အပိုင်း ၁၀။

78 1 0
                                    

ည.. အချိန်ကား ၈ နာရီကျော်ပြီ။ .. ဘုန်း . .. ဇေယျတုခြံထဲထွက်လာပြီး မှောင်ရိပ်ကိုခိုကာ မဟာဓန ခြံဘက်ကို လျှောက်လာခဲ့သည်။ ဆိတ်ငြိမ်ရပ်ကွက်မို့ လူရှင်းလှသည်။ ထိုထက် မဟာဓန ခြံကြီးကား အရင်နဲ့မတူ တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ဒီအခြေအနေကား ဘုန်းအတွက် အခွင့်အရေးကောင်းပဲဖြစ်သည်။ ဘုန်း ခြံထောင့်က သစ်သားတံခါးလေးကို ကျော်ပြီးဝင်လာခဲ့သည်။ ခြံဝင်းကြီးတစ်ခုလုံးသည်ကား ခြုံနွယ်တွေပိန်းပိတ်အောင် ထူနေတာ၊ ရုတ်တရက် ခြံအတွင်းကို မမြင်နိုင်အောင်ပင်။ ဘုန်း အိမ်အနောက်ဘက်ကို သတိနဲ့ပတ်ပြီးသွားလိုက်သည်။ ဒီအိမ်က အကို့အိမ်လောက် မရင်းနှီးခဲ့။ ကိုဝဏ္ဏက ဘုန်းကိုဆိုလျှင် ပြိုင်ဘက်လိုသဘောထားလေသလားမသိ။ အမြဲမပြုံးမရယ်နဲ့။ အကိုနဲ့ ဘုန်း ရယ်မော ဆော့ကစားနေလျှင် ပိုဆိုးတတ်သည်။ မျက်ထောင့်နီနဲ့ ကြည့်နေတတ်တာ။ မိုးတိမ်လွှာကိုတော့ဘုန်း ခင်မင်သည်။ ဒါပေမယ့် ဘုန်းပြန်ရောက်ပြီးတည်းက မိုးတိမ်လွှာကို မတွေ့ခဲ့ရ။ ခရီးထွက်သွားသည်လို့ပဲ စုံစမ်းလို့ရခဲ့တာ။ ဘုန်း နောက်ဖေးတံခါးကို အသာတွန်းလိုက်တော့ တံခါးက ပွင့်သွားသည်။ ဘုန်းသတိကြီးစွာဖြင့် အိမ်ပေါ်ထပ်က ဉီးမော်ဟန် အလုပ်ခန်းကို ခြေသံလုံစွာတက်လာခဲ့လိုက်သည်။ အလုပ်ခန်းသည်ကားတံခါးလုံခြုံစွာပိတ်ထားလျက်။ တံခါးသော့ကို ကလစ်ဖြင့်ဖွင့်လျှင်ကြမည့်အချိန်ကိုတွက်ကြည့်ရင်း မဖြစ်နိုင်တာမို့ ပြန်ဆင်းရန်ဟန်ပြင်နေတုန်း တစ်ဘက်ခန်းမှ အမျိုးသမီးတစ်ယောက် ဗြုန်းဆိုတံခါးဖွင့်ထွက်လာတာမို့ ဘုန်း ထိုအမျိုးသမီးအသံမထွက်စေရန် ပါးစပ်ကိုလက်ဖြင့်အုပ်ကာထားလိုက်ရသည်။"အားရီ။ ယွမ်အားရီ။ ကျွန်တော် ဘုန်းဇေယျတုပါ"ရှောင်ယွမ် အံ့အားသင့်လျက် ဘုန်းဇေယျတုကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်မိသည်။ ထိုကလေးက ဘာလို့ပြန်လာရတာလဲ။ သူ့ကို မော်စီတို့ ဘယ်လောက်မြေလှန်ရှာနေတယ်ဆိုတာ မသိလေရော့သလား။ သက်သေတွေရော ဘယ်တွေရောက်ကုန်တာလဲ။ ရှောင်ယွမ် ဘာကိုမှ မေးဖို့မလိုအောင် ဘုန်းလက်ထဲက ကင်မရာအသေးစားလေးက အဖြေပေးလိုက်သလိုပင်။ ပါးနပ်တဲ့ ရှောင်ယွမ်သည်ကား အခန်းထဲတစ်ဖန်ပြန်ဝင်ကာ သူမဖွက်ထားခဲ့တဲ့ သော့တူဖြင့် မော်စီရဲ့ အလုပ်ခန်းတံခါးကို ဖွင့်ပေးလိုက်သည်။ ဘုန်း မိနစ်ပိုင်းလောက်ပဲရတဲ့ အခွင့်အရေးကို အံ့အားသင့်မှုနှင့် အချိန်မဖြုန်း။ အခန်းထဲဝင်ကာ ရှုကွင်းအကောင်းဆုံး ဒေါင့်မှာ လုံခြုံစွာပဲ ကင်မရာလေးကိုတပ်ဆင်လိုက်သည်။ ရှောင်ယွင်ကို လက်ပြနှုတ်ဆက်ပြီး အပြေးလေးဆင်းသွားတဲ့ ဘုန်းဇေယျတုကို ကြည့်ရင်း ရှောင်ယွင် အခန်းတံခါးကို ပိပိရိရိ ပိတ်ပစ်လိုက်သည်။ ရှောင်ယွင့်နှုတ်ခမ်းမှာ အပြုံးလေးတစ်ပွင့် ဖြစ်ပေါ်လာခဲ့ပြီ။ အောင်မြင်ပါစေ ဘုန်းဇေယျတု။ ရှောင်ယွင်ရဲ့ အိမ်မက်ဆိုးကြီးကား ပြီးဆုံးချိန်ရောက်တော့မှာပဲ။************************"လွှာ... အိမ်ကိုလွမ်းနေပြီလား။"View point က ခုံတန်းလေးမှာထိုင်ရင်း သံလွင်မြစ်ကြီးကိုငေးနေရှာတဲ့ သူငယ်ချင်းကို မှုန် မေးလိုက်ခြင်းပင်။အိမ်ကို မလွမ်းပါဘူး မှုန်။ အိမ်မှာလဲ ကိုယ့်ကိုလွမ်းမယ့်သူဆိုတာ မရှိဘူး လေ အားရီကလွဲရင်ပေါ့။ နောက်ပြီး ကိုယ် အိမ်ကို ကြောက်တယ် မှုန်ရယ်။ မှုန်တို့နဲ့နေရတာ ပျော်တယ်။မိုးတိမ်လွှာစကားကို မှုန်နံသာ ကျေနပ်စွာဖြင့်ပင် နားထောင်နေမိသည်။ မှုန်နံ့သာတို့ မော်လမြိုင်ရောက်နေတာ တစ်လပြည့်တော့မည်။ တစ်ပါတ်ပဲနေပြီးပြန်မယ်ဆိုကာမှ ဖေဖေဉီးမင်းထင်က အ‌‌ရေးပေါ် ခရီးသွားရတာမို့ အိမ်မှာမေမေပဲ ကျန်နေမှာစိုးရိမ်ပြီး မှုန်လည်း မပြန်ဖြစ်သေးသလို လွှာ့အဒေါ် ယွမ်အားရီရဲ့ ခွင့်ပြုချက်ဖြင့် သူတို့နှစ်ယောက် အေး‌အေးချမ်းချမ်း ပျော်နေနိုင်တာဖြစ်သည်။"ဒါနဲ့လွှာ အိမ်မက်ဆိုးတွေမမက်တော့တာ ကြာပြီနော်။ မှုန့်ကို ပြောပြမယ်ဆို..""