Chapter-(3)

109 12 2
                                    


ရှောင်ယုရဲ့အဖေ ဆရာဝန်နဲ့ စကားပြောပြီးကုတင်ဘေးကို လျှောက်လာလိုက်တယ်
သူ့သားကိုကြည့်ပြီး သက်ပြင်းချလိုက်ကာ..

"သားကို အမှတ်အသားပေးတဲ့သူက ဘယ်သူလဲသား?"

ကျောက်ယုံရှန်နဲ့သူ့ဇနီးတို့ ကျောက်ရှောင်ယုကို ကိုယ်ဝန်ရလာတယ်။Betaနှစ်ယောက်ပေါင်းစပ်ပြီး ကလေးရတာမို့ မလွယ်ကူခဲ့ဘူး။ ကျောက်ရှောင်ယုမွေးတုန်းက ငွေတော်တော်ကုန်ကျခဲ့ရပြီး သူတို့သားလေးက omegaဖြစ်နေခဲ့တယ်။

သူ့သားက နေရာတိုင်းမှာ တော်တာကို ကျောက်ယုံရှန် တွေးနေမိတယ်
omegaတစ်ယောက်ဖြစ်ရုံတင်မက pheromonesကလဲ အားနည်းနေတာ ထိုကလေးရဲ့အားနည်းချက်....
သူ့သားက သိပ်ထူးခြားမှုမရှိတာကြောင့် omegaလို့ဆိုရင် သူ့ရဲ့လည်ပင်းက omega glandက သက်သေပြစရာတစ်ခုသာလျှင်ရှိတယ်။ ကျောက်ယုံရှန် သံသယဝင်လာပြန်ကာ တကယ့်ကို
သူတို့ betaက‌လေးပဲ မွေးထားတာလား...

(A/N:ကလေးက omega pheromonesအားနည်းလွန်းလို့ betaလိုမျိုးဖြစ်နေတာ အဲ့ဒါကြောင့်သူ့အဖေကလဲ omegaလို့မယုံနိုင်သေးဘူးလေ သူ့သားမှာ omegaဖြစ်တာ ပြရမှာဆိုလို့ glandပဲရှိတာ ကျန်တာ ပုံပန်းသွင်ပြင်တွေက betaအတိုင်းပဲ အဲ့ဒါကြောင့်ပါ)

သူနဲ့သူ့‌‌အမျိုးသားတို့က သူတို့သားရဲ့pheromonesကြောင့် သားကို ဘယ်သူမှမလိုချင်မှာကို နေ့တိုင်း စိတ်ပူနေရတယ်။

သူတို့သားကလဲ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။မကောင်းမြင်တတ်တဲ့သူတွေက သူတို့သားကို Betaယောင်‌‌
‌ေဆာင်ပြီးအခြားလူတွေကို လှည့်စားနေတယ်လို့ မကောင်းပြောကြတယ်။

ဒီအတင်းအဖျင်းတွေကို သူဂရုမစိုက်ပါဘူး
အခု သူ့သားက မတော်တဆမှုတစ်ခုကြောင့် အမှတ်အသားပေးခံလိုက်ရတာ ဒါကသာ သူ့ကို စိတ်ရှုပ်စေခြင်း...

"လိုဏ်ခေါင်းက အရမ်းမှောင်လွန်းတော့ အဲ့လူရဲ့မျက်နှာကို ကျွန်တော် သေသေချာချာ မမြင်လိုက်ရဘူးဖေဖေ"

ရှောင်ယု အမှန်အတိုင်းပြောလိုက်ပြီး...

"ဒါဆိုရင် သူ့နာမည်ကရော? သားသူ့ရဲ့နာမည်ကိုတော့ သိမယ်မလား? သူကတော့ တာဝန်ယူမယ်လို့ပြောသေးလား?"

ငါ့မှာ ချမ်းသာတဲ့သခင်လေးရဲ့ကိုယ်ဝန်ရှိနေပြီ(မြန်မာဘာသာပြန်)ခဏရပ်နားWhere stories live. Discover now