Chapter 274

1K 111 0
                                    

အခန်း ၂၇၄ ငါမှားသွားပါတယ် ငါ့ကို အဝေးကို တွန်းမထုတ်ပါနဲ့

ငါ့အမျိုးသမီးးကို စဉ်းစားရဲတဲ့အထိ ဘယ်လိုတောင်ရဲတင်းနေတာလဲ
စဉ်းစားမိတာနဲ့ဒေါသထွက်တယ်

မင်းသမီးလုဖေးနဲ့ သူ့အတွင်းရေးမှုး ထိတ်ထိတ်ပျာပျာဖြစ်သွားကာ မျက်နှာမှာ သွေးမရှိတော့

သို့သော် ချာလီကတော့ အမူအရာမပျက်ဘဲ သူ့ပုံစံကိုထိန်းထားကာ စားပွဲပေါ်မှာ ပြန့်ကျဲနေတဲ့ စာရွက်အပိုင်းအစတွေကို ကြည့်ကာ ရန်ရုချန်ကို တချက်ကြည့်ပြီး ပြုံးကာ

"ဥက္ကဌရန် ဒီလိုလုပ်လိုက်တဲ့ အကျိုးဆက်က ဘာလဲ သိရဲ့လား”

ရန်ရုချန် သူ့ကို သရော်သလို ကြည့်ကာ “အကျိုးဆက်က ဘာဖြစ်ဖြစ် ငါရန်ရုချန် သည်းမခံနိုင်လို့ပဲ”

ထိုသို့ပြောကာ ထရပ်လိုက်ပြီး ချာလီကို အာဏာရှင်ဆန်စွာ ကြည့်ကာ

"မင်းကိုသတိပေးလိုက်မယ် ငါ့အမျိုးသမီးအကြောင်းစဉ်းစားတာမရပ်ရင် ငါ့အဆိုးမဆိုနဲ့"
ထိုသို့ပြောကာ မင်းသမီးလုဖေးနဲ့ သူမ အတွင်းရေးမှူးကို လျစ်လျူရှုကာ ထွက်သွားတော့သည်။

………………

ကားထဲမှာထိုင်ကာ ရန်ရုချန် ဒုတိယထပ်ကို ကြည့်နေမိသည်။
သူ့အိပ်ခန်းက မှောင်မဲနေတာကို ကြည့်ပြီး စိတ်အခြေအနေပိုဆိုးလာကာ ဘီယာသောက်လိုက်သည်။

သူကားထဲက မဆင်းချင်သလို အိမ်ထဲလည်းမဝင်ချင်ဘူး သူမရဲ့အေးစက်စက်မျက်နှာထားနဲ့လည်း မျက်နှာချင်းမဆိုင်ချင်ဘူး

ဘီယာဘူး ဒါဇင်လောက်ကုန်တော့ သူနည်းနည်းထွေလို့လာပြီ

Knock knock knock

အိမ်ထိန်းက ရန်ရုချန် ကားထဲမှာအကြာကြီးထိုင်နေတာမြင်တော့ စိုးရိမ်လာကာ အိမ်ထဲက ထွက်လာပြီး ကားတံခါးလာခေါက်တာပင်
"တတိယသခင်လေး”

ရန်ရုချန်တံခါးဖွင့်ကာ ကားပေါ်ကဆင်းလာသည်။

ခေါင်းကလည်နေကာ ကားတံခါးကိုသူ့ကိုယ်သူထိန်းဖို့ကိုင်ထားရသည်။

သူ့ကိုယ်ပေါ်ကနေ အယ်ကိုဟောလ် အနံ့က လေနဲ့အတူပါလာသည်။
အိမ်ထိန်းက သူအများကြီးသောက်ထားတာသိကာ တွဲထိန်းပေးလိုက်ပြီး “တတိယသခင်လေး တော်တော်မူးနေပြီပဲ
ကျွန်တော်အိမ်ထဲဝင်ဖို့ကူတွဲပေးပါရစေ”

ဧည့်ခန်းက လင်းနေပေမဲ့ ဘယ်သူမှမရှိပေ
ရန်ရုချန်စိတ်ထဲ လစ်ဟာနေသလို ခံစားလိုက်ရသည်။
သူအထဲကိုလျှောက်လာနေတုန်း ကြယ်သီးတချို့ဖြုတ်ကာ အိမ်ထိန်းအကူအညီနဲ့ လှေကားထိ လျှောက်လာသည်။

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now