Part 1

406 19 4
                                    

"မေမေ''ရေ

"ကာကာ''ရေ..

မနက်မိုးလင်းတာနဲ့ တစ်ဦးထဲသောမောင်လေး''ညို''ရဲ့အသံလေးက တစ်အိမ်လုံးမှာဝေဝေဆာဆာပဲ...မောင်လေးဆိုလို့ကိုယ့်ထက်အများကြီးငယ်တယ်မထင်လိုက်နဲ့..''ဒေးမြက်ညို''ဆိုတဲ့ကောင်လေးနဲ့ကျမ''ဒေးကာညို''တို့က၃မိနစ်ပဲကွာတဲ့ အမြွှာတွေ..အမြွှာတွေဆိုလို့ အကျင့်တွေ ရုပ်တွေတူမယ်မထင်နဲ့..ပြဒါးတလမ်းသံတလမ်းပဲ...ကျမမှာ''ညို့''လိုလှတဲ့မျက်ဝန်းတွေမရှိဘူး...ယောကျ်ားလေးတန်မဲ့လှရက်လွန်းတဲ့မျက်ဝန်းညိုတွေရယ် သိပ်လှတဲ့နှုတ်ခမ်းပါးပါးရဲရဲလေးရယ်ဟာ ဘုရားစူးယောကျာ်းလေးလို့ပြောမှယုံရမယ့်အဖြစ်မျိုး...အခုလဲ မေမေနဲ့ကိုယ့်ကိုဘာတွေချွဲပီးခိုင်းချင်နေလဲမသိဘူး..

"ကာကာ''ရေ..

"ပြော..ဘာတုန်း..ညိုလေးရဲ့''

"ဒီနေ့လေ..ညို့သူငယ်ချင်းအေမီရဲ့ကောင်လေးရှိတဲ့ကျောင်းကိုလိုက်သွားမလို့.''

"ဘယ်ကျောင်းတုန်း..ညိုလေး..မေမေကလွှတ်မှာမဟုတ်ဘူးနော်...ပီးတော့ ဒီနေ့ကာကာလဲမအားဘူး..မေမေ့ဆိုင်မှာကူပေးမယ်လို့ပြောထားပီးသား...''

"ဟာ...အဲ့လိုနော်..လုပ်ပါ..ကာကာရယ်..မေမေ့ကိုကူပြောပေးပါဦးနော်..''

"နော်..လို့''

"ဘယ်ကျောင်းတုန်းအရင်ပြော..ညို''

"ဆေးကျောင်း''

"လုပ်ပါ..ကာကာရယ်..မန်းလေးမှာ ညို မသွားတတ်တဲ့နေရာမရှိပါဘူးဟ...ပီးတော့ ငါလဲယောကျာ်းလေးလေဟာ..တစ်ယောက်ထဲသွားချင်လာချင်တာပေါ့''

"နင်ကတခြားယောကျာ်းလေးတွေနဲ့မတူဘူး.ညို
အဲ့ဒါကြောင့်မေမေက နင့်ကိုတယုတယထားတာ..နားလည်ပါညိုရယ်...အခုတစ်ခေါက်တော့ မေမေ့ကိုငါရအောင်ပြောပေးမယ်..နောက်ခါတွေတော့ ငါမကူညီဘူးနော်..ညို''

"ဟေး..ဒါမှတို့ကာကာကွ''

ဒီတခေါက်ကူညီလိုက်တာ..ညို့ဘဝရော ကိုယ့်ဘဝရော ကမောက်ကမဖြစ်ဖို့လမ်းစဆိုတာသိခဲ့ရင် ငါရအောင်တားခဲ့မှာညိုရယ်...

⏭⏭⏭⏭

"ဟေ့..အေမီ..ငါဒီမှာ''

"ကြာလိုက်တာ..ညိုရယ်''

ညှို့နိုင်လွန်းတဲ့ မျက်ဝန်းညိုWhere stories live. Discover now