Part 2

275 18 3
                                    

(Unicode)

1 week Later!

"Ringing'

"​Hello''
"ညို''လား

"အင်း..ကျော်စွာ..ပြောလေ..''

"ငါတို့..ဒီနေ့ မင်းတို့အိမ်လာလည်မို့.. အဲ့ဒါကြိုပြောတာ''

"ဒါများ..အထူးအဆန်းလုပ်ပီးဖုန်းဆက်နေသေး''

"မင်းကလဲကွာ...မင်းmotherကြီးရှိလားလို့ အရင်လှမ်းမေးတာ...မင်းmotherကြီးရှိရင် ငါတို့လွတ်လွတ်လပ်လပ်စကားမပြောရမှာစိုးလို့ကွ''

"လာခဲ့..ဘာမှမဖြစ်ဘူး..မေမေလဲမရှိဘူး..ကာကာလဲမရှိဘူး...အိမ်မှာ ကြီးမြတို့ လေးလှထွန်းတို့ပဲရှိတယ်''

"အေး..ဒါပဲ..ခဏနေရောက်မယ်နော်''

Time Skip::

"ညို...ငါတို့ရောက်ပီ''

"လာ...ဒီနေ့အထူးအဆန်း ငါ့ဆီ၃ယောက်လုံးလာလည်နေတာ..ပြောစမ်း..ဘာအတင်းတွေပြောချင်နေတာလဲဆိုတာ''

(ယုဝါ )..''ဟဲ့..အေမီ..နင်ပြောလိုက်''

"ဟိုနေ့က..အချေကိုယ်တော်အကြောင်းပြောမလို့''

ညို့မျက်ဝန်းလေးတွေ တဖျတ်ဖျတ်လက်ပီး ရင်တွေခုန်သွားတယ်...

"သူ့နာမည်က မိုးထိတိုင်း..မီးအိမ်ရှင်အထူးကုဆေးရုံပိုင်ရှင် ဦးတိုင်းမြေခနဲ့ ဒေါ်မိုးသုန္ဒရီတို့ရဲ့၃ယောက်မြောက်သား..စာအရမ်းတော်ပီး အရမ်းထက်တယ်...တော်လွန်းလို့ တဖက်စောင်းနင်းချေမိုးနေတာပေါ့ဟာ''

(ညို.).? ??

(အေမီ). .''ပီးတော့ ချမ်းသာလွန်းတဲ့အပြင် တစ်အိမ်လုံးရဲ့ အချစ်တော် ..အထူးသဖြင့် သူကမားမားဘွိုင်းဟ...

(ကျော်စွာ). .မားမားဘွိုင်းကဘာကြီးတုန်း?

(ယုဝါ). .'မေမေ့သား..အမေချစ်သားကိုပြောတာ'

(ညို). ..နင်တို့က ဘာလို့ဒါတွေငါ့ကိုလာပြောပြနေရတာလဲဟ

"ဟင်...နင့်အကြောင်းမသိတာကျလို့ညိုရယ်..အဲ့နေ့ဆေးကျောင်းမှာ အဲ့လူကိုကြည့်နေကတည်းက ကျမတို့ကသိပီးသား...ရှင်လေးက ဘယ်တုန်းက ကျမတို့ကိုညာလို့ရလို့တုန်း''

ဟုတ်တယ်...သူတို့ပြောတာ..အဲ့နေ့ဆေးကျောင်းကပြန်လာကတည်းက ကျနော့်ဦးနှောက်ထဲမယ်
သူ့ရဲ့ပုံရိပ်ရယ်..အသံရယ်ဟာ ဖျောက်လို့မရဘူး..
သူ့အကြောင်း သူ့နာမည်တွေးလိုက်ရုံနဲ့ ရင်တွေအရမ်းခုန်လာတာဟာ..အဆမတန်ပဲ...
လူတွေပြောနေကြတဲ့အချစ်ဆိုတာလား..မြင်မြင်ခြင်းအချစ်လား...ဘယ်လိုအခြေအနေပဲဖစ်ဖြစ် ကျနော်သူ့ကိုချစ်တာသေချာနေမှတော့ ကျနော်ပိုင်ဆိုင်အောင်ကြိုးစားရမှာပေါ့..

ညှို့နိုင်လွန်းတဲ့ မျက်ဝန်းညိုWhere stories live. Discover now