🍎Ep 6🍎z+u

17K 1.1K 27
                                    

Uni

အယောင်ဆောင်သတို့သမီး

(သို့မဟုတ်)

ဦးရဲ့ကြွေရုပ် (Boy Love)

Ep 6

နဂိုအတိုင်းပြင်ဆင်ခြယ်သလိုက်တော့ တည်တံ့လွှာဟာ ရွှေဘုံစံမင်းသမီးလေးဘဝသို့ပြန်လည်ရောက်ရှိသွားသည်။ သူ(မ)ဟာ လက်တလုံးဖဲသားဂါဝန်ပန်းရောင်လေးကိုဝတ်ကာ မှန်တင်ခုံတွင်ထိုင်လျှက် နုတ်ခမ်းနီအနီရောင်ကိုသူ(မ)၏နုတ်ခမ်းပေါ်တွင်အရောင်တင်ရင်း အလွန်လှပလွန်းသည့် သူ(မ)၏မျက်နှာကြောင့် စိတ်ကျေနပ်နေသည်။ ပြီးပြည့်စုံတဲ့အလှကိုပိုင်ထားရတဲ့ သူ(မ)လိုမိန်းကလေးကို ညဥ့်ဦးယံ ငြင်းနိုင်မည်မဟုတ်။

"ရှင့်ရဲ့မဟေသီအစစ်ဖြစ်တဲ့ ကျွန်မက ရှင့်အနားကိုရောက်လာတော့မယ်ညဥ့်ဦးယံ! ရှင့်ဘေးမှာရှိတဲ့လူဟာ ယောက်ျားတစ်ယောက်ဆိုတာကိုသာသိသွားရင် ကြွေရုပ်လွှာအပေါ်ရှင်ဘယ်လိုတုန့်ပြန်မလဲဆိုတာ သိချင်မိပါရဲ့ အဟင်း ဟင်း"

တည်တံ့လွှာသည် ရုပ်လေးနှင့်ပင်မလိုက်ဖက်စွာ ကောက်ကျစ်စဥ်းလဲသောအတွေးတွေဟာ သူ(မ)၏ဦးနှောက်ထဲတွင်ပြည့်နက်နေသည်။

မနက်တိုင်းသူနှင့်အတူအိပ်ရာထရမည်ဟုပြောထားတာကြောင့် ကြွေရုပ်မှာ အစောကြီးနိုးနေသော်လည်း အိပ်ယာမှမထရဲသေးပဲ တုတ်ခိုင်တဲ့လက်မောင်းသားတွေကြားထဲမှာ မလှုပ်မယှက်နေမိသည်။ ကြွေရုပ်က ဦးညဥ့်နှင့်မျက်နှာချင်းဆိုင်အနေထားဖြင့် ဦးညဥ့်၏ရင်ခွင်ထဲသို့ရောက်နေတာဖြစ်သည်။ ထို့အတူ ဖဲသားညဝတ်အင်္ကျီကိုကြယ်သီးအပြည့်မတပ်ပဲ ရင်ဘတ်ဟပြဲနှင့်မို့ ဦးညဥ့်၏တောင့်တင်းသောရင်အုပ်ကျယ်တွေသည် ကြွေရုပ်မျက်နှာနှင့်တစ်တန်းတည်းထိကပ်နေသည်။

နှစ်ခြိုက်စွာအိပ်ပျော်နေဆဲဖြစ်တဲ့ ဦးညဥ့်၏မျက်နှာချောချောကို ကြွေရုပ်တမေ့တမောငေးကြည့်မိသည်။ မျက်စိရှေိ့မှာမြင်နေရတဲ့ ယောက်ျားပီသသော မျက်နှာအစိတ်ပိုင်းတစ်ခုစီကို ကြွေရုပ်ဟာ သူ့ရဲ့လက်ညှိုးလေးဖြင့်အသာအယာထိတွေ့ကြည့်မိသည်။ ထူထဲသောမျက်ခုံးလေးမှတစ်ဆင့် ဖြောင့်စင်းသောနှာတံတလျှောက် အဆင့်ဆင့်ပွတ်ဆွဲနေမိရာမှ ပိရိသောနုတ်ခမ်းတစ်စုံတွင် ကြွေရုပ်ရဲ့လက်ညှိုးလေးရွေ့လျားမှု့ရပ်တန့်သွားသည်။

အယောင်ဆောင်သတို့သမီး(သို့မဟုတ်) ဦးရဲ့ကြွေရုပ် / အယောင်ဆောင်သတို့သ (Boy Love) Z+UWhere stories live. Discover now