Chapter 54(Unicode + Zawgyi)

1.6K 259 19
                                    

Unicode
The Perfect Destiny Arc 5
Doomsday child rearing handbook

Chapter 54 : အနာဂတ်အတွက်အစီအစဉ်ချမယ်

စက်တင်ဘာလအ‌စောပိုင်းမှာနှင်းကျပြီးနောက်မှာအပူချိန်တွေကျဆင်းသွားခဲ့သည်။
လူတွေကမတုံ့ပြန်နိုင်ခင်မှာပဲသူတို့ရဲ့ အသက်ရှုထုတ်လိုက်တဲ့လေတွေကအဖြူရောင်အခိုးအငွေ့တွေအဖြစ်ပြောင်းလဲသွားတဲ့အ‌ခြေအနေအထိရောက်လာပြီဖြစ်သည်။

ရာသီဥတုအရမ်းအေးမလာခင်အချိန်မှာပဲ ကျန်းမင်ဖန်းကသူ့အဖွဲ့ကိုအဝေးကနေရာတစ်နေရာဆီခေါ်သွားပြီးဆောင်းရာသီမှာ ရှင်သန်နိုင်ဖို့အတွက်ရိက္ခာများစွာကိုစု‌ဆောင်းခဲ့သည်။

သူကလတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်များစွာကိုချန်လီ‌ကောအတွက်ယူလာပေးခဲ့သည်။  ဒါ့အပြင်သူယူလာတဲ့အသီးအနှံတွေကဗီဇပြောင်းနေပြီဖြစ်သည်။  မူလကလက်တစ်ဆုပ်စာဆလတ်ရွက်ကခါးလောက်အထိ ကြီးထွားလာပြီး ကလေးတစ်‌ယောက်ရဲ့လက်သီးအရွယ်အာလူးတွေကလူကြီးတစ်‌ ယောက်ရဲ့ဦးခေါင်းအရွယ်အစားအထိ ကြီးထွားလာသည်။ ကျန်းမင်ဖန်းကဒီဟင်းသီးဟင်းရွက်တွေကိုလူများစွာကစားပြီးသွားပြီဖြစ်ပြီးသူတို့တွေမှာဘာ‌ပြဿနာမှဖြစ်မလာတာကြောင့်အခြေခံအားဖြင့်အဆိပ်မသင့်နိုင်ကြောင်းအတည်ပြုထားသည်။ ချန်လီကောကိုလည်း နည်းနည်းစားနိုင်ကြောင်းပြောခဲ့သည်။

ချန်လီကောလည်းအစားအသောက်ကိုလက်ခံလိုက်ပြီးကျန်းမင်ဖန်းကိုကျေးဇူးတင်လိုက်သည်။

ကံဆိုးမိုးမှောင်ကျပြီးကမ္ဘာပျက်ကပ်ကြီးဖြစ်လာတာကြောင့်အရင်တုန်းကလိုအစိုးရကပေးတဲ့ အပူပေးစနစ်ကိုအခုနှစ်မှာ မရနိုင်တော့ပါ။  ကံကောင်းထောက်မစွာနဲ့ ချန်လီကောကရာသီဥတုအေးလာတဲ့အခါမှာသုံးဖို့အတွက်မီးသွေးများစွာကိုပြင်ဆင်ထားခဲ့သည်။ သူကအိမ်ထဲမှာမီးလှုံဖို့အတွက်
သံအိုးတစ်လုံးကိုမီးဖိုအဖြစ်အသုံးပြုလိုက်သည်။

ပြေးလွှားခုန်ပေါက်နေတဲ့ချန်ရှီကိုမီးဖိုနဲ့ထိမိသွားမှာကြောက်တာကြောင့်မီးဖိုကိုပစ္စည်း‌တွေနဲ့ ဝိုင်းထားလိုက်သည်။

ကျန်းမင်ဖန်းနဲ့ တခြားသူတွေကတော်တော်ကံကောင်းကြသည်။ သူတို့ကုန်စုံဆိုင်မှာ မီးသွေးအများကြီးရှာတွေ့ခဲ့ကြသည်။  မူလကသူ ချန်လီကောကိုမီးသွေးတစ်ချို့ကိုပို့‌ ပေးချင်ပေမဲ့လည်းချန်လီ‌ကောကငြင်းဆန်လိုက်သည်။ ချန်လီကောကပြုံးပြီးပြောလိုက်သည်။
"အိမ်မှာသိမ်းထားတွေအများကြီးရှိတယ်၊ မလိုအပ်သေးပါဘူး"

Perfect Destiny (Arc 5)Where stories live. Discover now