Ep 4 Uni/Zawgyi

2K 65 0
                                    

Unicode

အခန်း {4}

*ဗုဒ္ဓဟူးနေ့*

အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသို့သွား၍ ကိုကြီးနဲ့ကိုလေးအား ကြိုရန်‌ကျောင်းဆင်းကတည်းက စောင့်နေလိုက်သည်။
လေယာဉ်ပျံကြီး ဆင်းလာလေပြီ။

"ဟာ...ညီလေး အစ်ကိုတို့ကို လာကြိုတာလား .. အိမ်ကတပည့်တွေ လွှတ်လိုက်လည်းရတာကို.. ကျောင်းတက်ရတာနဲ့ ပင်ပန်းနေတာကိုကွာ .."

"မပင်ပန်းပါဘူး .. ညီလေးက ကိုကြီးနဲ့ကိုလေးကို လွမ်းလှပြီဗျ .."

"ဟုတ်ပြီကွာ လာအိမ်ရောက်မှ စကားဆက်ပြောကြတာပေါ့ .."

"ဟယ်ဖေကြီးရေ သားတို့ပြန်ရောက်လာပြီ .."

"ဟုတ်ပြီမေကြီးရေ ထမင်းပွဲပြင်ထားလိုက်တော့ .."

"ကယ်သားတို့ ရေချိုးလိုက်ကြအုန်း .. မာမီထမင်းပွဲ ပြင်ထားမယ် .. ပြီးရင်ထမင်းစားခန်းထဲ လာခဲ့ကြနော် .."

"ဟုတ်ကဲ့ မာမီ .." ဟူ၍ပြောပြီး သုံးယောက်လုံး အခန်းကိုယ်စီသို့ ဝင်သွား၍ ရေချိုးနေကြသည်။

*ထမင်းစားချိန်*

"သားကြီးနဲ့သားလတ်ထည့်စား သားတို့ကြိုက်တာ မာမီချက်ထားတယ် .."

"ဟုတ်ကဲ့ မာမီ သားတို့လည်း မာမီ့လက်ရာကို လွမ်းနေကြတာ .."

"ဟုတ်ပါပြီတော် ထည့်စားကြ .."

"သားငယ်ရော .. ဖေကြီးရော ထည့်စားကြနော် .. ပြီးရင် ရေခဲသေတ္တာထဲမှာ ဖရဲသီးဖျော်ရည်လုပ်ထားတယ် .. ထမင်းစားပြီးရင် သောက်သွားကြအုန်း .."

"ဟုတ်ပါပြီ မေကြီးရယ် .. ဟုတ်ကဲ့ မာမီ .."

"‌မာမီ ဖရဲသီးဖျော်ရည်က ‌သောက်လို့ကောင်းတယ် .. နောက်လည်း ဖျော်တိုက်အုန်း .."

"အေးပါ သားငယ်ရယ် .."

"သားကြီးနဲ့သားလတ် ပစ္စည်းတွေက ဘယ်လိုလဲ လဲလှယ်ရတာ အဆင်ပြေခဲ့လား .."

"ပြေတယ်ဒယ်ဒီ ဘာproblemမှ မရှိပါဘူး .. ဒယ်ဒီသားတွေပဲလေ ယုံကြည်လိုက်စမ်းပါဗျာ .."

"ဟားဟားဟား...ဟုတ်ပါပြီကွာ .. ဒယ်ဒီက ဒယ်ဒီသားသုံးယောက်လုံးကို အပြည့်အဝယုံကြည်ထားပြီးသားပါ .."

𝐸𝑡𝑒𝑟𝑛𝑎𝑙 𝐿𝑜𝑣𝑒 𝐼𝑛 𝑀𝑎𝑓𝑖𝑎 , (𝑵𝒐𝒓𝒎𝒂𝒍) {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Where stories live. Discover now