Part (4)

156 15 2
                                    

စွဲငြိနှောင်တွယ်

🌸pann

Part (4)


စာမရလို့အတန်းသားရှေ့တွေမှာ ရိုက်ခံရလည်းကျွန်တော့်ကောင်မလေးက မှတ်သွားတယ်ထင်နေလား..။

အဲ့လိုထင်ရင်အလွဲကြီးလွဲသွားပြီဗျာ..။

အမှတ်တေးမရှိတာလား..မထားတတ်တာလားမသိ။

အတန်းထဲမှာရိုက်ခံရလို့ငိုပါငိုခဲ့​ပေမယ့် ညနေအိမ်ပြန်ချိန်မှာတော့ အရာအားလုံးမေ့သွားသူလိုပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမောနှင့်..။

မနက်ကရုပ်နဲ့အခုရုပ်အကွာကြီးကွာနေခဲ့တာပါ..။

အဲ့လိုရယ်မောနေပေမယ့် ကျွန်တော့်ကိုတော့စိတ်ကောက်ပြီးစကားမပြောခဲ့..။

သူစကားမပြောချင်တာတောင် သူ့သူမ​နေ..မိစံနဲ့လုံမကိုပါ စကားမပြောဖို့လိုက်ပိတ်တဲ့သူငယ်နာမစင်တဲ့ကောင်မလေးပါလေ ။

" နိုင်နိုင်နဲ့စကားမပြောကြနဲ့သိလား..စိတ်ပုပ်ကောင် သူစာရနေတာပဲပြောပြ​ပေးရင်ဘာဖြစ်မှာလဲ..သူ့အမှတ်လည်းလျော့မှာလည်းမဟုတ်ဘဲနဲ့..တင်တင်မာကသူ့လောက်စာမရလည်း ငါတို့ကိုပြောပြသေးတယ်..သူကတော့တစ်ရွာသားအချင်းချင်းတောင် မကူညီဘူး.. အလကားနိုင်နိုင်"

ရှေ့ကနေမိစံနဲ့လုံမတို့နဲ့အတူအတန်းလိုက် စက်ဘီးနင်းရင်း ကျွန်တော့်ကိုမကျေနပ်တဲ့အကြောင်းပွစိပွစိရွတ်လျက်..။

လုံမနဲ့မိစံတော့ ကျွန်တော့်ကိုအားနာသလိုနောက်လှည့်လှည့်ကြည့်ပေမယ့် ကျွန်တော်ကတော့ မျက်နှာတည်တည်နဲ့ သူတို့သုံးယောက်လုံးကိုဖြတ်ကျော်တက်ပြီး စက်ဘီးကိုအရှိန်ပြင်းပြင်းနဲ့ရှေ့ကနေအရင်ပြန်သွားနှင့်လိုက်သည်..။

" ဟော တွေ့လား တွေ့လား..ကိုယ့်ရွာသူတွေကိုအတူစောင့်ပြီး ခေါ်ပြန်မယ်မရှိဘူး..ငါတို့ကိုကျီးထိုးထိုးခွေးစားစား ပစ်ထားခဲ့တယ်ပေါ့လေ "

" မီလတ်ရယ်..နင်ပဲအမျိုးမျိုး..နင်ပဲသူ့ကိုမခေါ်ဘူးဆို "

" ငါမှားပါတယ်လေး ဘာလေးငါ့ကိုပြောအုံးမှပေါ့..တကယ်ဆိုငါဒီနေ့ရိုက်ခံရတာ သူ့ကြောင့်လည်းပါတယ် "

စွဲငြိနှောင်တွယ်Where stories live. Discover now