Don't Touch My Baby✖️(part 10)

5.3K 231 5
                                    


မြန်မာပြည်သို့ ပြန်ရောက်တာနဲ့ အလုပ်မသွားပဲ အိမ်မှာပဲနားနေလိုက်သည်။
ကြားထားရတဲ့ သတင်းကတော့ ပျော်စရာပဲ ဟင်း ဒီမိန်းခွန်း ဒီမိန့်ခွန်း နောက်ဆုံးတော့ မင်းမှာလည်းအားနည်းချက်ရှိလာပြီပေါ့လေ ။
ငါကြားဖူးတာတော့ လူတိုင်းကအချစ်နဲ့တွေ့ရင် အားနည်းတတ်ကြတယ်တဲ့ မင်းကရော လူထဲကလူပဲလေ ဟုတ်တယ်မလား ။ မင်းကိုထိလို့မရရင် မင်းအားနည်းချက်ကိုထိရတာပေါ့ကွာ ။

....

" လူကြီး "

" ဗျာ "

ဒီလူရီးကတော့ အသဲယားအောင် လာထူးနေပြန်ပါပြီကော ။

"ပြောလေ Baby lay"

"ဒီနေ့အပြင်လိုက်ပို့ပါလား ပျင်းနေအြီအိမ်မှာ "

"aww ဟော် ကိုယ့်အသက်လေးက တစ်ယောက်ထဲ ပျင်းနေတယ်ပေါ့ "

" omm"

"ညနေကျ ပါတီပွဲ တက်ဖို့ဖိတ်ထားတယ် ကိုယ်ကမသွားဘူးနေတာ Babyလေးက ပျင်းနေတော့ သွားကြမလား "

"တကယ်လား သွားမယ်လေ အဟိ"

" တကယ်ပေါ့ဗျာ လိမ်စရာလား "

"ဒါနဲ့ လူကြီး ကုမ္မဏီကို ဘာလို့ ပုံမှန်မသွားတာလဲ "

"ပျင်းလို့ "

"ဟမ် CEOကစ ပျင်းလို့ရမလား "

"စာရင်းတွေလုပ်ရတာ ပျင်းစရာကြီးပါ Babyရာ ပြီးတော့ ယုံကြည်ရတဲ့လူနဲ့လွှဲထားတာ မပူရပါဘူး"

"ဟုတ်ပါပြီ ထားပါတော့ "

" Baby အဝတ်စားလဲတော့လေ ၄နာရီ ထိုးပြီ အစောသွားပြီ စောစောပြန်ကြတာပေါ့ "

" omm ခနစောင့် လူကြီးကရော လဲ မှာမလား လာလေ "

" omm လာပြီ ရား"

" အမေ့"

လူကရုတ်တရက်လေထဲ မြောက်သွားရတာမို့ လန့်သွားရသည် ။အဲ့ လူကြီးဟာလေ မပြောမဆိုနဲ့ ။

" လန့်လိုက်တာဗျာ ဘယ်လိုတွေလုပ်မှန်းမသိဘူး "

"ဟောဗျာ ဘယ်လိုလုပ်မှန်းမသိဘူးလား "

"ဟုတ်တယ်လေ လူကိုလန့်သွားတာပဲ "

"ဟုတ်ပြီလေ ဘယ်လိုလုပ်လဲ ညကျမှပြမယ် okလား"

Don't Touch My Baby✖️(complete)Where stories live. Discover now