One Night

98 21 0
                                    

Unicode

အချိန်အားဖြင့်တစ်ပတ်တာကြာမြင့်ခဲ့ပြီ။အီသန်ဆိုသူက သူ့အပေါ်အတော်ကောင်းရှာသည်။ဂရုလည်းစိုက်သည်။ညီကိုယ်တစ်ယောက်လိုပေါ့။တစ်နယ်ရပ်ခြားမှာရှိနေကြတဲ့ လူမျိုးတူးချင်းမို့လို့လားတော့မသိ။အစပိုင်းကတော့ အတွေးလွန်ခဲ့တာ တွေရှိနေခဲ့ပေမဲ့နောက်ပိုင်းကြအကိုအီသန့်ကို ယုံလာနိုင်ခဲ့သည်။သေချာပေါက်သူ့အပြုအမှုကြောင့်ပါပဲ။

ဒီနေ့မနက်ကျောင်းလိုက်ပို့တော့ ဒီညကြရင်တစ်နေရာကိုမတူတူသွားရအောင်လို့မှာထားတာမို့ဂျောင်ဝန်းတစ်ယောက်ပြင်ဆင်မိသည်။ပြင်ဆင်လို့ပြီးတော့အချိန်က လာကြိုမဲ့အချိန်ထက် အနဲငယ်စောနေသေးသည်။အပြင်ဝံရံဒါဘက်ကိုထွက်လိုက်တော့ ရှေးဟောင်းအငွေ့အသတ်တွေနှင့်ပြည့်နက်နေတဲ့အဆောက်အအုံများကြားမှပန်းခြံငယ်လေး။ညနေ နေဝင်ချိန်မို့ လူစီကားနေသည်။

ဂျောင်ဝန်းတစ်ယောက်ဟိုကြည့်ဒီကြည့်နေတုန်း ဖုန်းထဲ message ဝင်သံကိုကြားလိုက်သည်။

*ကိုယ်ရောက်ပြီ*

ဂျောင်ဝန်း ဖုန်းနဲ့ ကျောပိုးအိပ်လေးသာယူရင်းထွက်လာသည်။သူနေသည့်မြို့က ဖက်ရှင်မြို့ဟုတောင်တင်စားရသော်လဲ ဝတ်နေကြပုံစံကတော့ ရိုးရိုးရှင်းရှင်းသာ။အခုလဲ အင်္ကျီအမဲကိုမှ ဘောင်းဘီကာကီရောင် သာဝတ်ထားသည်။အပေါ်မှ အစိမ်းပုဒ်ရောင်အနွေးထည်ထပ်ထားရင်း။

"အစ်ကိုအီသန်........."

"ကားပေါ်တက်"

"ဟုတ်"

ကားကစထွက်ကတည်းကပုံမှန်ထက်တိတ်ဆိတ်နေသည်။မနက်ကထိ ဆူဆူညံညံရယ်မောသံနှင့်ပြည့်နှက်နေခဲ့သည်ကိုအခုဘယ်လိုဖြစ်ရတာလဲ။ထိုသည်ကတော့ အီသန့်ရဲ့ဝတ်စားဆင်ယင်မှု့ကြောင့်ပင်။ပုံမှန်ဆိုလူကြီးတစ်ယောက်လိုဝတ်ထားပေမဲ့ အခုကသူတစ်ခါမှမမြင်ဖူးတဲ့ပုံစံမျိုး။သူက All black ဝတ်ထားပြီး နားမှာလဲနာကွင်းအသေးနှစ်ခုဝတ်ထားသေးသည်။

"အစ်ကို"

"အင်းပြောလေ"

"အခုဘယ်သွားမို့လဲ"

"ရောက်ရင်လဲသိမှာပဲကို..."

"ဟုတ်..."

တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားကြပြန်သည်။ သိပ်မကြာလိုက်သူတို့စီးနှင်လာတဲ့ကားလေးက club တစ်ခုရှေ့သို့ထိုးရပ်သွားခဲ့တယ်။

EIFFEL Where stories live. Discover now