ep-20🌟

234 26 8
                                    

[Unicode]လွင့်နေတဲ့စိတ်တွေကိုစုစည်းပြီး...
မျှော်နေတဲ့နေ့ရက်လေးရောက်လာလေပြီ...
သေချာပေါက်ဂျီမင်လို့ခေါ်လိုက်တာနဲ့...
လှည့်ကြည့်လာမဲ့မျက်ဝန်းအစုံ...
လွမ်းနေမိပါတယ်...
အလွမ်းတွေကိုချေဖျက်ပေးနိုင်တဲ့...
တစ်ဦးတည်းသောကောင်လေးက...
ဒီအချိန်သူ့ကိုစောင့်မျှော်နေမှာလား...
ကစုန်ပေါက်နေတဲ့နှလုံးခုန်သံကိုလျစ်လျူရှုကာ...
ပြေးနေတဲ့စိတ်အစုံ...
အတွေးတွေဟာဒီရပ်ဝန်းမှာဘဲသံသရာလည်နေတာမို့...
မင်းကဘဲသံသရာစက်ဝန်းထဲကိုအဖန်ဖန်ဝင်လာခဲ့ပေးပါ...
ထပ်ခါထပ်ခါလည်နေတဲ့အတွေးသံသရာထဲမှာ...
မင်းနဲ့ငါ...
ငါမညဉ်းငွေ့ဘူး...။


"ကိုကိုရေ"
ကြားရပါပြီ...အသံဆာဆာလေးနဲ့...
အိမ်ပေါက်ဝတည်းကလှမ်းအော်နေတာ...
ဂျောင်ကုလည်းအခန်းထဲကထွက်လာပြီး...
လှေကားပေါ်ကဆင်းလာတော့အောက်မှာ...အဲ့ကောင်မလေး...
အပေါ်ကနေသူ့အသံကြားအောင်ဘယ်လိုများအော်နိုင်တာပါလိမ့်...

"ကိုကိုကလည်း...ဒီနေ့စာမေးပွဲနောက်ဆုံးနော်နောက်ကျ
လိမ့်မယ်"
"နောက်မကျပါဘူး...သွားမယ်လေ"
"အော်...ကိုကိုကအကုန်ပြင်ဆင်ပြီးထွက်လာတာပဲ...
ကဲသွားမယ်သွားမယ်"
"အခုမှမြင်တာလား...ခုမှအိပ်ယာထလာတဲ့ပုံပေါက်နေလို့လား"
"မဟုတ်ပါဘူးကိုကိုရယ်...လာပါသွားရအောင်ဆိုပြီး"
လက်ကိုဆွဲခေါ်သွားလေသည်...

ခုသူစာမေးပွဲသွားဖြေရတော့မည်...
စာမေးပွဲဖြေပြီးချက်ချင်းသူ့မြို့လေးကိုပြန်မည်...
မှန်ကြောင်လေးနဲ့ဂျီမင်ကိုလည်းတွေ့ချင်လှပြီ...
တွေ့လို့ကတော့အားရပါးရကိုဖက်ထားအုံးမည်...
ဂျီမင်အရပ်ရှည်လာပြီးလားမသိဘူး...
ရှည်လည်းငါ့တော့မမှီလောက်သေးပါဘူး...
သေချာတာကတော့အရင်ကလိုမှန်ကြောင်လေးဖြစ်နေအုံးမှာပင်...
ဘာလို့လည်းဆိုတော့...ပါဝါကလျော့လို့မှမရတာ...
အရင်ကလိုမျက်မှန်ကြီးပင့်ပင့်ပြီးစကားကြီးစကားကျယ်တွေပြောတာကိုသူနားထောင်ချင်လှပြီ...
အရင်ဆုံး...
စက်ဘီးဘီးပေါက်ချင်ဟန်ဆောင်ပြီး...
စက်ဘီးတစ်စီးတည်းအတူတူစီးပြီး...
စမ်းချောင်းလေးကိုသွားမယ်...
ရေတွေဆော့မယ်...
ပြီးရင်...ကြာကန်ဘက်ကိုကူးပြီး...
ကြာပန်းတွေလှကြောင်းစကားဖောင်ဖွဲ့ကြမယ်...
ပြီးတော့...
ကျောက်ခဲသေးသေးလေးတွေကိုအသံမြည်အောင်
စက်ဘီးနဲ့တက်ကြိတ်ပြီး...
လမ်းကျဥ်းကျဥ်းလေးတွေကိုဖြတ်မယ်...
mapleပင်ကြီးဆီကိုဆက်ပြီးစက်ဘီးလေးနဲ့ခြေဆန့်မယ်...
mapleပင်ကြီးအောက်မှာထိုင်ပြီးဘယ်လောက်သတိရနေကြောင်းစကားတွေအများကြီးပြောမယ်...
ဂျီမင်ပြောတာတွေကိုလည်းအများကြီးနားထောင်ပေးမယ်...
ဆယ်တန်းပြီးတဲ့အချိန်တုန်းကဘာကြောင့်မလာဖြစ်တဲ့အကြောင်းကိုလည်းသေချာရှင်းပြမယ်...
ဖုန်းမဆက်တဲ့အတွက်လည်းကောင်းကောင်းစိတ်ဆိုးပြပြီး...အချော့ခံရမယ်...
ဖုန်းမဆက်တာလည်းအကြောင်းတစ်ခုခုရှိလို့နေမှာပါ...
သူကျွန်တော့်ကိုမေ့သွားတာတော့မဖြစ်နိုင်...
အတွေးတွေလွန်ပြီးသူငါ့ကိုမေ့သွားတာလားလို့တွေးနိုင်ပေမဲ့
နှလုံးသားကတော့သူမမေ့နိုင်မှန်းကောင်းကောင်းကြီးသိပါသည်...
အဖြူထည်နှစ်လွှာကိုတမ်းတနေသူဟာ
အခြားအဖြူထည်တွေကိုသတိမထားမိခဲ့ဘူး...
ဟင့်အင်း...
သူမေ့နေခဲ့တာ...

ကြယ်တွေမစုံတော့ရင်Where stories live. Discover now