Mr:CARNO

10 4 0
                                    

အပိုင်း ( ၄ )

ခေါင်းတစ်ခုလုံးနောက်ချိနေဖြစ်သည်။ မျက်လုံးမှာလည်းဝေးဝေးဝါးဝါးနဲ့ဘေးဘီကိုရှင်းရှင်းလင်းလင်မမြင်နိုင်သေးပါ။ ထိုးကိုက်နေတဲ့ခေါင်းကိုဖိကိုင်ရင်း အမြင်အာရုံတွေကိုရှင်းရှင်းလင်လင်းမြင်နိုင်ဖို့ ကြိုးစားဖွင့်ကြည့်လိုက်သည်။ ကြိုးဘယ်နေရာကိုရောက်နေတာပါလိမ့်။

ရှင်းရှင်းလင်းလင်းမြင်လိုက်ပြီးတဲ့နောက်မှာတော့ ကြိုးရောက်နေတဲ့နေရာကဆေးရုံမှန်းကြိုးသိလိုက်သည်။ ကြိုးဘယ်လိုဖြစ်ပြီးတော့ဆေးရုံရောက်လာတာပါလိမ့်။ညက ကြိုးပထွေးနောက်ကနေလက်စွပ်ကိုလိုက်လုလို့ကြိုးထွက်ပြေးခဲ့တယ်။ နောက်ပြီးတော့ကြိုးမပြေးနိုင်တော့ဘဲ ကြိုးလဲကျသွားပြီတော့ လူတစ်ယောက်ခေါ်သံကိုတော့ကြိုးကြားလိုက်ပါသေးသည်။

အဲနောက်တော့ကြိုးဘာကိုမှမသိတော့ပါဆေးရုံကိုဘယ်လိုဖြစ်ပြီးတော့ကြိုးရောက်လာတာလဲကြိုးမသိဘူး။ဘယ်သူပို့ခဲ့တယ်ဆိုတာကိုလည်းကြိုးမသိဘူး။
ကြိုးခေါင်းထဲမှာမသိတာတွေရယ် မေးခွန်းတွေရယ်ပဲပြည့်နေတယ်။

အဲတာထက် ကြိုးကဆေးရုံမှာဆိုတော့ ခက်ပြီ။ ကြိုးမှာက ပိုက်ဆံလည်းမရှိဘူးဆေးဖိုးလည်းပေးစရာမရှိဘူး။ ဘယ်လို လုပ်ရပါ့မလဲ။ တွေးတောနေတာနဲ့ပဲစောနကကိုက်နေတဲ့ခေါင်တောင်ဘဟ်ရောက်သွားမသိမကိုက်တော့ဘူး။

" ဟာ ကောင်လေး နိုးနေပြီးလာ ဦးလေးကမင်းနိုးလာရင်းစားဖို့ဆိုပြီးတော့ အစားစရာလေးသွားဝယ်နေလို့ မင်းသက်သာရဲ့ကောင်လေးမင်းနေရောနေသာရဲ့ "

ကြိုး ကြိုးရှေ့လူကြီးကိုကြောင်ပြီးတော့ကြည့်နေမိသည်။ ခန့်ခန့်ညားညားဥပဓိရုပ်ကဖြောင်ပြီးတော့လူကြီးကောင်းပီသသည့်ထိုလူကြီးသည် ကြိုးကိုဆေးရုံလိုက်ပို့ခဲ့တဲ့လူကြီးများလား မသိဘူး။

" ဟုတ် ဟုတ်ကဲ့ သက်သာပါတယ်ခင်ဗျာ "

" ဟုတ်ပါပြီ မင်းသက်သာတယ်ဆိုတော့ဦးလေးရင်အေးသွားပါပြီး ကောင်လေးကိုဦးလေးကလဲကျနေတာတွေ့လို့ မင်းမျက်နှာမှာလည်းဒဏ်ရာတွေနဲ့မို့ ဆေးရုံးကိုခေါ်လာခဲ့တာ မင်းတကယ်ရောအဆင်ပြေရဲ့လား ကောင်လေး "

Mr:CARNOWhere stories live. Discover now