Ep-13(2)

1.8K 131 5
                                    

"မောင်..."

"မောင်..."

သွေးတွေနဲ့ မောင်သည် jimin ဘယ်လောက်ခေါ်ခေါ်...
ပြန်ထူးမလာသလို ခန္ဓာကိုယ် ကလည်းနဲနဲ မှပင် မလှုပ်တော့...

"မောင်...ဟင့်...မောင်..."

"Jimin...ဘာဖြစ်တာလဲ.....မျက်လုံးဖွင့်ပါအုန်း..."

အိပ်ယာ ပေါ်တွင် မျက်လုံးတွေမှိတ်လျက်....
မောင် လို့ခေါ်ခါ ငိုနေတဲ့...Jimin ကို...Jeon စိုးရိမ် စွာ
လှုပ်နိုးသော်လည်း မနိုးလာဘဲ....
မောင် လိုတာ တသွင်သွင် ခေါ်နေသည်...

နိုးမရတော့...Jeon လည်း Jimin ကိုအိပ်ယာပေါ်ကနေ
စွေ့ကနဲ ကောက်ချီလိုက်ပြီး...Jeon ကအိပ်ယာပေါ်
တက်ထိုင်လိုက်ကာ ပေါင်ပေါ်တင်လိုက်ပြီး ရင်ခွင်ထဲ
ထည့်ကာ ထွေးပွေ့ထားလိုက်သည်...

ရင်ခွင်ထဲ ထွေးပွေ့ထား လိုက်တော့ အဆိုးလေးက
ငိုထားလို့ ရှိုက်ပင် ရှိုက်နေသည်...ခနအကြာတော့
Jeon ခါး ကို လက်ကလေးတွေနဲ့ ရစ်သိုင်းလာသည်...

"သဲငယ် မောင်ရောက်ပြီမို့ အိမ်မက်ဆိုးတွေကနေ
နိုး လာတော့နော် ....မောင်ရောက်နေပြီလေ..."

ခေါင်းလုံးလုံး လေးကို ဖွဖွလေး နမ်းကာ  နိုးလိုက်တော့...
ရှိုက်လို့ တုန်နေတဲ့ ခန္ဓာကိုယ်လေး ....
ငြိမ်သွားကာ မျက်လုံး လေးတွေ ဖွင့်လာသည်...

"မောင်...ဟင့်...."

ငိုချင်ရဲ့ လက်တို့ ဆိုသလိုဘဲ Jimin က...
Jeon ကိုလဲ မြင်ရော ရင်ခွင်ထဲ ခေါင်းလေးတိုးကာ
ထက်ငို လာပြန်သည်......Jeon ခါးထက်က
လက်ကလေးတွေကလည်း ပိုပြီးတင်းကျပ်လာသည်....
တခုခုကို လွှတ်ထွက်မှာ ကြောက်နေသည့်အလား...

"မငိုပါနဲ့တော့...မောနေလိမ့်မယ်...မောင် ရောက်နေပြီလေ..."

"ဟင့်...ကို့ ကိုယ်...ကို့ ကိုယ် မောင်ထားခဲ့ပြီ ထင်နေတာ...
မောင် မောင်ကလေ...ဟင့် ကိုခေါ်နေတာကိုထမလာဘူး..ဟင့်..."

"ဟုတ်ပါပြီ မောင်မှားတာ...မောင်တောင်းပန်ပါတယ်နော်...
မငိုပါနဲ့တော့...မောင် ရင်ထဲ တဆစ်ဆစ်နဲ့ ...
မောင်ရင်တွေ နာလို့ပါ...မငိုပါနဲတော့နော်..."

Jimin မငိုဖို့ ဆိုရင်......
ထောင်သောင်း သိန်းသန်းကုဋေ....
တောင်းပန်ရလဲ...မောင် နဲနဲတောင် မုနေမှာမဟုတ်.....

🔥မောင့် မီးတောက်လေး🔥(Completed)Where stories live. Discover now