Chapter-4

70 6 0
                                    

Unicode

တစ်ညလုံးအိပ်မပျော်ခဲ့သည့်ပိုင်လီသည်
နောက်ဆုံးဘယ်လိုမှဆက်အိပ်မရတော့သည့်အဆုံးအိပ်ရာမှထလိုက်ရတော့၏

လဝန်းပမာပြတင်းပေါက်အားဖွင့်လိုက်တာနဲ့
လေအေးတစ်သိုက်ကသူ့ကိုယ်ထံအတင်းအလုအယက်ပြေးဝင်လာကြသည်မှာအေးခဲသွားရမတတ်

အရုဏ်တက်ခါစအချိန်ဆို​ပေမဲ့နှင်းတောင်ထွဋ်လိုနေရာမျိုးတွင်တော့ညသန်းခေါင်အလားပိန်းပိတ်အောင်မှောင်နေဆဲပင်

နေ့ညမပြတ်ရွှေရောင်အလင်းတန်းများတဖိတ်ဖိတ်လက်နေတတ်သည့်ကောင်းကင်နန်းတော်နဲ့
အဆတစ်ရာအဆတစ်ထောင်ခြားနားနေသောနှင်းတောင်ထွဋ်လိုနေရာမှာသုံးလကျော်အောင်နေနိုင်ဖို့ဆိုတာပိုင်လီအတွက်အရမ်းကြီးတော့မလွယ်ကူလှချေ။

သို့သော်သူသည်တဖြည်းဖြည်းနှင့်ဤနေရာအားမဆိုစလောက်လေးအသားကျနေခဲ့လေပြီ။
မနက်စာစားပြီးချိန်တိုင်း
ဝါးရုံအိမ်ကလေးထဲပေရွက်လိပ်များပိုက်ကာ
စာသွားသင်ရသည့်အချိန်များ.....

ရှစ်စွမ်း၏အေးစက်စက်မျက်နှာနဲ့
ဆူပူကြိမ်းမောင်းသည့်အချိန်များ

ဆယ်ခါတစ်ခါမှမဆိုးဘူးလို့ချီးကျူးလိုက်တိုင်း
ထအော်မိမတတ်ပျော်ရသည့်အချိန်များ

ရွှိုက်ယန်ရှန့်ကျွင်း၏နားပူမတတ်စကားတို့အားနားထောင်ရခြင်းများ

စူးမင်ရဲ့ကျွန်တော်တို့ရှစ်ယင်ပေါင်းချုပ်စာအုပ်မျိုးစုံ
ဖတ်ရှုရခြင်းများ....

အနှီအေးခဲမတတ်နှင်းတောင်ထွဋ်တွင်ဤသို့ရှားရှားပါးပါးနွေးထွေးမှုလေးများအပေါ်သူသည်မသိလိုက်မသိဘာသာနှင့်အသားကျနေခဲ့လေပြီဖြစ်သည်။

ကောင်းကင်ဘုံမှသူ၏ဖခမည်းတော်နဲ့တခြားအပေါင်းအဖော်များအားတစ်ခါတစ်ရံလွမ်းမိပေမဲ့နှစ်သုံးရာဆိုတာခဏလေးနဲ့ကုန်ဆုံးသွားမှာဟူသောအသိကိုစွဲကပ်ထားသည်ကြောင့်အထီးကျန်ဝေဒနာဟာထင်သလောက်မပြင်းထန်တော့....

ထို့အပြင်ရှစ်စွမ်းကနှင်းမုန်တိုင်းမိ၍ခရီးရောက်မရောက်စိုးရိမ်ပူပန်နေမည့်သူ့မိသားစုအားစိတ်အေးသက်သာရှိစေရန်စာတစ်စောင်ရေးကာပို့လွှတ်ခဲ့ပြီးလေပြီ

You've reached the end of published parts.

⏰ Last updated: Dec 09, 2023 ⏰

Add this story to your Library to get notified about new parts!

The Story Of Snowy SectWhere stories live. Discover now