Thank You

152 14 4
                                    

ကျေးဇူးတင်လွှာ...


အစအဆုံးအထိ လိုက်ပါပြီး ခံစားပေးကြတဲ့ တစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင်ပါတယ်။
Dear December ဟာ ကိုယ်အဆုံးအထိရေးဖို့စိတ်ကူးမရှိခဲ့ပဲ ရေးဖြစ်ခဲ့တဲ့ ဇတ်လမ်းတစ်ပုဒ်ပါ။ Viewer လည်းသိပ်မရှိတဲ့ ရက်တွေမှာဆိုရင် ဒီတိုင်းပဲ မရေးတော့ပဲ ပစ်ထားလိုက်ရင်ကောင်းမလားလို့တွေးမိသေးတာ အခါခါ။ ဒါပေမယ့်လည်း အပိုင်းဘယ်လောက်မှမရှိသေးပဲ ထူးထူးခြားခြား Update လာတောင်းတဲ့ စာဖတ်သူတစ်ယောက်ရှိလာတယ်။ ဇတ်လမ်းကအရမ်းကို ရိုးစင်းပြီး ပျင်းဖို့ကောင်းတာမို့ တော်ရုံလူတွေကျော်ဖတ်သွားကြတာ နားလည်ပါတယ်။ ဒါပေမယ့် ဒီလို ပျင်းစရာကောင်းတာတွေပဲ ရေးတတ်တာကတော့ ကိုယ့်ရဲ့အားနည်းချက်တစ်ခုပေါ့လေ။ တစ်ယောက်ပဲဖတ်ရင်တောင် ပျော်တဲ့စိတ်နဲ့ ဇတ်သိမ်းထိ‌ရေးချင်တာလဲ ကိုယ့်ရဲ့ ခေါင်းမာမှုပါပဲ။


Dear December မှာ ကိုယ်ထည့်ခဲ့တဲ့ Song 3 ပုဒ်ရှိတယ်။ ပထမဆုံးတစ်ပုဒ်ကDA ZHUANG ရဲ့ WO MEN BU YI YANG, ရိပေါ်ရဲ့သူငယ်ချင်းတွေနဲ့ မီးပုံပွဲမှာ ဆိုခဲ့တဲ့သီချင်းလေး။ ဒုတိယတစ်ပုဒ်က Sunset Song လို့ခေါ်တဲ့ ဂျပန်သီချင်းလေး, အရမ်းဝမ်းနည်းဖို့ကောင်းတယ်။ ရိပေါ်အဘိုးရဲ့ Fav Song သဘောမျိုးထည့်ထားတယ်။ နောက်ဆုံးတစ်ပုဒ်ကတော့ Hebe Tien ရဲ့ A Little Happiness ပါ။ သူကတော့ Our Times ဆိုတဲ့ ဇတ်ကားထဲက ဇတ်ဝင်သီချင်း အဓိပ္ပာယ်ကိုယ်စီရှိတာကြောင့် Song တစ်ပုဒ်ချင်းစီကိုနားထောင်စေချင်ပါတယ်။


နောက်တစ်ခုကတော့ ကိုယ်သိချင်တဲ့မေးခွန်းလေး‌ပါ။ ဒီ Fiction ထဲကို ကိုယ်တိုင်ရောက်သွားနိုင်ရင် ဘယ်အရာတွေကို ပြောင်းလဲပစ်ချင်လဲ။ ဘယ်သူတွေကို ကယ်တင်ချင်ပါသလဲ ဆိုတဲ့မေးခွန်းလေးတစ်ခု မေးချင်ပါတယ်။ ဖြေပေးရင် အရမ်းကိုပျော်မိမှာပါ။ နောက်ပြီး Dear December နဲ့ပတ်သတ်ပြီး သိချင်သေးတာတွေရှိရင်လည်း Comment မှာ အချိန်မရွေးလာရောက်မေးမြန်းလို့ရပါတယ်။


နိဂုံးချုပ်ပြောရရင်တော့ အစကနေ အဆုံးအထိ လိုက်ပါပေးကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးအရမ်းတင်ပါတယ်၊ ဒီဇင်ဘာကိုရောက်တိုင်း အမိမြေကိုပြန်လေ့ရှိတဲ့နေမကောင်းတဲ့လူတစ်ယောက် နဲ့ ခရီးသွားဟန်လွှဲ ဆုံဖြစ်တဲ့ သံယောဇဉ်တွေအကြောင်း သတိရပေးရင် ဖန်တီးရကျိုးနပ်ပါတယ်။


                                                                    Alice Wai


ေက်းဇူးတင္လႊာ...

