Chapter 289

973 102 2
                                    

အခန်း ၂၈၉ ငါ့ကိုနမ်း

ဂေဟာက ကလေးတွေအကြောင်းတွေးမိတာနဲ့  စိတ်ထဲ ဝမ်းနည်းမိသည်။ “ငါကလေးတွေကို တွေ့တော့ သူတို့က ငါ့ကို သတိပေးလိုက်သလိုပဲ မွေးဖွားဖို့အခွင့်အရေးတောင် မရတဲ့ ကလေးတွေကို စဥ◌်းစားမိပြီး မကူညီဘဲ မနေနိုင်ဘူး….”
သူမကိုယ်သူမ တိတ်တိတ်လေးလှောင်ကာ ရုတ်တရက် သူမ စကားတွေ အများကြီးပြောနေမိမှန်း သဘောပေါက်လိုက်သည်။
သူမ တခြားကျန်တဲ့စကားတွေကို မျိုချလိုက်သည်။
ပြတင်းပေါက်ကို စိတ်ပျက်အားလျော့စွာ ကြည့်လိုက်သည်။

“ဘာပြောလိုက်တာ” သူမ စကားတဝက်မှာ ရပ်လိုက်တော့ ရန်ရုချန် သူမရဲ့ မပြီးသေးတဲ့ စကားတွေကို သိချင်လာကာ သူမနားနားကပ်ပြီးမေးလိုက်သည်။

သူလက်တွေက သူမကိုယ်ကို ပွတ်သပ်နေပြီး သူမကိုယ်က ကောက်ကြောင်းတွေကို ထိတွေ့ရတာကိုပျော်နေမိသည်။

“ဘာမှမဟုတ်ပါဘူး” ရှုရှုခေါင်းခါကာ လှည့်လိုက်ပြီး

"ငါဒီနေ့ အစိုးရရုံးကို သွားရမှာ အဲ့ဒါကြောင့် ငါတနေကုန်ခွင့်ယူမှ ရမယ်”

“ကောင်းပြီလေ…..”
ရန်ရုချန် ချက်ချင်း သဘောတူသလိုခေါင်းငြိမ့်ကာ တခြားပြောစရာမရှိတဲ့ပုံပင်

ရှုရှု မထုံတတ်တေးနေနေကာ သူဆက်ပြောမှာကိုစောင့်နေသည်။

ရန်ရုချန် သူမကို ကြည့်ကာ သူမသတိထားမိတာကို သူသိလိုက်သည်။

သူ့မျက်လုံးတွေက တောက်ပလာကာ သူ့နှုတ်ခမ်းကို ညွှန်ပြလိုက်ပြီး “မင်းငါ့ကို အနမ်းတစ်ခုပေးရမယ် မဟုတ်ရင် ခွင့်မပေးနိုင်ဘူး”

ရှုရှုဆွံအ “……” ( ဘာသာပြန်သူ မူးမေ့)

‘ဘယ်တုန်းက ဒီကောင် ဒီလောက်ကလေးဆန် အရှက်မရှိ  လက်ပေါက်ကပ်သွားတာလဲ’

‘သူ့မာနတွေ စိတ်ကြီးဝင်နေတာတွေ ဘယ်ရောက်သွားတာလဲ’

ရှုရှု သူ့မျက်လုံးတွေကို အချိန်အကြာကြီး စိုက်ကြည့်နေကာ သူဒီလောက် အရေထူနေတာ မယုံနိုင်ပေ

“ရန်ရုချန် နင်တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ”

‘ဖန်ကျားရင် သိသွားပြီး သဝန်တိုမှာ မကြောက်ဘူးလား’

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now