ပြိုင်ကား လေးသည် Bar ရှေ့သို့ထိုးရပ်လိုက်သည်...
"Hope ဘယ်မှာလဲ ဟိုကောင်..."
"ဂိုထောင်ထဲမှာ... လာ J..."
ဂိုထောင် တံခါးကို ဖွင့်လိုက်တော့ ထိုလူ ကို
ထိုင်ခုံ မှာကြိုးချည်ထားပြီး...မျက်နှာက
ထိုးကြိတ်ထားတော့ သွေးတွေနဲ့ ရစရာမရှိ..."ပြော...မင်းကိုဘယ်သူခိုင်းတာလဲ..."
" တကယ်မသိပါဘူး..."
"ဟက်...အသက်တွေအပိုပါနေလို့လား ငြင်းနေရအောင်...
ဒီတခါထက်မေး လို့မှ မပြောရင် မင်းသွားရမဲ့
လမ်းက တလမ်းထဲ ရှိတာနော်...ပြော"" တကယ်ဘာမှ မသိပါဘူး...
လူတယောက် ကပိုက်ဆံ ပေးမယ် လုပ်မလားဆိုလို့
ကျွန်တော်လည်း အိမ်က မိန်းမ နေမကောင်းတာနဲ့
ဆေးဖိုးလို လို့ လုပ်လိုက်ရတာပါ တကယ်မသိပါဘူး...""အင်း ဟုတ်ပြီလေ...Hope လွှတ်ပေးလိုက်တော့..."
"ဘာ...J..."
"Hope လွှတ်ပေးလိုက်တော့လို့..."
Jeon စိုက်ကြည့်ကာ ပြောလိုက်တော့...
Hope က အရိပ်အကဲ နားလည်စွာ...
ထိုလူကို လွှတ်ပေးလိုက်သည်....ထိုလူလဲ
တံခါးပေါက် နားရောက်ရော...."နေအုန်း...နောက်တခါ မင်းငါ့လက်ထဲ
ပြန်ရောက် လာရင် အသက်ကိုအာမ မခံဘူးနော်..."ထိုလူလဲ Jeon ပြောတဲ့ စကားအဆုံး Jeon ကို တချက်
ကြည့်ကာ ပြန်လှည့် ထွက်သွားသည်..."J ဘာလို့ လွှတ်ပေးလိုက်တာလဲ...."
"ဒီနေ့ စိတ်ကြည်နေလို့ တခါလောက် သနားပေးကြည့်တာ....
ဒါပေမဲ့...အဲ့ကောင် ထပ်ထိလာရင်တော့....ဟက်..""မထိရဲ လောက်ပါဘူး..."
"ပြောလို့မရဘူး...ထွက်သွားတဲ့ အချိန် အ့ကောင်
အကြည့်ကို ငါမကြိုက်ဘူး...ပြီးတော့ သူ့လည်ပင်းက
Tatoo ကိုတွေ့လိုက်လား...""အင်း မြင်လိုက်တယ်..."
"အွန်း အ့Tatoo က သူ့တို့အဖွဲ့ရဲ့...အမှတ်အသား
ဖြစ်နိုင် တယ်...ပြီးတော့ သူ့မှာ ဘာမိန်းမမှမရှိဘူး...""ဘာ...အဲ့တော့ ခုနက သူမိန်းမ ဆေးဖိုးလိုလို့ဆိုတာ...
လိမ်ပြောတာပေါ့...မင်းဘယ်လိုသိလဲ သူလိမ်ပြောမှန်း..."
![](https://img.wattpad.com/cover/298944255-288-k663826.jpg)