အစအဆုံးအထိ လိုက္ပါၿပီး ခံစားေပးၾကတဲ့ တစ္ေယာက္ခ်င္းစီကိုေက်းဇူးအထူးတင္ပါတယ္။

Dear December ဟာ ကိုယ္အဆုံးအထိေရးဖို႔စိတ္ကူးမရွိခဲ့ပဲ ေရးျဖစ္ခဲ့တဲ့ ဇတ္လမ္းတစ္ပုဒ္ပါ။ Viewer လည္းသိပ္မရွိတဲ့ ရက္ေတြမွာဆိုရင္ ဒီတိုင္းပဲ မေရးေတာ့ပဲ ပစ္ထားလိုက္ရင္ေကာင္းမလားလို႔ေတြးမိေသးတာ အခါခါ။ ဒါေပမယ့္လည္း အပိုင္းဘယ္ေလာက္မွမရွိေသးပဲ ထူးထူးျခားျခား Update လာေတာင္းတဲ့ စာဖတ္သူတစ္ေယာက္ရွိလာတယ္။ ဇတ္လမ္းကအရမ္းကို ရိုးစင္းၿပီး ပ်င္းဖို႔ေကာင္းတာမို႔ ေတာ္႐ုံလူေတြေက်ာ္ဖတ္သြားၾကတာ နားလည္ပါတယ္။ ဒါေပမယ့္ ဒီလို ပ်င္းစရာေကာင္းတာေတြပဲ ေရးတတ္တာကေတာ့ ကိုယ့္ရဲ့အားနည္းခ်က္တစ္ခုေပါ့ေလ။ တစ္ေယာက္ပဲဖတ္ရင္ေတာင္ ေပ်ာ္တဲ့စိတ္နဲ႔ ဇတ္သိမ္းထိ‌ေရးခ်င္တာလဲ ကိုယ့္ရဲ့ ေခါင္းမာမႈပါပဲ။

Dear Deacember မွာ ကိုယ္ထည့္ခဲ့တဲ့ Song 3 ပုဒ္ရွိတယ္။

ပထမဆုံးတစ္ပုဒ္ကDA ZHUANG ရဲ့ WO MEN BU YI YANG, ရိေပၚရဲ့သူငယ္ခ်င္းေတြနဲ႔ မီးပုံပြဲမွာ ဆိုခဲ့တဲ့သီခ်င္းေလး။

ဒုတိယတစ္ပုဒ္က Sunset Song လို႔ေခၚတဲ့ ဂ်ပန္သီခ်င္းေလး, အရမ္းဝမ္းနည္းဖို႔ေကာင္းတယ္။ ရိေပၚအဘိုးရဲ့ Fav Song သေဘာမ်ိဳးထည့္ထားတယ္။

ေနာက္ဆုံးတစ္ပုဒ္ကေတာ့ Hebe Tien ရဲ့ A Little Happiness ပါ။ သူကေတာ့ Our Times ဆိုတဲ့ ဇတ္ကားထဲက ဇတ္ဝင္သီခ်င္း အဓိပၸာယ္ကိုယ္စီရွိတာေၾကာင့္ Song တစ္ပုဒ္ခ်င္းစီကိုနားေထာင္ေစခ်င္ပါတယ္။

ေနာက္တစ္ခုကေတာ့ ကိုယ္သိခ်င္တဲ့ေမးခြန္းေလး‌ပါ။ ဒီ Fiction ထဲကို ကိုယ္တိုင္ေရာက္သြားနိုင္ရင္ ဘယ္အရာေတြကို ေျပာင္းလဲပစ္ခ်င္လဲ။ ဘယ္သူေတြကို ကယ္တင္ခ်င္ပါသလဲ ဆိုတဲ့ေမးခြန္းေလးတစ္ခု ေမးခ်င္ပါတယ္။ ေျဖေပးရင္ အရမ္းကိုေပ်ာ္မိမွာပါ။ ေနာက္ၿပီး Dear December နဲ႔ပတ္သတ္ၿပီး သိခ်င္ေသးတာေတြရွိရင္လည္း Comment မွာ အခ်ိန္မေရြးလာေရာက္ေမးျမန္းလို႔ရပါတယ္။

နိဂုံးခ်ဳပ္ေျပာရရင္ေတာ့ အစကေန အဆုံးအထိ လိုက္ပါေပးၾကတဲ့ တစ္ေယာက္ခ်င္းစီကို ေက်းဇူးအရမ္းတင္ပါတယ္၊ ဒီဇင္ဘာကိုေရာက္တိုင္း အမိေျမကိုျပန္ေလ့ရွိတဲ့ေနမေကာင္းတဲ့လူတစ္ေယာက္ နဲ႔ ခရီးသြားဟန္လႊဲ ဆုံျဖစ္တဲ့ သံေယာဇဥ္ေတြအေၾကာင္း သတိရေပးရင္ ဖန္တီးရက်ိဳးနပ္ပါတယ္။

                                                             Alice Wai

Dear DecemberWhere stories live. Discover now