"မဒမ်ရဲ့သားအိမ်က ခုလောလောဆယ်အချိန်မှာတော့
ကိုယ်ဝန်ဆောင်ဖို့ အဆင်မပြေနိုင်လောက်သေးဘူး"ဆိုသည့်
ဆရာဝန်ရဲ့စကားကို ပြန်လည်ကြားယောင်မိတော့ ရွှမ်ကျီး
ရင်ထဲတဆစ်ဆစ်။ရှေ့ကစားပွဲပေါ်မှာရှိနေသည့် အရက်ပုလင်းမှအဖုံးကို ဆွဲဖွင့်
လိုက်ပြီး ဖန်ခွက်လေးထဲသို့ အရက်တွေ လောင်းထည့်ကာ
တစ်ကျိုက်တည်းမော့ချလိုက်တော့လည်ချောင်းတစ်လျှောက် ပူရှရှနဲ့။"သားအိမ်က ထိခိုက်ဖူးထားတဲ့အတွက် ကိုယ်ဝန်ပြန်ဆောင်
နိုင်ဖို့ အချိန်တော်တော်ကြာ ယူရလိမ့်မယ်ဗျ"နားထဲမှာ တဝဲလည်လည်နဲ့ပြန်ကြားနေရတဲ့ ဆရာဝန်ရဲ့စကား
သံတွေ။ငယ်ရွယ်စဥ်က ရူးမိုက်ဖူးတဲ့အပြစ်ဒဏ်အတွက် ကလေးလေးက ပြန်လည် ဒဏ်ခတ်လိုက်ပြီထင်ရဲ့။မိဘတွေ
ရဲ့ဖိအားကြောင့် ကိုယ်ဝန်ကို ဖျက်ချလိုက်ရတယ်ဆိုပေမဲ့ သူမကိုယ်တိုင်လည်း စိတ်ပါ၊လက်ပါနဲ့ဖျက်ချခဲ့တာ။ဘာဖြစ်
လို့လဲဆိုရင် ရှောင်းကျန့်ဆိုတဲ့ ချောမောလှတဲ့လူကို သူမမြင်
မြင်ချင်း မေတ္တာသက်ဝင်သွားမိလို့။ပုလင်းထဲမှ အရက်တွေအား ဖန်ခွက်ထဲသို့ ငဲ့ထည့်ပြီး တစ်ခွက်၊ပြီး တစ်ခွက် မော့သောက်နေမိတာ ခုတစ်ခွက်နဲ့ဆို ဘယ်နှစ်ခွက်မြောက်ရှိနေပြီမှန်းတောင် ရွှမ်ကျီး မသိတော့ပါ။
သူမ သိတာက ခေါင်းတွေချာချာလည်အောင် မူးနောက်နေပြီ
ဆိုတာကိုပဲ။"အား..မားမားကို အပြစ်ဒဏ်ခတ်လိုက်တာ ကလေးရယ်။
ရက်စက်ခဲ့မိတဲ့အတွက် မားမား တကယ်တောင်းပန်ပါတယ်။
sob*"အရက်မသောက်ဖူးတဲ့ သူမက ခုတော့ အတော်လေးကို ရေချိန်ကိုက်နေလေပြီ။မူးမူးရူးရူးနဲ့ပါးစပ်ကလည်း ရောက်
တတ်ရာရာတွေ လျှောက်ပြောနေသေး၏။တအီအီငိုလိုက်၊ပါးစပ်ကလည်း "တောင်းပန်ပါတယ်"လို့
တဖွဖွရေရွတ်လိုက်လုပ်နေတဲ့ ရွှမ်ကျီးကို တစ်ခြားဝိုင်းမှ
လူတွေက မသိမသာ အကဲခတ်ကြည့်နေကြသည်။"ဟေ့...မင်းဒီမှာ ခုလိုပုံစံနဲ့ထိုင်နေတာ အရမ်းအန္တရာယ်များ
တယ်ဆိုတာ နားမလည်ဘူးလား"