မှုန်.. တစ်ကယ်တော့လေ.. လွှာဟာ ဟန်ဆောင်နေခဲ့ရတာ.. အဲ့ဒီအိမ်ကြီးထဲမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မပြောရဲလို့ ဟန်ဆောင်နေခဲ့တာပါ။မိုးတိမ်လွှာ မိခင်ကို ဖခင်ကဓါးနဲ့ထိုးလိုက်သည့် နေ့တည်းက တစ်လနီးပါး အပြင်းဖျားခဲ့ရသည်။ ယွမ်အားရီက မိုးတိမ်လွှာကို ပုံပြင်လှလှလေးတွေ ပြောပြတတ်သလို သမီးဘာမှမမှတ်မိရင် ဘာမှမဖြစ်ဘူးနော်။ ဘယ်သူ့ကိုမှလဲ မှတ်မိစရာမလိုဘူး။ အားရီကိုပဲ မှတ်မိနော် ဆိုတဲ့ စကားကိုနေ့တိုင်းပြောတာမို့ သူဘာကိုမှမမှတ်မိတော့ဘဲ အတိတ်မေ့နေချင်ယောင် ဆောင်နေခဲ့ရတာ။ အားရီက ဖခင်ကြီးကိုဇွတ်တောင်းဆိုလို့ လွှာနဲ့ မှုန်နဲ့ဆုံတွေ့ရာ ဘော်ဒါဆောင်ကို လွှာရောက်ခဲ့ရပြီး အိမ်ကြီးထဲက ညတစ်ညနဲ့ပတ်သက်လျှင် အိမ်မက်ဆိုးလောက်သာ ခံစားခဲ့ရတာ။ အိမ်ကိုပြန်ရောက်တာနဲ့ အတိတ်ကအဖြစ်တွေ အသစ်ပြန်ဖြစ်လာတာမို့ အဖေ့ကိုရော အကို့ကိုရော ဘယ်သူ့ကိုမှ လွှာ မျက်နှာချင်းမဆိုင်ချင်။မှုန်နံ့သာ မျက်မှောင်ကျုတ်သွားမိသည်။ မိုးတိမ်လွှာက အိမ်မက်အကြောင်းဝေမျှနေသလောက်သာ ပြောပြနေပေမယ့် သူမပြောသည့်အဖြစ်အပျက်ကားသွေးပျက်ဖွယ်ကြီးသာပင်။"လွှာ.. ဒီအတိုင်းနေလို့ဖြစ်မလား။ မှုန့်ဖေဖေကိုပြောပြသင့်တယ်ထင်တယ်။ ဖေဖေကူညီနိုင်လိမ့်မယ်။"မလုပ်နဲ့ မှုန်.. အဲ့လိုဆိုရင် လွှာ့မှာ ဖေဖေလည်း မရှိတော့ဘူးဖြစ်တော့မှာ။ နောက်ပြီး အားရီနဲ့ လွှာတို့ ဘယ်လိုရှေ့ဆက်ကြမလဲ။ လွှာကြောက်တယ်မှုန်.."မှုန်နံ့သာ သူငယ်ချင်းကို ကြည့်ရင်းကပင် မွန်းကျပ်လာရသည်၊ နှစ်ပေါင်းများစွာမျိုသိပ်ထားရရှာတဲ့ နာကျင်မှုနဲ့ကြောက်ရွံ့မှုတွေကို ဘယ်လိုကူညီနှစ်သိမ့်ရမယ် မသိနိုင်တော့ပေ။*************************************ဝဏ္ဏကိုကို ကုမ္ပဏီကနေ နေဝင်းလမ်းကို ကားဘယ်လိုမောင်းလာမှန်းမသိ။ နေ့လည်ပိုင်း ဝဏ္ဏ ရဲ့ ကိုင်ရာကုမ္ပဏီကို ရဲတွေရောက်လာပြီး ဝဏ္ဏတို့ဆီက သင်တန်းဆင်း မော်ဒယ်တစ်ဉီး ကလီစာထုတ်ရောင်းခံရပြီး မသေရုံတစ်မယ် အိမ်ပြန်ရောက်လာတာ။ သူ့မိသားစုကစုက ရဲကို တိုင်ပြီး မသေခင်မသေခင် ကြုံခဲ့ရသမျှ ပြောပြသွားတာမို့ ဝဏ္ဏတို့ ဘာများသိနေသလဲ လာစစ်ဆေးတာတဲ့။ ဝဏ္ဏ ရှိန်းကိုစိတ်ပူမိသည်။ ကိုကို့ကို ရှိန်းနဲ့ လဲထပ်လိုက်ရတာထက် ကိုယ့်ဘာသာ ရအောင်လိုက်တော့မယ်။ ရှိန်းကိုတော့ လွတ်ရာကို ပို့ပေးထားဖို့ အတွေးနဲ့ ခပ်မြန်မြန် လာခဲ့ရတာ။ သူလိုချင်တာဆိုရင် ရအောင်လုပ်တတ်တဲ့ ဖေဖေ့ကို ဝဏ္ဏလန့်လာမိတယ်။ သေသွားတဲ့ကောင်လေးက ဖေဖေကိုယ်တိုင် တရုတ် ဝမ်သူဌေးဆီ ပို့ပေးလိုက်တဲ့ကောင်လေး ၄ ယောက်ထဲက တစ်ယောက်ပင်။ ဒါဆိုကျန်တဲ့သုံးယောက်ရဲ့ အခြေအနေကရော။ သူတို့အဆင်ပြေနေလို့ ပြန်မလာတာမဟုတ်တော့ဘူးပေါ့။ ဝဏ္ဏအိမ်ရောက်တော့ ရှိန်းမရှိတော့။ ဝဏ္ဏရဲ့ရှိန်းကိုအသားကုန်အော်ခေါ်သံတွေ ကြောင့် အနာရှိန်နဲ့ တစ်မနက်လုံးမထနိုင်တဲ့ ဘုန်းဇေယျတု မှိန်းနေရာက နိုးလာပြီး အသာစောင့်နားထောင်နေမိသည်။ ဝဏ္ဏ သွေးပျက်စွာဖြင့် ရှိန်းဖုန်းနံပါတ်ကို ဆက်တိုက်ခေါ်နေမိသည်။ တစ်ဘက်က ရှိန်း ဖုန်းကိုင် တာနဲ့ ဝဏ္ဏ အသက်မရှူစတမ်း ပြောမိတော့သည်။"မင်းအမြန်ပြေးတော့ရှိန်း မင်းကို အခုခေါ်ထားတဲ့လူတွေက ငါ့လူတွေမဟုတ်ဘူး ရဝေအောင့်လူတွေ လုံခြုံရာကိုရှာပြေး။ ပြီးရင်ငါ့ဆီဖုန်းပြန်ဆက်"ဝဏ္ဏအော်နေတုန်း တစ်ဘက်က ဖုန်းပြန်ဖြေလာသည်။ ရှိန်းအသံမဟုတ်။"မော်စီ့သား သတ္တိကောင်းလှခြည်လား မမီတော့ဘူးကွ၊ မင်းကောင်လေးကို ငါတို့တစ်ကိုယ်လုံးဈေးကွက်တင်လိုက်ပြီးပြီ။ မဆိုးဘူး ကိုင်ရာ။ မင်းဉထားပေးတဲ့ကောင်လေးက ကျောက်ကပ်တစ်ဘက်ကိုတောင် သိန်း ၅၀၀ ရတယ်ကွ။ ဟားဟား.. ။ ဟေ့ကောင်ကိုင်ရာ မင်းအဖေဒုက္ခမရောက်စေချင်ရင် မင်းစောက်ပါးစပ်ပိတ်ထား။"ပြောဆိုပြီး