာဆိုင်လို့ကျွန်မကိုလာရှင်းပြချင်နေရတာတုန်း သဲအခုလာတယ်စိုတာကလည်း မိတ်ဆွေတစ်ယောက်က ထမင်းဖိတ်ကျွေးတာကို လာယုံသက်သက်ပဲ"

အမုန်းများကုန်လွန်သော်(complete)✅Where stories live. Discover now