အပိုင်း ၆

2.1K 216 25
                                    

မြေခွေးရိုင်းအုပ်လိုက်သည် စူးရဲသော အကြည့်များဖြင့် လင်းဟွိုင်နှင့် ရှချန်အား သတ်ဖြတ်တော့မလိုကြည့်နေကြသည်။ နှစ်ယောက်သား အသက်တောင် ဝဝမရှုမိဘဲ ထိုမြေခွေးရိုင်းတို့အား မျက်တောင်မခတ်စတမ်းကြည့်နေမိသည်။ လှုပ်လည်းမလှုပ်ရှားဝံ့သေး။ထိုအကောင်တွေ၏ ဦးခေါင်းထိပ်တွင် အလင်းရောင်ထွက်နေသည့် ဦးချိုသေးသေးလေးတွေကလည်း တလက်လက်။

"အနည်းဆုံး ဆယ့်ငါးကောင်လောက်ရှိမယ်ထင်တယ်။ ရှချန် မင်း အဆင်ပြေလား။"

'အင်း ကိစ္စမရှိဘူး။ငါတို့ အာရုံစိုက်ပြီးကြိုးစားကြရအောင်။"

နှစ်ယောက်သား ဓါးကိုအသင့်အနေအထားဆွဲကိုင်လျက် တိုက်ခိုက်ရန်ပြင်လိုက်သည်။ကိုက်ခဲရန် တစ်ရှိန်ထိုးပြေးဝင်လာသည့် မြေခွေးရိုင်းတစ်ကောင်ကို လင်းဟွိုင်က အရင် ဓါးနဲ့ဝေ့ယမ်းပစ်လိုက်သည်။ဆက်တိုက်ဆိုသလို ကိုက်ခဲဖို့ ချောင်းမြောင်းပြေးဝင်လာကြသည့် မြေခွေးရိုင်းတို့ကို ရှချန်သည်ပါ အားနှင့်မာန်နှင့် တိုက်ခိုက်နေရတော့သည်။

"သတိထား..'

လင်းဟွိုင်က တိုက်ခိုက်နေရင်းဖြင့်ပင် ရှချန်အား စိတ်ပူစွာလှမ်းသတိပေးနေမိသေးသည်။သို့သော် ရှချန်က သူထင်သလိုမဟုတ်။ ပေါ့ပါးပြောင်းနွဲ့သည့် ခန္ဓာကိုယ်လေးကို ယိမ်းနွဲ့ကာဖြင့် မြေခွေးရိုင်းတွေကိုရှောင်ရှားသလို လည်မြိုတွေကိုချည်းသာ ထိထိမိမိ ပိုင်းဖြတ်သည်။တစ်ကောင်ပြီးတစ်ကောင် အတုံးအရုံးလဲကျသွားသည်ကိုကြည့်ရင်း လင်းဟွိုင် အနည်းငယ်တောင် အံ့သြသွားမိသည်။အစကတည်းက သာမန်စွမ်းရည်မဟုတ်မှန်းခန့်မှန်းမိပေမယ့် ရှချန်သည်  နှင်းမျိုးနွယ်စု၏ ဆက်ခံသူ သခင်လေး အတော်လေးကိုပီသလှပါသည်။

"လည်မြိုကိုတိုက်ခိုက်.. သူတို့ပြန်မထနိုင်ဘူး"

လှမ်းအော်ပြောလာသေးသည်ကြောင့် လင်းဟွိုင် သူပြောသလို လိုက်ပြီးတိုက်ခိုက်လိုက်သည်။မြေခွေးရိုင်းများသည်ကလည်း စွမ်းရည်မြင့်သည်ကြောင့် နှစ်ဖက်လုံးတွင်က အထိအခိုက်ကလည်းများသည်။ ရှချန်၏ ဝတ်ထားသည့် ဝတ်ရုံဖြူလေးတွင်လည်း သွေးတို့မြင်မကောင်းအောင် စွန်းထင်းနေသလို ပေါင်တွင်လည်း မြေခွေးရိုင်း၏ကိုက်ခဲခြင်းကိုခံလိုက်ရသည်ကြောင့် သွေးကတစက်စက်။ လင်းဟွိုင်ကိုယ်တိုင်တွင်လည်း လက်မောင်းရင်းတွင် ဒဏ်ရာဒဏ်ချက်များဖြင့်။

You've reached the end of published parts.

⏰ Last updated: Feb 02, 2022 ⏰

Add this story to your Library to get notified about new parts!

ကောင်းကင်ချစ်ကြိုးWhere stories live. Discover now