" Taehyung...Jieun ကဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်နေတာ အခုနဲ့ဆို 2 နှစ်ကျော် 3 နှစ်နီးပါးရှိပြီ။ မင်းတို့ကို သူမပြောပြဘူးဆိုတာကတော့ အံ့သြစရာဘဲ "
" ဟမ်!! ငါ့ညီမကို ပြန်ကောင်းလာအောင်ကြိုးစားပေးပါ။ ငါမင်းကိုအကူအညီတောင်းပါတယ် Jin "
" အတတ်နိုင်ဆုံးကြိုစားပေးမှာဆိုပေမယ့်...အဆိုးဆုံးအခြေအနေကိုတော့ လက်ခံနိုင်အောင်လုပ်ထားဖို့ပြောရမယ်......"
--
" Jungkook! Jieun ဆေးရုံတက်နေရတယ်တဲ့။ မင်းသူ့ဆီကိုသွားကြည့်လိုက်အုံး "
" Hoseok...သူကဘာဖြစ်လို့လဲ "
" ငါလည်းမသိဘူး။ Jimin ပြောတာကတော့ မင်းနဲ့လမ်းခွဲပြီးနောက်ပိုင်းကတည်းက ဖြစ်နေတဲ့ရောဂါတဲ့ "
" လမ်းခွဲတာ!?? "
--
" လူနာ Ms.Kim Jieun ရဲ့အခန်းနံပါတ်လေးသိလို့ရမလား "
" ဟုတ်...အခန်းနံပါတ် 63 ပါ "
" ကျေးဇူးပါ "
--
" မင်းကဒီကိုဘာလာလုပ်တာလဲ!! Jieun အခုဆေးရုံမှာလဲနေတယ်ဆိုတာ မင်းအပြစ်မကင်းဘူးဆိုတာရောသိရဲ့လား !! ဒါတွေအကုန်မင်းကြောင့်ဘဲ။ မင်းနဲ့လမ်းခွဲကတည်းကရလာတဲ့ စိတ်ကျရောဂါကြောင့် သူ ဦးနှောက်ပိုင်းဆိုင်ရာရောဂါရသွားတာ !! "
" ငါမှားမှန်းသိပါပြီ Taehyung ရယ်...ငါအခုသူ့ကိုတွေ့လို့ရမလား..."
" ငါ့နာမည်ကိုတောင်မခေါ်နဲ့...မင်း Jieun ကိုစိတ်ဒဏ်ရာတွေပေးပြီးကတည်းက မင်းကိုသူငယ်ချင်းတစ်ယောက်လိုကိုမသတ်မှတ်နိုင်တော့တာ "
" ငါတောင်းပန်ပါတယ်။ နောက်ဆုံးတစ်ခေါက်လောက်ဘဲ သူနဲ့တွေ့ခွင့်ပေးပါ...ကျေးဇူးပြုပြီးတော့..."
" ကောင်းပြီလေ "
--
" ငါတောင်းပန်ပါတယ် Jieun။ ငါမင်းကိုအဲ့လောက်ထိ နာကျင်စေလိမ့်မယ်လို့မထင်ထားခဲ့ဘူး။ မင်းနောက်တယောက်ရှိနေတယ်တဲ့ စကားကို အရူးလိုယုံမိတဲ့ငါကမှားတာပါ "
" ငါတော်တော်ကိုတစ်ကိုယ်ကောင်းဆန်မိတာကိုသိပါတယ်။ ငါအခုလုပ်နိုင်တာက မင်းကိုတတွတ်တွတ်တောင်းပန်နေရုံဘဲရှိတယ်။ ငါတောင်းပန်ပါတယ်။ နောက်တခါအခွင့်အရေးသာရှိမယ်ဆို...ငါတို့အရင်ကလိုပြန်နေကြမယ်လေ။ နောက်တခါလောက်ပါဘဲ...... "
အသိစိတ်လွတ်ပြီးမေ့မျောနေတဲ့
Jieun ရဲ့လက်ကိုကိုင်ပြီး Jungkook မျက်ရည်တွေထိန်းမရအောင်စီးကျလာပါတော့တယ်...။ အမြဲတမ်း ကြည်လင်နေတဲ့သူမရဲ့မျက်နှာလေးက အခုတော့ ဖြူစွတ်နေတာပါ့လား...။ အမြဲတမ်း ပန်းရောင်ရင့်ရင့်သန်းနေတဲ့ သူမရဲ့နှုတ်ခမ်းတွေကလည်း...ခရမ်းရောင်ဘက်ကိုရောက်လုလု...။ မျက်တောင်ရှည်ရှည်တွေစင်းနေအောင် သတိမေ့မျောနေတဲ့သူမက အခုလိုအချိန်မှာတောင် အလှမပျက်ပါဘူး။" ငါမင်းကိုတကယ်ချစ်ခဲ့တာပါ Jieun..."