ဖုန်းချသွားတာမို့ ဝဏ္ဏသောကတွေတအားဖြစ်နေပြိး အိမ်ပြင်ကို အပြေးပြန်ထွက်သွားပြန်လေသည်။အခန်းထဲကနေ အသံတွေအကုန်ကြားလိုက်ရတဲ့ ဘုန်းဇေယျတု ကပြာကယာဖုန်းကိုဖွင့်လိုက်ပြီး ရှိန်းရဲ့ဖုန်းမှာ သွင်းပေးထားတဲ့ GPS ကို ထောက်လိုက်တော့ ထိုင်ဝမ်သွားမယ့် ရှိန်းရဲ့ တည်နေရာက မှော်ဘီဘက်က ရိုးမတောတန်းကြီးထဲမှာ နေရာပြနေသည်။"ဒီအတိုင်းဆိုရင် ရှိန်းဒုက္ခရောက်နေတာသေချာပြီ။ ရှိန်းရဲ့သူဌေးက ပို့တာမဟုတ်ဘူးဆိုတော့ ဘယ်သူပို့တာဖြစ်မလဲ။"ဘုန်း မနေ့က အလုပ်ကြွေးကို အရင်ဆပ်လိုက်ရသည်။ သူ့လှုပ်ရှားမှုအသစ်ကို မက်ဆေ့ပို့လိုက်ပြီး reply ပြန်တာကိုတောင်မစောင့်နိုင်တော့ဘဲ ရှိန်းရှိနေတဲ့ တည်နေရာကို သေသေချာချာစေ့ငုကာ နောက်ကလိုက်သွားဖို့ ပြင်ဆင်လိုက်တော့သည်။******************************ရှိန်းဆက်သွင်.. မနေ့တုန်းက ထက် ဒီနေ့ အခြေအနေပိုဆိုးနေတာကို သတိရတာနဲ့ခံစားလိုက်ရသည်။ မနေ့က လူဝင်ကြိုရမှာ ဆိုလို့ စိတ်ချလက်ချ အိပ်လိုက်လာမိတာ။ နှာခေါင်းကို ပိတ်ပြီး ဇွတ်ရှူခိုင်းတဲ့အနံ့စူးစူးကြောင့် အေးစက်စက်ကုတင်ပေါ်မှာ လက်တွေရော ခြေတွေရော ခြည်တုပ်ထားခံရလျက် သတိရလာခဲ့ရသည်။ အိမ်ကထွက်လာတုန်းကအကောင်းအတိုင်း အဝတ်အစားတွေလည်း ကိုယ်ပေါ်မှာမရှိတော့။ စောင်စုတ်တစ်ထည်သာ ကန့်လန့်ဖြတ်ကိုယ်ပေါ်မှာလွှားတင်ထားတာ။ ရှိန်း ကိုယ့်ကိုယ်ကို ဘာဖြစ်မှန်းမသိနိုင် ဝေဝေဝါးဝါး အသိစိတ်တွေက ဒါမဂ္ဂဇင်းဓါတ်ပုံအတွက် ရိုက်ကွင်းစီစဉ်ထားတာလားလို့ပဲ တွေးမိသည်။ လက်မှာလည်း သွေးစုတ်ထုတ်နေတဲ့ အပ်နဲ့ပိုက်ကတန်းလန်။ လူကခေါင်းပဲ မူးသလိုလို.. ရင်ထဲကပဲတုန်းသလိုလို .. ခြေရင်းနားက အမှောင်ထအရိပ်တစ်ခုတွေ့လိုက်တာမို့ လန့်သွားမိပေမယ့် သူ့လက်က အပ်ကိုလာဖြုတ်တော့မှ လူတစ်ယောက်ထိုင်နေတာလို့ ရိပ်မိတော့သည်။ခဏကြာတော့ ကုတင်အနားကို လူနှစ်ယောက်လာရပ်ပြီး သူ့ကိုသေချာကြည့်ကာ သူနားမလည်တဲ့စကားတွေ ပြောကြသည်။ ရှိန်းရင်တွေပူနေပြီ ရေသောက်ချင်လို့ ရေတောင်းတော့ ဟာဝေယံအင်္ကျီနဲ့လူက သူ့ကိုစိမ်းစိမ်းကြည့်ပြီး အခန်းထဲကထွက်သွားလေသည်။ ထိုစဉ် အခန်းထဲကျန်နေခဲ့တဲ့ နိုင်ငံခြားသားက ရှိန်းနားမလည်တဲ့စကားတွေပြောပြီး လူကိုယ်လုံးကိုပွတ်သပ်လာတာမို့ ရှိန်းစိတ်မသက်သာ။ ကုတင်ကမာလှတဲ့စတီးကုတင်မို့လို့ ကျောတွေလည်း နာလှပြီ။ ‌ရေ ပေးပါ လို့တောင်းနေပေမယ့်လည်း ထိုလူက ထူးဆန်းတဲ့အကြည့်တွေနဲ့ ရှိန်းကို ကြည့်ရင်း လူတစ်ကိုယ်လုံးကို မညှာမတာ နမ်းတာ ကိုက်တာတွေလုပ်လာတော့သည်။ ရှိန်းရုန်းရင်းကန်ရင်း သူ့ကိုယ်ပေါ်တက်လာတဲ့ ထိုလူကို ခါချပေမယ့် ခြေတွေလက်တွေကိုခြည်နှောင်ထားတဲ့ကြိုးတွေကသာ ပိုတင်းလာတာ။ နာကျင်ခံခက်တဲ့ခံစားချက်ကြောင့် တအားအော်ပစ်ပေမယ့် ကူညီမယ့်သူမလာ။ သူ့ကိုယ်ပေါ်ကလူကတော့ သူနားမလည်တဲ့ ဘာသာစကားနဲ့ အော်ရင်း ဟစ်ရင်း သူ့ကိုယ်လုံးကိုစားသုံးနေတော့သည်။ ရှိန်း နားမလည်.. ငါဘာတွေဖြစ်တာလဲ.. ငါဘယ်ရောက်နေတာလဲ။ ငါ့ကိုဘာလို့ဒီလိုတွေလုပ်နေတာလဲ။ မျက်ရည်များက နာကျင်မှုကြောင့်ရော အားငယ်မှုကြောင့်ရော အိမ်မက်မဟုတ်တဲ့ အဖြစ်ကြောင့်ရော တွေတွေကျလာပြီး စိတ်ပေါက်ပေါက်နဲ့ အော်ငိုမိတော့သည်။ သူ့ကိုယ်ပေါ်ကလူကတော့ ချွတ်ချထားတဲ့ဘောင်းဘီက ခါးပတ်ကို ဖြုတ်ယူလိုက်ပြီး အော်ငိုနေတဲ့ရှိန်းကို ခြေရောလက်ရော ဝက်တုပ်တုပ်ထားတာ‌တောင် အားမနာစတမ်း အားကုန်လွှဲကာရိုက်နေတာမို့ လူတစ်ကိုယ်လုံး နေရာလပ်မရှိအောင် နာကျင်နေရတော့သည်။ ရှိန်းကိုယ်ပေါ်တက်လိုက်ဆင်းလိုက် လူကိုရိုက်နှက်လိုက် နဲ့ မည်မျှကြာသည် ရှိန်းမသိတော့။ နောက်ဆုံးတစ်ခေါက် အားကုန်အော်လိုက်ပြီးတာနဲ့ ရှိန်း လောကကြီးနဲ့ အဆက်ပြတ်သွားခဲ့ရတော့သည်။အခု သတိရတဲ့အချိန်မှာ လူကတော့ မနေ့ကအတိုင်း ဝက်တုပ်တုပ်ကာ ခြည်ထားလျက်။ လူတစ်ကိုယ်လုံးနာကျင်နေပေမယ့် အောက်ပိုင်းနေရာအနှံ့က