Part-23

6.7K 537 65
                                    

ရိပေါ်အဆောင်ထဲ တိုးတိုးတိတ်တိတ်နဲ့ခိုးဝင်သွားလေသည်။အဆောင်တစ်ခုလုံးကလည်း မီး‌မထွန်းထားတော့ မှောင်မဲနေတော့သည်။ရိပေါ်ထင်လိုက်တာက စောစောများအိပ်ကုန်ကြပြီလားလို့ပင်။တစ်ကယ်ဆိုအပြင်မှာမှောင်နေတာမှန်ပေမယ့် အိပ်ယာဝင်ဖို့ကြတော့စောသေးတယ်လေ။

ရိပေါ်အတွေးတို့ကိုဖြတ်ကာ အဆောင်တံခါးကိုဖွင့်ဖို့ လက်လှမ်းလိုက်ရင်ပဲ အဆောင်တံခါးက ပွင့်လာပြီး ဘာနဲ့မှန်းမသိအရိုက်ခံလိုက်ရသည်။ဒါ့အပြင် ခြံထဲကလူတွေပါ ထွက်လာပြီး ' သူခိုး သူခိုး ' ဟုအော်ကာ အမှောင်ထဲကသူ့ကိုဝိုင်းရိုက်ကြသည်။ ရိပေါ်မှာ ကျောတွေရောရင်ဘက်တွေရော ခြေထောက်တွေပါအရိုက်ခံရတော့သည်။

" ရှောင်း! ကိုယ်ပါ သူခိုးမဟုတ်ဘူး...ရှောင်း "

ရိပေါ်အသားကုန်အော်လိုက်တော့မှ အဆောင်မီးတွေလင်းလာကာ ရိုက်နေတဲ့သူတွေလည်းအကုန်ရပ်သွားသည်။ အဲ့တော့မှ ရိပေါ်ကောင်းကောင်းအသက်ရှုနိုင်တော့သည်။ အပေါက်ဝမှာရပ်နေတဲ့ရှောင်းကျန့်ကလက်ထဲတုတ်ကိုကိုင်ထားပြီး သူ့ကိုလက်ပိုက်ကာ မတ်တပ်ရပ်ကြည့်နေသည်။

ဒါကလဲ့စားချေတာလား' ကံကောင်းလို့။ မျိုးတုံးတော့မလို့။ ရိပေါ် သူ့ကိုဝိုင်းရိုက်တဲ့သူတွေကို အကြည့်စူးစူးနဲ့ကြည့်ပေးလိုက်သည်။ ထိုအခါမှ ရှင်ဘုရင်မှန်းသိတဲ့သူတို့က ရိပေါ်ရှေ့ဒူးထောက်လာကြသည်။

" ရှောင်း ကိုယ့်ကို သူခိုးနဲ့မှားရလားကွာ။ ကိုယ်ကသူခိုးရုပ်ပေါက်နေလို့လား "

ရိပေါ်မေးတဲ့အခါ ရှောင်းကျန့်ကမျက်စောင်းလှမ်းထိုးတာခံလိုက်ရသည်။

" သူများအဆောင်ကို အုတ်နံရံကျော်တက်မှတော့ သူခိုးလို့ထင်တာမှားလား။ အခုတလော ရှောင်းကျန့်အဆောင်ကိုသူခိုးကပ်နေတယ်။ လက်ဝတ်လက်စားတွေ ပျောက်ပျောက်နေတယ်။ ဒါ့ကြောင့်သူခိုးစောင့်ဖမ်းနေကြတာ။ အရှင်က အခုလိုခိုးကြောင်ခိုးဝှက်ဝင်လာမယ်လို့ မထင်ကြဘူးလေ "

ရိပေါ်မှာယုံရမလိုလို မယုံရမလိုလို။ ဒါပေမယ့် ရှောင်းရိုက်တာပြသာနာမရှိပေမယ့် တခြားသူရိုက်တာကတော့သေဒဏ်ပဲ။အရှက်လည်းကွဲသွားတာဆိုတော့ ရှက်ရှက်နဲ့ အကုန်လုံးကိုဆူငေါက်သည်။ တစ်ယောက်သောသူကိုမဆူရဲတော့ အနားက သူ့ကိုပြန်မပြောရဲတဲ့သူတွေကိုသာ ခြိမ်းခြောက်သည်။

𝐓𝐇𝐄 𝐁𝐄𝐀𝐔𝐓𝐘 𝐐𝐔𝐄𝐄𝐍 𝐀𝐍𝐃 𝐇𝐈𝐒 𝐊𝐈𝐍𝐆 (Completed)Where stories live. Discover now