1982ခုနှစ်၊လော့ရန်မြို့။
"သားရေ ပွဲချိန်ကနီးနေပြီ အပြင်ကိုထွက်ခဲ့တော့လေကွယ်"
ရွှမ်ကျီးက costume dressအစိမ်းရောင် ကိုယ်ကျပ်
ကို ခန္ဓာကိုယ်ပေါ်၌ အချိုးကျစွာဝတ်ဆင်ထားပြီး ဆံပင်
ပုံစံကတော့ နောက်တွဲဆံထုံးနှင့်။သူမက လက်ကိုင်အိတ်ထဲက braceletငါးကွင်းကို ထုတ်ယူပြီးဘယ်ဘက်လက်ကောက်ဝတ်မှာ ဝတ်ဆင်နေ
သည်။တံခါးဖွင့်သံနဲ့အတူ ဝမ်ရိပေါ်လေးက အခန်းထဲကထွက်လာပြီး ရွှမ်ကျီးရှေ့မှာ ဆူပုတ်ပုတ်မျက်နှာနဲ့ ရပ်နေတယ်။
"မားမားကိုယ်တိုင် သေချာပြင်ဆင်ပေးထားခဲ့တာတောင်
ဘာတွေလုပ်နေလို့ အဲ့ဒီလောက် ကြာနေရတာလဲ"ရွှမ်ကျီးက သူမဆံပင်ပုံစံ မပျက်စေရန် လက်နဲ့သပ်ချနေရင်းမှ ရိပေါ်ကို ဆူပူသလိုလေး ပြောတယ်။
"သားမှ မလိုက်ချင်တာကို"
"မင်း ပါးပါးက မင်းမလိုက်လို့မရဘူးလို့ အမိန့်ထုတ်ထား
တယ် မဟုတ်လား""အဲ့..ပါးပါးကလည်း ဘာမှန်းလည်းမသိဘူး"
"အမလေး..ဘာမှန်းမသိတာတွေ သိတာတွေ နောက်ထား။
ခု မင်း ပါးပါးက ဧည့်ခန်းထဲမှာ စောင့်နေတယ်။တော်ကြာ
ကြာနေလို့ တို့တွေကို ဆူနေဦးမယ်"ရွှမ်ကျီးက ရိပေါ်ရဲ့လက် ဆွဲပြီး အောက်ထပ်သို့ ဆင်းရန်
ဟန်ပြင်တယ်။