3

499 55 6
                                    

"ဒီနေ့ဆယ်ယောင်းအိမ်ကိုလာလိမ့်မယ်
မင်းရှောင်ပေးပါဂျီမင်~"

နွေလည်ခေါင်ခေါင်ဂျီမင်ခေါင်းကိုမိုးကြိုးပစ်ချလိုက်သလို သွေးလည်းဒိန်းကနဲစောင့်တက်သွားခဲ့သည်~

အမြဲလိုလိုကြားနေရတဲ့မောင့်ရဲ့ဆယ်ယောင်းမိန်းကလေးအပေါ်ချစ်ကြောင်းပြောတဲ့စကားတွေကိုနားထောင်ခဲ့ရပေမယ့်ဒီစက‌ားတွေနဲ့ငါကဘယ်တော့မှအသားမကျပါဆိုပြီးခံပြင်းမိ့သား~

"ဂျီမင်ငါပြောတာကြားရဲ့လား!"

မောင်အော်ပြောတာကြားတော့မှအသိစိတ်ပြန်ဝင်လာမိ့တော့တယ် မောင်ကဂျီ့ကိုရှောင်စေချင်တာလား မောင့်စိတ်တိုင်းကျဂျီရှောင်ပေးပါ့မယ်~

"ဟုတ်ကဲ့အကိုဂျောင်ကု~"

"ပျော့တိပျောဖက်နဲ့ရွံတယ်ရုံးမှာပဲနေတာကောင်းတယ်ကျစ်!"

မောင်မသွားပါနဲ့လို့တားချင်ပေမယ့် long coat တစ်ထည်ဆွဲကာမောင်ကထွက်သွားခဲ့ပြန်သည်မောင်အဲ့လိုထွက်သွားတိုင်းသူနာကျင်ရပြန်သည်မောင်မသွားပါနဲ့လို့ပြေးဖက်ချင်ပေမယ့်သူ့လက်တွေကအားမဲ့နေပြန်သည်~

မောင်နဲ့ပတ်သတ်လို့ပျော့ညံတဲ့စိတ်ကိုသူတကယ်မုန်းလွန်းသည် ဆယ်ယောင်းလာမှာတဲ့လင်ကြီးအာဏာနဲ့မယားငယ်မငါ့ယောကျာ်းနဲ့မပတ်သတ်နဲ့စမ်းဆိုပြီးစိတ်လွတ်ကိုယ်လွတ်ပြောလိုက်ချင်ပေမယ့်မောင့်အမုန်းကိုသူမှမခံနိုင်ပဲလေ~

မောင်ပြုသမျှနုရတော့မှာပေါ့ မောင်နဲ့စတွေ့တုန်းကကျွန်တော်က ခြောက်နှစ်ပဲရှိသေးတာမောင်ကတော့ဆယ့်သုံးနှစ်ပေါ့ Floralမြို့လေးရဲ့ Green leafသစ်တောလေးမှာလေ~

မောင်ကအရမ်းချမ်းသာတဲ့သူဌေးသားလေးသူကတော့သစ်တောစောင့်ရှောက်ရေးတာဝန်ခံရဲ့သားလေး တွေ့တာကတော့ဆန်းပါတယ်လေကျွန်တော်ကငယ်ငယ်လေးထဲက တောထဲကအပင်အကြီးကြီးနားမှာနေရတာသဘောကျတယ်~

တစ်နေ့မောင်က သူ့သူငယ်ချင်းသူဌေးသားလေးယောက်နဲ့အုပ်စုကွဲပြီးရောက်လာတာ~

"မင်းကလူရိုင်းလား လူစကားတတ်လား
Helloငါ့နာမည်ကဂျောင်ကုပါ"

𝐹𝑙𝑜𝑟𝑎𝑙 Where stories live. Discover now