Y (unicode)

256 21 2
                                    

PART 8

" Taehyung... Jieun ကဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်နေတာ အခုနဲ့ဆို 2 နှစ်ကျော် 3 နှစ်နီးပါးရှိပြီ။ မင်းတို့ကို သူမ-မပြောပြဘူးဆိုတာကတော့ အံ့သြစရာဘဲ "

" ငါ့ညီမကို ပြန်ကောင်းလာအောင်ကြိုးစားပေးပါ။ ငါမင်းကိုအကူအညီတောင်းပါတယ် Jin "

" အတတ်နိုင်ဆုံးကြိုစားပေးမှာဆိုပေမယ့်အဆိုးဆုံးအခြေအနေကိုတော့ လက်ခံနိုင်အောင်လုပ်ထားဖို့ပြောရမယ် "

--

" Jungkook! Jieun ဆေးရုံတက်နေရတယ်တဲ့။ မင်းသူ့ဆီကိုသွားကြည့်လိုက်အုံး "

" Hoseok သူကဘာဖြစ်လို့လဲ "

" ငါလည်းမသိဘူး။ Jimin ပြောတာကတော့ မင်းနဲ့လမ်းခွဲပြီးနောက်ပိုင်းကတည်းက ဖြစ်နေတဲ့ရောဂါတဲ့ "

" လမ်းခွဲတာ? "

--

" လူနာ Ms.Kim Jieun ရဲ့အခန်းနံပါတ်လေးသိလို့ရမလား "

" ဟုတ်...အခန်းနံပါတ် 63 ပါ "

" ကျေးဇူးပါ "

--

" မင်းကဒီကိုဘာလာလုပ်တာလဲ!! Jieun အခုဆေးရုံမှာလဲနေတယ်ဆိုတာ မင်းအပြစ်မကင်းဘူးဆိုတာရောသိရဲ့လား !! ဒါတွေအကုန်မင်းကြောင့်ဘဲ။ မင်းနဲ့လမ်းခွဲကတည်းကရလာတဲ့ စိတ်ကျရောဂါကြောင့် သူ ဦးနှောက်ပိုင်းဆိုင်ရာရောဂါရသွားတာ! "

" ငါမှားမှန်းသိပါပြီ Taehyung ။ငါအခုသူ့ကိုတွေ့လို့ရမလား? "

" ငါ့နာမည်ကိုတောင်မခေါ်နဲ့။ မင်း Jieun ကိုစိတ်ဒဏ်ရာတွေပေးပြီးကတည်းက မင်းကိုသူငယ်ချင်းတစ်ယောက်လိုကိုမသတ်မှတ်နိုင်တော့တာ "

" ငါတောင်းပန်ပါတယ်။ နောက်ဆုံးတစ်ခေါက်လောက်ဘဲ သူနဲ့တွေ့ခွင့်ပေးပါ။ ကျေးဇူးပြုပြီးတော့ "

" ဟုတ်ပြီလေ "

--

" ကိုယ်တောင်းပန်ပါတယ် Jieun။ မင်းကိုအဲ့လောက်ထိ နာကျင်စေလိမ့်မယ်လို့မထင်ထားခဲ့ဘူး။ မင်းနောက်တယောက်ရှိနေတယ်တဲ့ စကားကို အရူးလိုယုံမိတဲ့ကိုယ်ကမှားတာပါ "

" ကိုယ်တော်တော်ကိုတစ်ကိုယ်ကောင်းဆန်မိတာကိုသိပါတယ်။ ကိုယ်အခုလုပ်နိုင်တာက မင်းကိုတတွတ်တွတ်တောင်းပန်နေရုံဘဲရှိတယ်။ ကိုယ်တောင်းပန်ပါတယ်။ နောက်တခါအခွင့်အရေးသာရှိမယ်ဆို ကိုယ်တို့အရင်ကလိုပြန်နေကြမယ်လေ။ နောက်တခါလောက်ပါဘဲ... "

