Don't Touch My Baby✖️(part 6)

5.9K 259 4
                                    

အသစ်အိပ်ရာမှနိုးတော့ ဟိုလူကြီးရင်ခွင်ထဲ တင်းကြပ်စွာ ဖတ်ထားခြင်းခံထားရလေသည် ။
ငါက ဘာလို့ ဖက်ထားခံရမှာလဲ နေရာမှားနေသလားလို့ဟ။ အသစ်ရုန်းလိုက်တော့

" ဟင် Babyလေး အစောကြီးနိုးနေတာလား ဟင် အိပ်ရေးဝရဲ့လားကွာ ပြန်အိပ်ပါအုံးလား "

ထွက်ပေါ်လာတဲ့သြရှရှအသံကြောင့်လူက ငြိမ်သွားရသည် ။ မနက်အစော ဒီလူကြီးငါ့ကိုမြူဆွယ်နေတာလား ။မရဘူးနော် ငါလေးက လုံးဝ အဖြောင့်ဟ ။ရင်တုန်လိုက်တာ မနက်အစောကြီး ဗိုက်ဆာလို့နေမယ် ဟုတ်တယ်
အသစ် ထပ်ပြီးရုန်းတော့

" မအိပ်တော့ဘူးလား Baby "

"မအိပ်တော့ဘူး အသစ်ဗိုက်ဆာတယ်လူကြီး"

What ?ငါလူကြီးလို့ခေါ်လိုက်မိတာလား ဟိုလူကြီး ဟိုလူကြီးလို့ပြောရင်း ပါးစပ်ကထွက်သွားပြန်ပြီ ကျစ်

..

Dလည်း ပြုံး၍ကြည့်နေမိသည် Babyက ကိုယ့်ကို အရင်လို မစိမ်းတော့ဘူးပဲ " လူကြီး "လို့ခေါ်လိုက်တာမလား အခုလည်းကြည့် တစ်ယောက်ထဲ ဆူပုတ်သွားပြန်ပါသော Babyရယ်လေ ထိုင်ကြည့်နေချင်ပေမဲ့ မဖြစ်သေးပါဘူး
သူ့ကလေးလေးဗိုက်ဆာနေရော့မယ်

"Baby မအိပ်တော့ဘူးဆိုရင်လဲ ထလေ ဗိုက်ဆာနေပြီဆို "

" ဟမ် ဟုတ်တယ် ခင်ဗျားလွှတ်လေ "

"Baby ကိုယ့်ကို ကိုကိုလို့မခေါ်ရင်တောင် ခုနကခေါ်သလို လူကြီးလို့ပဲခေါ်ပါနော် Babyနှုတ်ဖျားကတစိမ်းဆန်တဲ့စကားတွေကြားရရင်ကိုယ်နာကျင်လို့ပါ "

ပြောပြီ မျက်နှာညိုးသွားတဲ့ လူကြီးကြောင့်
ဟုတ်ပြီလေ အသစ်က သဘောကောင်းတော့ ခေါ်ပေးလိုက်ပါ့မယ် ဘယ်လိုဖြစ်မှန်းသာမသိတာ အဲ့လူကြီး Babyလို့ခေါ်လိုက်တာနဲ့ နှလုံးခုန်တွေမြန်ချင်လာသလိုကြီး ဆေးသောက်မှပါလေ

"လူကြီး အသစ်ဗိုက်ဆာနေပြီနော် "

Dတကယ်ပျော်ပါသည် Babyက သူ့ခံစားချက်ကို စဉ်းစားပေးသားပဲ မခေါ်လောက်ဘူးထင်ခဲ့ပေမဲ့ပေါ့

" ဟုတ်ပြီ လာ ကိုယ်မျက်နှာသစ်ပေးမယ် ပြီးရင် မနက်စာသွားစားကြမယ် "

Don't Touch My Baby✖️(complete)Where stories live. Discover now