Part (25)

154 14 0
                                    

စွဲငြိနှောင်တွယ်


🌸pann


Part (25)



ဒီနေ့မနက်အိပ်ယာကနိုးတာနဲ့ မီလတ်မှာမပျော်နိုင်..။

မနေ့ကနိုင်နိုင်စိတ်ဆိုးသွားတာလည်း ရင်ထဲမှာမကောင်းနေ..။

ပြီးမနက်ဖြန်ဆိုနိုင်နိုင်ကရန်ကုန်ပြန်သွားတော့မှာ..အဲ့ဒါ​တွေးမိပြီးလည်းခံစားချက်​တွေအဆင်မ​ပြေ​နေ ။

နိုင်နိုင့်ကိုဘယ်လိုပြန်ချော့ရမလဲ..။

မနေ့ကငါ့ကိုတော်တော်စိတ်ဆိုးသွားတာလား..။

ငါလည်းကြီးကြီးမားမားလုပ်မိထားတာလည်းမရှိဘဲနဲ့..ဒီတိုင်းလေးငါခံစားရတာကိုပဲ ပြန်ပြောပြတဲ့ဟာကို ။

သူငယ်ချင်းတွေ​အောင်မြင်မှုကို မီလတ်မျှဝေလို့ခံစားလို့မရဘူးလားတဲ့..။

ပြီးကိုယ်ကိုယ်တိုင်ကလည်း အဲ့စာတွေဘက်ပါရမီကိုမပါနေတာနေမှာ..စာကြည့်ရမှာလည်းသေမယ့်လောက်ထိကို ပျင်းပြီးကြောက်နေတာ..အမှန်ဆိုငယ်ကတည်းကကျောင်းတက်ချင်တာမဟုတ်ဘူး ကျောင်းဆိုသွားကိုမသွားချင်တာ..အဖော်မက်လို့အဖော်ကောင်းလို့ ဆက်တက်ခဲ့ရုံလေးပဲ ။

တကယ်ဆိုဆယ်တန်းစစကျတုန်းကလည်း ပြန်တက်ဖို့စိတ်ကိုမကူးခဲ့တာ..နိုင်နိုင်ကပြန်တက်ခိုင်းပြီး အမေတို့ကိုပါသူကကျောင်းဆက်ထားခိုင်းတာမို့ မလွှဲသာမရှောင်သာပြန်တက်ခဲ့ရတာ..ဒါတောင်အဖော်မက်တဲ့မီလတ်က မိစံနဲ့လုံမကိုပါကျောင်းပြန်တက်ဖို့အရဆွဲဆောင်ခဲ့တာ..။

နောက်တစ်နှစ်လည်းအဲ့လိုပဲ..။

နိုင်နိုင်ကိုခင်မင်လွန်းတဲ့မီလတ်က နိုင်နိုင်တကယ်ပြန်မလာမှာကြောက်လို့ နောက်ထပ်တစ်ခါမတက်ချင်ခဲ့တဲ့ကျောင်းကိုဆက်တက်ခဲ့သလို မလုပ်ချင်တဲ့စာတွေလည်း စာအုပ်ထဲလိုက်ရေးလိုက်မှတ်ခဲ့ရပြီး ပျင်းဖို့အလွန်ကောင်းတဲ့စာသင်ခန်းမှာဆက်ထိုင်နေခဲ့ရတာ..။

ဒါတွေအားလုံးက သူ့အတွက်ကြောင့်ပဲ..။

သူ့ကြောင့်သူဖြစ်ချင်သလို လိုက်လုပ်ခဲ့ပေးတာမီလတ်ပါ..။

စွဲငြိနှောင်တွယ်Where stories live. Discover now