ပိုနာကျင်နေတဲ့အပြင် အနံ့ပေါင်းစုံကလည်း မသတီစရာ။ ရှိန်း.. ဒီနေရာမှာ အသက်သေအောင်သတ်မယ်ဆိုရင် အဲ့ဒီလူကို ကျေးဇူးတင်မိတော့မှာပင်။ သေတာထက်ဆိုးတဲ့ဘဝမျိုး ရှိန်းလက်တွေ့ခံစားနေရတာ။ ခြေထောက်တွေလှုပ်ကြည့်တော့လည်း အာရုံမခံစားရ။ နာကျင်မှုကသာ ကြီးစိုးနေသည်။ စပွန်ဆာပေးတယ်ဆိုတာ ဒါမျိုးလား။ အ‌‌စောကသိရင် အဲ့ဒီစပွန်ဆာကို မယူပါဘူး။ ကိုရဝေအောင်က မင်းကို ကိုင်ရာက ချစ်လွန်းလို့စီစဉ်ပေးတာ ဆိုတဲ့စကားတစ်ခွန်းနဲ့တင် ဘာမှထပ်မမေးဖြစ်တော့ဘဲ ခေါ်ရာလိုက်လာမိတာ သူ့အမှားလား။ "ကိုကိုရေ.. ဘာလို့များဒီလောက် ရက်စက်ရတာလဲဗျာ""ဟိုကောင်လေးကို ရေတိုက်ပြီးအစားကျွေးထားလိုက်။ ထွက်မပြေးနိုင်အောင် အခန်းတံခါးကို သေချာပိတ်ထား။ မနက်ဖြန် အစားထိုးမယ့်လူနာတွေ ဆေးရုံရောက်တာနဲ့ သူ့ကိုတစ်ဘက်ကမ်း ပို့မယ်။ သူဟိုဘက်ကမ်းရောက်တာနဲ့ မင်းတို့ခြေရာဖျောက်ကြ။ ငါစိတ်ချမယ်။ အေး တစ်ခုခုမှားရင်တော့ မင်းတို့သေဖို့ပဲတွေးထားလိုက်ကြ။"အခန်းအပြင်က အသံတွေကို အတိုင်းသားကြားနေရတာမို့ ရှိန်းကျောရိုးတွေစိမ့်တက်အောင် ကြောက်သွားမိသည်။ ငါ့ဘဝတော့ သွားပါပြီ။ .. မေမေရေ.. သားကိုခွင့်လွှတ်ပါ။ မေမေက ကိုကိုကိုင်ရာ့ကို ချစ်မိတဲ့သားကို ယျောက်ျားလေးချင်း ကြိုက်ရပါ့မလားဆိုပြီး နှင်ချခဲ့ပေမယ့် သားကတော့ မေမေ့ကို တစ်ရက်မှ မေ့မထားပါဘူး။ သား နှုတ်ဆက်ပါတယ်မေမေရေ. .."မင်းအမြန်ပြေးတော့ ရှိန်း..." ဆိုတဲ့ အသံက ကိုကို့အသံ.. ငါ့ဖုန်းကို ဟိုလူကြီးပြန်ဖြေနေတာပဲ. ကိုကိုရေ ကျွန်တော့်ကို ကယ်ပါအုံး..ပြင်းထန်တဲ့ ခံစားချက်နဲ့ ဒဏ်ရာတွေကြောင့် အပြန်အလှန်စကားပြောနေတာကို နားထောင်နေရင်းကပဲ ရှိန်းဆက်သွင် တစ်ခါထပ်ပြီး သတိလစ်သွားရပြန်သည်။**********************ဆက်ရန်....ဖတ်ရတာ အဆင်ပြေကြပါစေဗျ။

အသက်ကိုနှင်း၍Where stories live. Discover now