Ep 5 Uni/Zawgyi

2.1K 75 0
                                    

Unicode

အခန်း {5}

"ကျောင်းရဲ့လစဉ်ရန်ပုံငွေတွေက လုံလောက်ရဲ့လား ဆရာကြီး .."

"လုံလောက်ပါတယ် မပတ္တမြားရတနာရဲ့ အဖေနဲ့ဦးနေလင်းကမ္ဘာရဲ့ နှစ်ဦးတည်းလစဉ်ရန်ပုံငွေနဲ့တင် လုံလောက်နေပါပြီဗျာ .."

"ဟုတ်ကဲ့ လိုအပ်တဲ့ရန်ပုံငွေရှိရင်ပြောပါရှင် .. Only Oneကုမ္ပဏီကလည်း ကျောင်းအတွက်လိုအပ်တဲ့ အသုံးအဆောင်တွေ နောက်လထဲလောက်ကျရင် လာလျှူဖြစ်အုန်းမှာပါရှင် .."

"ဟုတ်ဒါဆို ကျောင်းစာပေဟောပြောပွဲနဲ့ .. ကျောင်းသင်္ကြန်ကို လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျာ .. စာပေဟောပြောပွဲနေ့ကြရင် လာရောက်မိန့်ခွန်းပြောကြားပေးပါအုန်းဗျာ .."

"ဟုတ်ကဲ့ အဲ့ရက်တွေရောက်ရင် ကျွန်မမောင်လေးDiamondကို ပြောလိုက်ပါ .. ကျွန်မလာခဲ့ပါ့မယ်ရှင် .."

"ဟုတ်ကဲ့ မတ္တမြားရတနာကို ကျေးဇူးတင်ပါတယ်ဗျာ .."

"ဟုတ်ကဲ့ရှင့် ကျွန်မကိုခုလိုဖိတ်ခေါ်တဲ့အတွက် ကျွန်မလည်း ကျေးဇူးတင်ပါတယ်နော် .."

"မဟုတ်တာ မပတ္တမြားရတနာ ကျွန်တော်တို့‌ကျောင်းက ဆရာ...ဆရာမတွေကသာ ကျေးဇူးပြန်တင်ရမှာပါ .."

"ဟုတ်တယ် ပတ္တမြားရဲ့ ယုတို့က ပါမောက္ခချုပ်ကြီးကို ပြောထားတာ .. ဒီနေ့ကျောင်းကို ပတ္တမြားလာမည့်အကြောင်းရော .. အဲ့ဒီစာပေဟောပြောပွဲကျရင် ပတ္တမြားကို မိန့်ခွန်းပြောခိုင်းဖို့ရော .."

"ဟုတ်ပါပြီ ယုယရယ် .. ပတ္တမြားကိုလည်း ဖိတ်ခေါ်နေတယ်ဆိုတော့ ပြောပေးပါ့မယ် .."

"ရက်ကိုသာ Diamondနဲ့ အတိအကျပြောလိုက်ပါနော် .."

"ဟုတ်ပြီ ပတ္တမြား .."

"ဆရာကြီးဒါဆို ကျွန်မတို့ကို ခွင့်ပြုပါအုန်း .. ပတ္တမြားနဲ့လည်း ခုမှပြန်တွေ့တာဆိုတော့ သူငယ်ချင်းတွေအေးဆေး စကားပြောလိုက်အုန်းမယ် .."

"ကောင်းပါပြီ ဆရာမယုယ .. ဒါဆိုအားလုံးဒီလောက်ပါပဲနော် .."

"ဟုတ်ကဲ့ ကျွန်မသွားပြီ ဆရာကြီး .. အားလုံးကိုနှုတ်ဆက်ပါတယ်ရှင် .."

𝐸𝑡𝑒𝑟𝑛𝑎𝑙 𝐿𝑜𝑣𝑒 𝐼𝑛 𝑀𝑎𝑓𝑖𝑎 , (𝑵𝒐𝒓𝒎𝒂𝒍) {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑...}Where stories live. Discover now