[ t h i r t e e n ]

346 55 47
                                    


" ဒုဥက္ကဌ ?! "

အတွင်းရေးမှူးကောင်လေး၏ သတိပေးစကားကြားမှ BaekHyun သတိဝင်လာမိသည် ။ အရှေ့ကို ကမမ်းကတမ်းပြန်ကြည့်မိတော့ ဘုတ်အဖွဲ့ဝင် လူကြီးတွေဆီက စူးစမ်းသည့် အကြည့်တွေနှင့်ရင်ဆိုင်လိုက်ရပါ၏ ။
အစည်းအဝေးခန်းထဲမှာ သတိလွတ်သွားမိသည်ပဲ ။

" Sorry ~ အစည်းအဝေးကို ခဏနားရအောင် ။ ကျွန်တော် အရေးပေါ်ကိစ္စလေးပေါ်လာလို့ ။ စိတ်မရှိပါနဲ့ ။ "

BaekHyun အစည်းအဝေးခန်းကနေ ထွက်ခဲ့ကာ ကားပါကင်အထိ တောက်လျှောက်ပြေးဆင်းလာခဲ့သည် ။ ဓာတ်လှေကားကို မသုံးဘဲ ရိုးရိုးလှေကားကနေ ဆက်တိုက်ပြေးဆင်းခဲ့တာမို့ ကားထဲကိုရောက်တဲ့အချိန်မှာ BaekHyun တော်တော့်ကိုမောဟိုက်နေခဲ့ပြီ ။ Necktie ကို ဖြုတ်ချပစ်ကာ BaekHyun အသက်ဝဝရှူမိသည် ။ သို့သော် ရင်အတွင်းမှနာကျင်ကာမွန်းကြပ်နေမှုက ပျောက်ကွယ်မသွား ။ လောလောလတ်လတ်မနက်ခင်းမှ မြင်ခဲ့ရသော မြင်ကွင်းက BaekHyun ၏ စိတ်အစုံအား ခြောက်လှန့်နေပါ၏ ။

Sehun နဲ့ Han NaBim ..

အတူလက်တွဲ၍ Sehun ၏ တိုက်ခန်းကထွက်လာသည်ဆိုကတည်းက ပတ်သတ်မှုက လေးနက်မှန်း BaekHyun ရိပ်မိသည် ။ ပြီးခဲ့တဲ့ရက်တွေတုန်းက BaekHyun တစ်ယောက်ထဲတစ်ဖက်သတ် နာကျင်ခဲ့ရသည်မှာ အထင်အရှားပင် ။ Sehun အတွက်တော့ BaekHyun က ဆန္ဒတွေဖြည့်ပေးမည့် အိပ်ယာထက်က အဖော်ဆိုတာထက် တကယ်မပိုဘူးထင်ပါသည် ။
Sehun ၏ ထွက်သွား ဟူသော စကားနောက်မှာ သူက ပြိုကျနာကျင်နေပေမဲ့ Sehun ကတော့ အပျော်ရှာပင်မပျက် ။

ပြီးတော့ ထိုမိန်းမနှင့်မှ ။

BaekHyun သွေးကြောတွေအထိ နာကျင်ခံပြင်းသွားရသည် ။

BaekHyun ထိုနေ့ညက Sehun အိမ်ကနေ ဒေါသစိတ်နှင့်ထွက်ခဲ့သော်လည်း နောက်နေ့မနက်မှာတော့ လွမ်းဖျားလွမ်းနာကျရသည်သာ ။ Sehun သာဆိုလျှင်တော့ မာနတွေချနင်းခံရလဲ ဘာအရေးလဲဟု သတ်မှတ်ကာ Sehun ကို တောင်းပန်ဖို့ သူအကြိမ်ကြိမ်ကြိုးစားခဲ့သည် ။ ဖုန်းခေါ်ရင်ကောင်းမလား ဟူသောအသိ ။ မခေါ်ရဲသော သတိတို့ဖြင့် ချီတုံချတုံဖြစ်ကာ ဝမ်းနည်းနာကျင်ခဲ့ရသည် ။ တကယ့်ကို အရူးလိုပါပင် ။

the V I L L A I N(Zawgyi+Uni)Where stories live. Discover now