Chapter-1

256 11 2
                                    

Unicode

ချစ်ရသူ၏အမုန်းကားဤကမ္ဘာပေါ်ဝယ်အနာကျင်ရဆုံးဖြစ်ရသည့်တိုင်သူသည်အနှီခံစားချက်လေးကိုပင်မစွန့်ပစ်နိုင်ခဲ့

နှစ်သက်မြတ်နိုးပါသည့်အကြင်သူသာ
သူ့နှလုံးသွေးကိုလိုအပ်ပါသတဲ့ဆို....

သူသည်သေဆုံးသွားချင်ပါ၏
ချစ်ရသူကားအမုန်းများပေးသည့်တိုင်
ချစ်ရသူအားချစ်သွားရင်းလျှင့်ပင်။

***********************************************
ကောင်းကင်ထက်တွင်လျှပ်စီးလျှပ်နွယ်တို့
ယှက်သန်းနေပုံမှာကြောက်ခမန်းလိလိ

လက်နက်တိုက်အတွင်းရှိနတ်လက်နတ်များ
အလိုလိုလှုပ်ခါနေပုံကား
ချက်ချင်းတိုက်ပွဲဝင်ကာမြောက်မြားစွာသော
အသက်များအားဇီဝိန်ချွေတော့မည့်ပမာ

ထို့အပြင်နဂါး
ဂဠုန်...တို့ဟစ်အော်သံမှာလည်း
မိုးခြိမ်းသံနဲ့အမျှကျယ်လောင်စွာဟိန်းလို့

တစ်ဖက်တွင်လည်း
နှစ်တစ်ထောင်အဖူးအငုံတည်နေသော
ဆယ်မိုင်ပတ်လည်ရှိမက်မွန်ပန်းတို့ပွင့်လန်း
လာချိန်မှာလည်းတပြိုင်နက်

အထက်တစ်လွှားတွင်မရသူမရှိလောက်အောင်
ကြာမျိုးငါးပါးရဲ့ရနံ့ဖြဖြသင်းပျံ့လျက်ရှိကာ

နှင်းတောင်ထွဋ်မှမြေခွေးဖြူငယ်တို့ရဲ့
အူသံတွေဟာလည်းလောကတစ်ခွင်ပျံ့နှံ့နှင့်လျက်

ရက်စက်ခြင်းနဲ့နူးညံံ့ခြင်း
ကြမ်းကြုတ်မှုနဲ့သိမ်မွေ့မှုသဘောတရား
မီးနဲ့ရေမျှတစွာပေါင်းစပ်သောည

သုံးလောကလုံးအုံးအုံးကြွကြွ
သောင်းသောင်းဖျဖျကြိုဆိုသောည

ထိုအချိန်အခါသမယတွင်
ကောင်းကင်ဘုံမင်းကြီး၏
အိမ်ရှေ့စံအလောင်းအလျားတစ်ပါးဖွားမြင်လေ၏
.....,...........................

လမ်းပျောက်သည်ဆိုသောကိစ္စရပ်မှာ
သူအသက်ရှင်နေထိုင်သည့်နှစ်ပေါင်း၂၀၀အတွင်း
မကြုံဖူးသည့်ကိစ္စတစ်ရပ်ပင်....

ဘယ်နေရာမဆိုကောင်းချီးတစ်ဖြာအဖြစ်
သတ်မှတ်ထားလေသည့်အနီရောင်ခြယ်ထားသောကောင်းကင်ဘုံထက်တွင်
အနှီနေရာကဲ့သို့ဆွတ်ဆွတ်ဖြူနေလေသော
စျာပနဆန်ဆန်နေရာမျိုးလည်းရှိသေးသတဲ့လား

The Story Of Snowy SectWhere stories live. Discover now