🍎Ep 10🍎z+u

21.6K 1.2K 60
                                    

Uni

အယောင်ဆောင်သတို့သမီး

(သို့မဟုတ်)

ဦးရဲ့ကြွေရုပ် (Boy Love)

Ep 10

"အကိုလေး ဒီအပင်လေးတွေရဲ့ထိပ်ဖြားပိုင်းလေးတွေကို ကပ်​ကြေးလေးနဲ့ညှပ်ပြီးကိုယ်အလိုရှိရာကို ပုံဖော်လို့ရတယ်ဗျ။"

"တကယ်ပဲလား။ ဒါဖြင့်ရင် ကိုလှအောင်ကပဲ ကျွန်တော့်ကိုသင်ပြပေးပါဦးဗျာ"

"သိပ်ရတာပေါ့အကိုလေးရဲ့။ ကျွန်တော်တို့အလွယ်ကူဆုံးဖြစ်တဲ့စက်ဝိုင်းပုံစံပေါ်အောင်ညှပ်ကြည့်မယ်နော်။ ကပ်ကြေးရဲ့လက်ကိုင်းကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ဒါလေးကိုဒီလိုလေးအရင်ညှပ်ရတယ်။"

"ချပ် ချပ် ချပ်"(သစ်ရွက်ကိုကပ်ကြေးနဲ့ဖြတ်တဲ့အသံပါနော်။)

"အိုးး တကယ်ပဲပုံပေါ်လာတာပဲ။ ကိုလှအောင်ကသိပ်တော်တာပဲ။"

"အကိုလေးကတော့မြှောက်ပြီဗျား။"

"မြေှာက်တာမဟုတ်ရပါဘူးကိုလှအောင်ရယ်။ တကယ်တော်လို့တော်တယ်လို့ပြောတာပါ။"

ညဥ့်ဦးယံသည် ခြံဝန်းထဲသို့ကားဝင်ပြီးကားဂိုထောင်ထဲတွင်ကားကိုရပ်လိုက်သည်။  ကားပေါ်ကဆင်းလိုက်သည်နှင့် ခြံထဲကအလုပ်သမားတစ်ယောက်နှင့်စကားပြောရင်းပြုံးရယ်နေတဲ့ကြွေရုပ်လွှာကိုတွေ့လိုက်ရတော့ ညဥ့်ဦးယံ၏စိတ်ထဲတွင်အလိုမကျမှု့​ြဖစ်ပေါ်လာသည်။

"ဘာတွေသဘောကျစရာရှိနေလို့ ကားဝင်လာတာတောင်မသိရတာလဲကြွေရုပ်လွှာ!"

ကိုလှအောင်နှင့်အတူအပင်တွေကိုကပ်ကြေးဖြင့်ညှပ်ကာပုံဖော်နေစဥ် နောက်ပါးဆီမှထွက်လာသော ဩရှရှအသံကြောင့် ကြွေရုပ်ရော ကိုလှအောင်ပါ အနောက်လှည့်ကြည့်မိသည်။ ကိုလှအောင်ကတော့ ညဥ့်ဦးယံကိုမြင်သည်နှင့်ဦးညွှတ်ကာအရိုအသေပြုလေ၏။

"ပြန်လာပြီလားboss"

"ပြန်ရောက်လို့ပဲမင်းမြင်နေရတာမလား!။ ပြောစမ်းပါဦး ဒီသစ်ပင်ပုံဖော်တာမှာ ဘာတွေရယ်စရာပါနေလို့ မင်းကပြုံးရွှင်နေရတာလဲကြွေရုပ်လွှာ!။ လှအောင်နဲ့အလုပ်လုပ်ရတာသိပ်ပျော်စရာကောင်းနေလို့လား။"

အယောင်ဆောင်သတို့သမီး(သို့မဟုတ်) ဦးရဲ့ကြွေရုပ် / အယောင်ဆောင်သတို့သ (Boy Love) Z+UWhere stories live. Discover now