Part 1

550 31 2
                                    

'ခွက်....ခွက်...'
(လက်သီးဖြင်ထိုးသံ)

"အား....နာတယ်လို့"

"ဘာ...."
'ခွက်'

"ဖြည်းဖြည်းထိုးပါဗျာ..
ခင်ဗျားရဲ့ရုပ်ကရုပ်ဆိုးတိုင်း
ကျွန်တော့မျက်နှာလှလှလေးကို
ရုပ်ဆိုးအောင်လုပ်နေတာ....နာနေပြီဗျ"

"အဲ့တာဆို..ပေးလေ
သောက်ဆံ..
အသားအနာမခံချင်ရင်အစကတည်းပေးလေ
ငါတောင်လက်နာတယ်မင်းရဲ့တန်ဖိုးမရှိတဲ့မျက်နှာကိုထိုးနေရတာ"

"ခင်ဗျားကိုပြောပြီးပြီလေ...
ခုသောက်ဆံမရှိလို့ကျွန်တော်တောင်စားဖို့မရှိပါဘူးဆို...
နောက်ငါးရက်နေမှလာတောင်းလို့ပြောနေတယ်လေ"

"မင်းအမြဲအဲ့လိုဘဲပြောနေတာလေ..KimTeaHyung..
မင်းဆီမှာပိုက်ဆံတောင်းရတာသူတောင်းစားခွက်နှိုက်ရသလိုဘဲ"

"အဲ့တာဆိုလည်းလာမတောင်းနဲ့လေ..."

"ဘာကွ..ငါ့ပိုက်ဆံသာဆိုလာမတောင်းဘူးမင်းလိုကောင်ကိုချေးလည်းမချေးဘူး
ခုကဆရာကြီးပိုက်ဆံ
မင်းပြန်မပေးရင်ရော်ရမှာကမင်းအသက်..
နားလည်လား"

"သိပြီ..သိပြီ..
ခုကျုပ်အိမ်ထဲပြန်တော့
နောက်ငါးရက်နေမှပြန်လာခဲ့
အဲ့ကြမှကျွန့်တော့်အသက်ယူယူ
ကျွန့်တော့်ရဲ့ဟိုဟာယူယူ
ပေးမယ်...ဟုပြီလား.."

"အေးပြီးရော..
မပေးရင်တော့...ဟက်..ဟက်..
မင်းငါတို့အကြောင်းကောင်းကောင်းသိစေရမယ်...လာသွားမယ်..သားကြီးတို့.."

"ခနလေး...အဘိုးတို့"

"ဘာလဲ..ကွ"

"ဆေးလိပ်လေးတစ်လိပ်လောက်
စွန့်ကျဲခဲ့ပါလို့...ဟီး.ဟီး"

"ငရှုပ်လေး...
ပေးလိုက်အဲ့ကောင်ကို"

ဆေးလိပ်ပေးပြီးထွက်သွားတဲ့လူမိုက်တွေကိုကြည့်ပြီးသက်ပြင်းချမိတယ်
လက်ထဲကပေးခဲ့တယ်ဆေးလိပ်ကို
မီးခြစ်စံနဲ့မီးညှိပြီး တစ်ဖွာဖွာလိုက်သည်။
ဆေးလိပ်ရဲ့အရသာကိုခံပြီးမျက်စိနှစ်ဖက်မှိတ်လိုက်ကာ..ဆိုဖာပေါ်ခေါင်းလှန်ချလိုက်သည်။

"အကြွေးတွေ...အကြွေးတွေ
ငါဒီသက်ဆပ်လို့ကုန်ပါ့မလား...
ဟား..ဟား..ဟား...ငါနဲ့ပိုက်ဆံလက်ထက်ပြီးမှအကြွေးရှင်ကိုခေါ်ပြီး..သောက်ခွက်ကိုပိုက်ဆံနဲ့.. ဘယ်ပြန်..ညာပြန်ရိုက်ပြမယ်"

ဂျလေဘီရဲ့မဟေသီ(Taejin)Where stories live. Discover now