[ f o u r ]

1K 137 46
                                    

(Zawgyi Code)

Warning: This part contain mature content.So,read with your own risk.

"Sehun     ...     hunna "

ကားကိုပါကင်ထိုးပြီးတဲ့အချိန် sehun ကို
လှုပ်နှိုးကြည့်သော်လည်း တုပ်တုပ်မျှမလှုပ်သည့် ကိုယ်တော်ချောက အတော်ရေချိန်
ကိုက်နေသည့်ပုံပေါ်ပါ၏။ဆယ်နှစ်ဆိုသော ကာလသည် ရိုးသားသည့်စံပြကျောင်းသားလေး Sehun ကို ဤသို့ပြောင်းလဲသွားစေသည်လား။

"အိမ်ရောက်ပြီ hunna.. ငါ့ကိုတွဲနော် "

Baekhyun ကားထဲက Sehun ကိုယ်ကိုဖြေးဖြေးချင်းတွဲထုတ်လိုက်သည်။နဂိုကတည်းက လူကောင်ကြီးသည့် Sehun ကို
မချီရုံတမယ်တွဲနေရတာမို့ ထင်သလောက်ခရီးမပေါက်။ချွေးပြိုက်ပြိုက်ကျသည်အထိ ရုန်းကန်တော့မှ Sehun ကို အိမ်ထဲထိအပါ ခေါ်လာနိုင်ခဲ့ပါ၏။

အိပ်ခန်းထဲရောက်တော့မှ Sehun ကို ကုတင်ပေါ်အရင်ပစ်ချပြီး ဘေးမှာခဏထိုင်နေမိသည်။

Baekhyun ရင်ထဲ တနွေးနွေးခုန်နေပါ၏။

ပုံမှန်စိတ်နဲ့သာဆို Sehun က အိမ်ကိုခြေချမည်တောင်မဟုတ်။ခုလို လူမှန်းသူမှန်းမသိမူးနေ၍သာ Baekhyun ကုတင်ပေါ်ထိရောက်နေတာမဟုတ်လား။မနက်မိုးလင်းရင်
ဘယ်လို မိုးမီးလောင်ဦးမည်မသိ။သို့သော်..
Baekhyun ပျော်နေပါ၏။

"Ummmm.. "

အမူးလွန်နေသည့် Sehun အား ပုခုံးမှဆွဲမကာ သေချာနေရာချပေးလိုက်သည်။
ထို့နောက်.. လွမ်းမောနေခဲ့ရသော မျက်နှာချောချောအား အနီးကပ်ကြည့်မိသည်။

" လွမ်းနေခဲ့တာ... "

"ကောင်းကောင်းအရွယ်ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ် hunnie.. "

Baekhyun ရင်ထဲထိခတ်လာသည့် နာကျင်မှုကြောင့် မျက်ရည်ကျမိပါ၏။ဘယ်ကဘယ်လိုစမှားယွင်းခဲ့မှန်းမသိပေမဲ့ ဒီလိုစကားမျိုးကို Baekhyun ဘယ်လိုမှ Sehun အသိစိတ်ရှိနေချိန်တွင်ပြောခွင့်ရမည်မဟုတ်။

Baekhyun နှုတ်ခမ်းဖျားတွေတဆတ်ဆတ်တုန်ရင်လာမိသည်အထိကြောက်ရွံ့ နေမိပါ
သည်က Sehun ၏ အမုန်းရိပ်ကိုခံစားနေမိသောကြောင့်။

Sehun ၏ နဖူးပြင်ထက်အား အနမ်းဖွဖွချွေချမိသည့် အခါ... Baekhyun မှာ အနမ်းခံရသည့် အပျိုဖြန်းလေးလို ရှက်ရွံ့ လာမိသည်။

the V I L L A I N(Zawgyi+Uni)Where stories live. Discover now