6

318 36 4
                                    

Cable ကား ဟာ ကြိုးနဲ့သွယ်တန်းထားတဲ့ လမ်းတစ်လျှောက် တစ်ရွေ့ရွေ့တက်နေတယ်။ တ‌ရောသောပါး တိုက်ခတ်နေတဲ့ လေတိုက်နှုန်းကြောင့် သူတို့ကိုကာရံထားတဲ့ မှန်တွေရဲ့ ပတ်ပတ်လည်မှာ နှင်းမှုန်တွေက ဝေ့ဝဲနေတယ်။

ဝမ်ရိပေါ်က ထုံးစံမပျက် ဂျာကင်အစိမ်းရောင်လေးနဲ့ပါပဲ။ ဒီကလေးက လဲဝတ်စရာ တစ်ခြားမရှိတော့ဘူးလားလို့ တွေးမိတယ်။

သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ တောင်ပေါ်က ပြန်ဆင်းလာကြတဲ့ Cable ကားတွေကိုတွေ့မြင်နိုင်တယ်။ တော်တော်များများဟာ အကာအရံမပါပဲ ခုံတန်းလိုက်ထိုင်စီးရတာမျိုးဖြစ်တယ်။

တစ်ကယ်တော့ သူက ဒီလို အကာအရံမပါတာမျိုးနဲ့ သွားချင်ပေမယ့် သူ့ကို အရမ်းဂရုတစိုက်ရှိလှတဲ့ ဝမ်ရိပေါ်က လက်မခံခဲ့ဘူး။ ပြီးခဲ့တဲတစ်ခေါက်ကလို သတိလစ်သွားရင် တောင်ပေါ်ကနေပြန်ဆင်းဖို့ခဲယဉ်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လေအေးတစ်ချက်မှ ဝင်လို့မရတဲ့ အလုံပိတ် မှန်ကာ Cable car ကိုသာ စီးခိုင်းတယ်။

ရှပ်အကျီ တစ်ထပ် ဆွယ်တာတစ်ထပ် ကုတ်တစ်ထပ် အပြင် မာဖလာကို နှစ်ပတ် သုံးပတ်ရစ်သိုင်းထားတဲ့သူက တစ်ကယ့်ကို အဝတ်ပုံကြီးလိုပါပဲ။

"တောင်ထိပ်ကိုရောက်တော့မယ် ကျန့်ကော အခုအပြင်မှာ အနှုတ် ၈ ဒီဂရီတောင်ရှိနေတာ၊ ဒါကို အိပ်ထဲထည့်ထား"

အနွေးအိတ်နှစ်ခုကို သူ့အဝတ်တွေကြားထဲထိုးထည့်နေတဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီး တစ်ခါတစ်လေ တွေးမိတယ် ဘယ်တုန်းကဒီလောက် ပွစိပွစိနဲ့ စကားများတတ်ရတာလဲ လို့။

ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၁ သောင်း ရှစ်ထောင်ကျော် မြင့်မားတဲ့ နှင်းတွေဖုံးလွှမ်းနေတဲ့ ရေခဲတောင်ကြီးက အခုသူ့မျက်စိရှေ့မှာ...

လှိုင်းတွေတဝုန်းဝုန်းရိုက်ခတ်ခံရတဲ့ ပင်လယ်ကမ်းခြေတွေနဲ့ မတူညီတဲ့ တောင်တန်းတွေရဲ့ အလှမှာ အနည်းငယ် အထီးကျန်ဆန်တဲ့ အငွေ့အသက်တွေရှိတယ်။

မြင့်မားတယ် ဝံ့ကြွားတယ် ပြီးတော့ ခန့်ညားတယ်။ လွယ်လွယ်လေးနဲ့ တက်ဖို့မလွယ်တာကြောင့် တောင်ထိပ်ဆိုတဲ့ နေရာဟာ ဇွဲ လုံ့လ ဝီရိယ ရှိတဲ့ သူတွေရဲ့ မှတ်ကျောက် စိုက်ထူရာတွေဖြစ်လာတယ်။

Dear DecemberWhere stories live. Discover now