Jungkook ကိုင်ထားတဲ့ Jieun ရဲ့လက်လေးတွေ စတင်ပြီးလှုပ်လာတာကို Jungkook သတိထားမိလိုက်တယ်။ Jieun ရဲ့မျက်လုံးလေးလည်း တဖြည်းဖြည်းပွင့်လာတာကိုတွေ့လိုက်တယ်။ Taehyung နဲ့ဆရာဝန်တွေလည်း အပြေးအလွှားရောက်လာကြတယ်။
Jieun တခုတခုကိုပြောဖို့ကြိုးစားနေပုံဘဲ...။ သူမပြောချင်တဲ့စကားအဆုံးမှာ...သူမရဲ့ခန္ဓာကိုယ်ထဲက စီးဆင်းနေတဲ့သွေးတွေရပ်တန့်သွားသလို သူမရဲ့လက်ဟာလည်းအေးစက်သွားခဲ့ပြီ...။ Jungkook ရဲ့တောင်းပန်စကားကိုလည်းသူမ မကြားနိုင်တော့ဘူး...။ ဟုတ်ပါတယ်...သူမအိပ်ပျော်သွားခဲ့ပြီ...ဘယ်တော့မှမနိုးနိုင်တဲ့အိပ်စက်ခြင်းနဲ့...။ သူမ မရှိတော့ဘူး...။ Jungkook ဆီကပါမကဘူး...သူမလောကကြီးဆီကပါထွက်ခွာသွားပြီ...။ သူမရဲ့ အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကို ဆရာဝန်တွေက ရင်ခွဲရုံကိုရွေ့မယ်ပြောတဲ့ထိ Jungkook ကိုင်ထားတဲ့ သူမလက်ကိုမလွတ်နိုင်ခဲ့ဘူး။ Taehyung က Jungkook ကိုသူမဘေးက တွန်းမထုတ်ခင်ထိ သူမ ကြားနိုင်တော့မှာမဟုတ်တဲ့ တောင်းပန်စကားတွေကို Jungkook ပြောနေမိတယ်...။ သူမလောကကြီးကမထွက်သွားခင် မရှိမဲ့ရှိမဲ့အားလေးတွေစုပြီးပြောခဲ့တာက..." ငါလည်း နင့်ကိုချစ်ခဲ့ပါတယ် Jungkook "......။
သူမပြောသွားတယ် Jungkook ကိုချစ်ခဲ့တယ်တဲ့...။ သူမအချစ်ဆုံးလူသားဆီကနေ...သူမထွက်သွားမှာမဟုတ်ဘူး။ ထွက်သွားခွင့်လည်း မပေးနိုင်ဘူး...။
" တောင်းပန်ပါတယ် Jieun။
ငါလည်းမင်းကိုချစ်ခဲ့ပါတယ်... "--
သူမကြားနိုင်တော့မှာမဟုတ်ပေမယ့်...
သူကတော့ ဒီစကားတွေကို
ဆက်ဆက်ပြီးပြောနေအုံးမှာပါ...။
ဒါပေမယ့်...
နောက်ကျသွားပြီလေ။
............Final Episode............
YOU ARE READING
I AM SORRY [ BTS- Jungkook Version]
Fanfiction(Unicode + Zawgyi) ⛔ပြန်လည်ပြင်ဆင်ရေးသားနေပါတယ် Reader-nim တို့🤧🙏 Taking so long to say sorry will make u regret တောင်းပန်ပါတယ် ဆိုတဲ့စကားကိုပြောဖို့ အချိန်ယူလွန်းနေရင် မင်းရလာမှာကနောင်တတွေဘဲနော် 📝English to Myanmar translation Reading time will...