EIFFEL

63 12 7
                                    

ဖြစ်ခဲ့ပြီးသောအခြေအနေအချို့ကိုမျက်ကွယ်ပြုကြရင်း ပဲရစ် ကိုပြန်ရောက်တာတောင် ၁ ပတ်လောက်ရှိရောပေါ့။စကော်လာရှစ်ကျောင်းသားတစ်ယောက်အနေနဲ့ ကျောင်းတော့တက်ပြပြီး စာလုပ်ပြရဦးမည်ဖြစ်သည်။
ပျင်းရိရိမဖြစ်နေပေမဲ့ အချစ်စွမ်းအားကြောင့် ချစ်ရသူဘေးမှမဖဝါးတောင်မသွားချင်။

နေရောင်ခြည်ဘယ်လောက်ပဲဆူးနေပါစေ..။ဘေးနားကဟောက်သံလေးကိုမသိမသာ နားထောင်ချင်သေးသည်မို့နေရှိရာဘက်ကိုဆက်ပြီးမျက်နှာမူရင်း ဆောင်ကိုဖတ်ကာ ကွေးနေမိသည်။

"ကျောင်းသွားရမယ်...ထတော့"

ရုတ်တရပ်ဟောက်သံလေးဟာ ရပ်သွားပြီး သူ့အားသတိပေးစက်အဖြစ်ပြောင်းသွားပြန်သည်။

"ကျွန်တော်က ကျောင်းသွားရမှာမှန်ပေမဲ့ အီဟီဆွန်းရဲ့ အလုပ်သမားမို့ အလုပ်ပဲလုပ်ပါမယ်!"

ကျောဆက်ခိုင်းထားပြီး အီသန်ပြောသည့် အိပ်ချင်မူးတူး အသံဖြင့်တစ်သံထဲဖြစ်အောင်တုန့်ပြန်လိုက်သည်။အသဲ့သဲ့တော့ခိုးရီရသည်ပေါ့။

တစ်ဘက်ကကျေနပ်သည် မကျေနပ်သည်ကိုတော့သူမသိချင်တော့..။

"၁ ၂ ၃ လို့ကိုယ်ရေမယ်... အဲ့အတွင်းထရင် ညနေကျောင်းပြန်တာနဲ့ Eiffel ပေါ်လိုက်ပို့ပေးမယ်!"

အီသန်အမိန့်သံမာန်ပါပါနှင့်ပြောလိုက်သည်။တစ်ဘက်က ကလေးကတော့ဘာတုန့်ပြန်မှုမှမလာပေ။ထိုတော့ ၁ ၂ ၃ ရေတွက်ရန်ပြင်ရသည်ပေါ့။

"၁"

"....."

"၂..."

"ထပြီ ထပြီ ဒါမဲ့ယောကျာ်းစကားအတိုင်း ညနေကြရင်တော့ Eiffel ကိုလိုက်ပို့ရမယ် အီဟီဆွန်း!"

၂ ရေဖို့ပြင်ထဲက အိပ်ရာပေါကထလာတာမြင်ပေမဲ့ နှုတ်ခမ်းထော်ခါးထောက်ပြီး ရန်တွေ့တဲ့မျက်ဝန်းတွေနဲ့သူ့ကိုအဲ့လိုပြောမယ်တော့သူမထင်ထားဘူးလေ။ အိပ်ရာနိုးနိုးခြင်းဖြစ်တော့ ရှုပ်ပွနေတဲ့ဆံပင်လေးနဲ့ သန်းထားလို့ တစ်စို့နေတဲ့မျက်ရည်စလေးတွေကလဲ တကယ့်ချစ်စရာအာပေတူးလေးဆိုတာပိုသိသာစသည်။

"ဟုတ်ပါပြီ ကိုယ်လိုက်ပို့မှာပါ ဒီနေ့ meeting ရှိလို့ ကိုယ်လိုက်မပို့နိုင်ဘူးနော်"

EIFFEL Dove le storie prendono vita. Scoprilo ora