Mr:CARNO

13 4 0
                                    

အပိုင်း ( ၃ )

" မေမေ ဆုံးပြီ "

ဒီနေ့မှပဲကောင်းကင်ကြီးကလည်းကြည်လင်တောက်ပနေတာပဲ ။အရာအားလုံးကကြိုးကိုလှောင်ပြောင်နေသလိုပဲ။

ကံတရားကြီးကလည်းဗျာရက်စက်လိုက်တာကြိုးမှာမွေးလာကတည်းကအဖေဆိုတာကိုလည်းမမြင်ဖူးခဲ့ဘူး ကြိုးဘဝမှာခင်တွယ်စရာဆိုလို့မေမေတစ်ယောက်တည်းရှိခဲ့တာ။

အခုတော့မေမေကိုပါကြိုးဆီကနေဆွဲထုတ်သွားခဲ့ပြီလေ။ဘာလို့များလည်းဗျာ ကြိုးဘာအမှားတွေများလုပ်ခဲ့လို့လဲ အခုတော့ကြိုးမှာဘယ်သူမှာမရှိတော့ဘူး။

" မေမေရယ် ကြိုးကို ထားခဲ့ပြီးနော်

ကြိုးသိပ်ချစ်ရတဲ့မေမေငြိမ်းချမ်းစွာ

အနားယူပါတော့နော် ကြိုးကိုလည်းစိတ်ချပါ

မေမေ "

မြေချပြီတိုင်လေးထောင်ထားတဲ့သစ်သားပြားပေါ်ကစာတန်းလေးကတော့ဒေါ်နွယ်ကြိုးအသက်(၅၄)နှစ်တဲ့။

မြေပုံလေးကိုကြည့်ပြီး ဝမ်းနည်းပလက်ငို​ကျွေးနေတဲ့နွေရွက်ကြိုးဆိုတဲ့ကောင်လေးဒီကောင်လေးအတွက်လောကကြီးကတော့ရက်စက်ပါဘိ။ဖအေဆိုတာကိုမမြင်ဘူးခဲ့တဲ့အပြင်အခုတော့သူရဲ့မှီခိုရာဖြစ်တဲ့သူရဲ့အမေကလည်းအခုတော့ဒီကလေးကိုတစ်ယောက်တည်းထားခဲ့ပါပြီးရောလား။

ခိုကိုးရာမဲ့ပြန်တဲ့ဒီကောင်လေး တစ်ယောက်တည်းရှင်သန်ရပ်တည်ပြန်ရဦးတော့မယ်။

ကျုပ်ဒီကလေးရဲ့ရှေ့ရေးအတွက်တွေးပူမိပြီးရင်ထဲမကောင်းဖြစ်ရပြန်ပါသည်။ဒီကလေးအရမ်းလိမ္မာတဲ့ကလေး လူကြီးအပေါ်လည်းအရမ်းသိတတ်တဲ့ကလေး။

ဒီလိုကလေးလေးကိုမှ၊လောကကြီးအကြောင်းဘာမျှမသိသောထိုလူသားကလေးကိုမှရက်စက်လွန်းလှသောလောကကြီးထဲကိုတစ်ယောက်တည်းထားရစ်ခဲ့ကြတယ်။

"သားကြိုးအရမ်းစိတ်မကောင်းဖြစ်ပါနဲ့

သားရယ် ဦးလေးတို့ရှိပါသေးတယ်သားရယ်

သားမှာဦးလေးတို့ရှိပါသေးတယ် "

" ဦးလေးမေမေက ကြိုးကို

Mr:CARNOOnde histórias criam vida. Descubra agora