Chapter 53(Unicode + Zawgyi)

2K 241 10
                                    

Unicode
The Perfect Destiny (Arc 5)
Doomsday child rearing handbook

Chapter 53 - မင်းက အယ်ဒီ့နှလုံးသားထဲကအသားတုံးလေးပါကွာ

ချန်လီကော ကုတင်ပေါ်တွင် ထိုင်ကာ ကလေးကို အဖျားသက်သာလာနိုင်ဖို့အတွက်ပြုစု‌ ပေးနေသည် ။

ချန်ရှီရဲ့အဖျားက သုံးရက်ဆက်တိုက်ရှိနေပြီဖြစ်သည်။ ချန်လီကော သူ့ကိုဝိဉာဥ်ရေနှင့်အဖျားကျဆေးကို နေ့တိုင်းတိုက်သော်လည်း ကိုယ်အပူချိန်က ၃၈ ဒီဂရီတွင်ရှိနေကာ ကျဆင်းသွားခြင်းမရှိပေ။

ယခုအချိန်တွင်၊ အပြင်မှာရှိတဲ့ဆေးရုံတွေကလည်းအလုပ်မလုပ်တော့ပေ။ ချန်လီကော အရမ်းစိုးရိမ်နေသော်လည်း ချန်ရှီရဲ့အပူချိန်ကို လျှော့ချနိုင်ရန်အတွက် System ဆီမှာနည်းလမ်းတစ်ချို့ကို ရှာဖွေနေရုံမှတစ်ပါး သူ့တွင် ဘာမျှမတတ်နိုင်ပေ။

ဘယ်လိုပဲဖြစ်ဖြစ် *တိမ်တိုက်တိုင်းမှာငွေရောင်အနားသတ်တစ်ခုရှိပြီး ချန်ရှီကဖျားနေတာတောင် သူ့ရဲ့အစာစားချင်စိတ်က လျော့ကျမသွားပေ။ ချန်လီကော တစ်နေ့လျှင် လေးငါးနပ်မျှ ကျွေးပြီးတာ‌တောင်ဗိုက်ဆာနေသေးသည်။

(Every cloud have a silver lining. Eng Idiom တစ်ခုပါ ။ အပျက်သဘောဆောင်တဲ့အဖြစ်အပျက်တစ်ခုမှာ‌တောင်သူ့အတွက် အပြုသဘောဆောင်တဲ့ရှုထောင့်တစ်ခုအမြဲရှိ‌နေတယ်။ ဆိုးရွား‌တဲ့အခြေအနေ၊၀မ်းနည်းစရာအခြေအ‌နေတွေမှာနှစ်သိမ့်မှု‌တွေဒါမှမဟုတ် ပိုပြီးမျှော်လင့်ချက်ရှိလာနိုင်တဲ့အခြေအနေတွေကချက်ချင်းလက်ငင်းသိသိသာသာမဟုတ်ရင်တောင်အမြဲရှိနေတယ်လို့ဆိုလိုတာပါ ။ From Google)

နောက်ဆုံးသုံးရက်အကြာမှာ‌တော့ချန်လီကော သက်ပြင်းချနိုင်ခဲ့ပြီး ချန်ရှီရဲ့ အပူချိန်ကျဆင်းသွားကာ သူအရင်ကစိတ်ဓာတ်နှင့် သန်စွမ်းမှုတို့ကို ပြန်လည်ရရှိခဲ့သည်။

ဖခင်တစ်ယောက်အနေဖြင့် ချန်လီကော ငိုရှိုက် နေရင်း "ထုံအာ ၊ငါတို့ရဲ့ကလေးကို နောက်ဆုံးတော့ ကယ်တင်လိုက်နိုင်ပြီ"

System : "....." ဒီမှာ‌ လာပါပြီ၊
ဉာဏ်ရည်မမီသလိုပုံစံမျိုးစ‌လုပ်လာပါတော့မယ်။

ချန်လီကော : "သူကငါ့ရဲ့အဖိုးတန်ကလေး‌ လေးပါ၊ နောက်ဆုံးမင်းဘာလို့သူ့အ‌ပေါ်ဒီလောက်အထိအေးစက်နေရတာလဲ၊ သူကမင်းရဲ့ကလေးပဲဟာကို"

Perfect Destiny (Arc 5)Where stories live. Discover now