"ကင်မ် သား တော် မင်း ဘာလိုချင်နေတာလဲ
ခမည်း တော် ဂုဏ် သိက္ခာ ကို မငှဲ့ ဘူး ပြောစမ်း...မင်းဘာဖြစ်ချင်နေတာလဲ ကင်မ်ထယ်ယောင်း!!!"'omg အခု အဖေ့ရဲ့မျက်နှာ က ခြင်္သေ့တစ်ကောင်လို မာန်စွယ်နေပုံမျိုး မှန်း...အဖေ့ ကို ငါဘာအပြစ်လုပ်မိပါလိမ့် ငါစားသောက်ပြီး ကတည်း က အခန်းထဲ မှာ နေတာပါ ငါသူ့ကိုရိုင်းရိုင်း ဆိုင်း ဆိုင်းလဲ မပြောခဲ့ပါဘူး '
"ခမည်း တော် ကျွန်တော် နားမည်ဘူး.
ဘာတွေ ပြောနေတာလဲ "ပြောလိုက်ကာမှ ပိုဆိုးသွားပြီး အဖေ့မျက်နှာ ဟာ မျက်လုံးတွေနီရဲ လာတော့သည်
"ငါတို့ လို မင်းမျိုးမင်းနွယ်တွေ က အပြောဆို ပြေပြစ်ရတယ် ထိန်းသိမ်းရတယ် ဂုဏ်သိက္ခာ နဲ့ လိုက်ရောညီ ထွေ မှု ရှိအောင်ပြောဆို ဆက်ဆံတက်ရတယ် နန်းတွင်းမှာ မျက်စိတွေ အများကြီး ရှိတယ် မင်း လုပ်တဲ့ လုပ်ရပ်က ဘယ်လောက်ထိ ဆုတ်ယုတ်လဲ မင်းသေ ချာသုံးသပ် ကင်မ်
ခမည်းတော် ပြန်ကြွ အုံးမယ် "မျက်လုံး ထဲ ကို စူးရှတဲ့ အကြည့်တွေ နဲ့ပြောသွားတဲ့ အဖေ့စကား ဟာ.သွေးကြောအတွင်းထိ ရောက်သွားတာကြောင့် မသိစိတ်က သိမ်ငယ်သွားရသည်..၀ဲတက်လာတဲ့ မျက်ရည် များ အား မျက်တောင်ပုတ်ခတ်ခြင်းဖြင့် ပြေပျောက်စေလိုက်သည်
" မင်းသားလေး..မင်းသားခမည်းတော်ကအခုထိ မင်းသားလေး ကို စောက်ရှောက်လာတဲ့ ကျွန်တော့် ကို ခေါင်းမဖြတ်သွားတာဘဲ ကျွန်တော်ကျေးဇူးတင်နေမိတယ်"
"ဟမ်...ဘာလို့ ခင်ဗျား ကို ခေါင်းဖြတ်ရမှာလဲ အဓိပ္ပာယ်မရှိတာတွေ.. "
"ကျွန်တော်မျိုးက မင်းသားလေး လူမှန်းသူမှန်း သိတက်စကတည်းက မင်းသား ကို ခစားလာရ တာလေ မင်းသားလေး ဆိုး သမှု ကောင်းသမှု အကုန် ကျွန်တော်မျိုးနဲ့ သက်ဆိုင်မှု ရှိတာပေါ့ "
"အော် ဟုတ်လား ဒါဆို ကျွန်တော် တောင်းပန်ပါ့တယ် အဲ့ လို ဖြစ်ဖို့မရည်ရွယ်ပါဘူး"
"ကျွန်တော်ကမင်းသားလေး ကိုငယ်ငယ်ထဲ က ကြည့်ရူခစား လာတာဆိုတော့ မင်းသား ရဲ့ အတွင်းစိတ်ထိ ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုက အစ ကျွန်တော်မျိုးနားလည်တယ် နောက်ပြီး အခုအမှန်တရား တစ်ခု ပြောချင်တာက မင်းသားလေး ရဲ့အခု အပြုအမှုအနေအထိုင်က အရင်ကမင်းသားရဲ့ စိတ်ဝိဥာဉ်မဟုတ်ဘူး အခြား တစ်ယောက်ဆိုတာလဲ ကျွန်တော် သိနေတယ်"
YOU ARE READING
ဂလြဘေီရဲ့မဟသေီ(Taejin)
Romanceနည်းနည်းလေးဘဲကြောင်တာပါ မင်းတစ်ယောက်တည်းကိုဘဲချစ်တာ...