အသိစိတ်လွတ်ပြီးမေ့မျောနေတဲ့
Jieun ရဲ့လက်ကိုကိုင်ပြီး Jungkook မျက်ရည်တွေထိန်းမရအောင်စီးကျမိတယ်။ အမြဲတမ်း ကြည်လင်နေတဲ့သူမရဲ့မျက်နှာလေးက အခုတော့ အ​ဖြူရောင်ဖျော့ဖျော့...။ အမြဲတမ်း ပန်းရောင်ရင့်ရင့်သန်းနေတဲ့ သူမရဲ့နှုတ်ခမ်းတွေကလည်း ခရမ်းရောင်ဘက်ကိုရောက်လုလု။ မျက်တောင်ရှည်ရှည်တွေစင်းနေအောင် သတိမေ့မျောနေတဲ့သူမက Jungkook အတွ​က်​​တော့အခုလိုအချိန်မှာတောင် အလှမပျက်ပါဘူး။

" ကိုယ်မင်းကိုတကယ်ချစ်ခဲ့တာပါ Jieun..."

Jungkook ကိုင်ထားတဲ့ Jieun ရဲ့လက်လေးတွေ လှုပ်ရှားသွားတာကို Jungkook သတိထားမိလိုက်တယ်။ Jieun ရဲ့မျက်လုံးလေးလည်း တဖြည်းဖြည်းပွင့်လာတာကိုလည်း တွေ့လိုက်ရတယ်။ Taehyung နဲ့ဆရာဝန်တွေလည်း အပြေးအလွှားရောက်လာကြတယ်။ Jieun တစ်ခုခုကိုပြောဖို့ကြိုးစားနေပုံဘဲ။ သူမပြောချင်တဲ့စကားအဆုံးမှာ သူမရဲ့ခန္ဓာကိုယ်ထဲက စီးဆင်းနေတဲ့သွေးတွေရပ်တန့်သွားသလို သူမရဲ့လက်ဟာလည်းအေးစက်သွားခဲ့ပြီ။ Jungkook ရဲ့တောင်းပန်စကားကိုလည်းသူမ မကြားနိုင်တော့ဘူး။ ဟုတ်ပါတယ်။ သူမအိပ်ပျော်သွားခဲ့ပြီ။ ဘယ်တော့မှမနိုးနိုင်တဲ့အိပ်စက်ခြင်းနဲ့...။

သူမ မရှိတော့ဘူး။ Jungkook ဆီကပါမကဘူး သူမလောကကြီးဆီကပါထွက်ခွာသွားပြီ။ သူမရဲ့ အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကို ဆရာဝန်တွေက ရင်ခွဲရုံကိုရွေ့မယ်ပြောတဲ့ထိ Jungkook ကိုင်ထားမိတဲ့ သူမလက်ကိုမလွတ်နိုင်ခဲ့ဘူး။ Taehyung က Jungkook ကိုသူမဘေးက တွန်းမထုတ်ခင်ထိ သူမ ကြားနိုင်တော့မှာမဟုတ်တဲ့ တောင်းပန်စကားတွေကို Jungkook ပြောနေမိတယ်။ သူမလောကကြီးကမထွက်သွားခင် မရှိမဲ့ရှိမဲ့အားလေးတွေစုပြီးပြောခဲ့တဲ့စကားတစ်ခွန်းက...

" ငါလည်း နင့်ကိုချစ်ခဲ့ပါတယ် Jungkook "

သူမပြောသွားတယ် Jungkook ကိုချစ်ခဲ့တယ်တဲ့။ သူမအချစ်ဆုံးလူသားဆီကနေ သူမထွက်သွားမှာမဟုတ်ဘူး။ မဟုတ်ဘူး။ ထွက်သွားခွင့်လည်း မပေးနိုင်ဘူး။

" တောင်းပန်ပါတယ် Jieun။
ကိုယ်လည်းမင်းကိုချစ်ခဲ့ပါတယ်... "

--

သူမ ကြားနိုင်တော့မှာမဟုတ်ပေမယ့်...

သူကတော့ ဒီစကားတွေကို

ဆက်ဆက်ပြီးပြောနေအုံးမှာပါ။

ဒါပေမယ့်...

နောက်ကျသွားပြီလေ။

- Final Episode -

I AM SORRY [ BTS- Jungkook Version]Where stories live. Discover now