Special Chapter part 1. Z

53 0 0
                                    

အသက်ကိုနှင်း၍ ... Happy Birthday Hbone... 🔞🔞🔞🔞မြရိပ်ခြယ်စံအိမ်ကြီးအတွင်း.. သီချင်းသံသဲ့သဲ့ကြားနေရသည်။ ဒီနှစ်ပိုင်းတွေမှာ သောကတွေ အမုန်းတွေ သံသယတွေနဲ့ ပြည့်နှက်နေတဲ့ ဒီပတ်ဝန်းကျင်ကို လွင့်ပျံလာတဲ့ သီချင်းသံလေးက နှစ်သိမ့်ပေးနေသယောင်ပင်။ အားလုံးအေးချမ်းပြီကွဲ့။ ပျော်နေကြပြီကွဲ့။ ပြည့်စုံနေကြပြီကွဲ့လို့ ကြေညာပေးနေသည်။"'အကို.. တော်ပြီ။ ထပ်မကြိုးစားနဲ့တော့အကို.."ဘုန်းဇေယျတု နာကျင်လွန်းလို့ ရှုံ့မဲ့နေပေမယ့် လက်မလျှော့စတမ်း ကြိုးစားနေတဲ့ အကို့ကို ထွေးပိုက်ပြီး တားမြစ်လိုက်ရသည်။အိမ်ထောင်သက်တမ်း ၄ လကျော်ခဲ့ပြီ။ ဆရာဝန်ဖြစ်တဲ့ အကိုက အန္တရာယ်မဖြစ်စေတဲ့ ကိုယ်လက်နှီးနှောနည်းလမ်းတွေကို တောက်လျှောက်လေ့လာခဲ့ပြီး တစ်ခုပြီးတစ်ခု ဘုန်းကို ပြောပြနေခဲ့တာမို့ ဘုန်းနားထောင်ရင်း အိပ်ပျော်ခဲ့ရတဲ့နေ့တွေကြည့်ပင်။ ပထမဉီးဆုံး မင်္ဂလာညတုန်းက အကို့ကို နာကျင်အောင်လုပ်မိတဲ့ကိုယ့်ကိုယ်ကို ဘုန်းမကျေနပ်။ ဒါကြောင့်လဲ စိတ်ထဲမှာ အကိုနဲ့အတူနေချင်လာရင် ဘုန်းကိုယ့်ဘာသာဖြေရှင်းဖြစ်သည်။အကိုက အားနာလို့ထင်ပါရဲ့။ ဒီနေ့တော့ ဘုန်းကိုတစ်ရှိုက်မက်မက် နမ်းရှုံ့ရင်း သူ့ကိုယ်သူလက်ခံနိုင်မယ့်အခြေအနေအထိ ကြိုးစားနေလေသည်။"အကို.. ကျွန်တော်ရင်ကွဲ‌အောင်မလုပ်ပါနဲ့လားဗျာ""ဘုန်း.. အကိုပြောမယ်နော်.."သက်ပြင်းချရင်း ဘုန်းဇေယျတု ရင်ခွင်ကျယ်ကြီးထဲ ခေါင်းတိုးဝင်လာတဲ့အကိုက ဘုန်းရဲ့ ပါးလေးတွေနဲ့ နှုတ်ခမ်းလေးတွေကို လက်မနဲ့သပ်ရင်း ဆိုလာလေသည်။"ဘုန်း.. အကိုတို့က သဘာဝကိုလွန်ဆန်နေကြတာမို့လို့ နာကျင်တာတော့ရှိမှာပဲ။ အန္တရာယ်မဖြစ်တဲ့နည်းလမ်းတွေအများကြီးရှိတယ်လေဘုန်း။ အကိုက သဘာဝအတိုင်း ဘုန်းကို စိတ်ဖြေရာမပေးနိုင်တော့ အကို့ကို ဘုန်းစိတ်ပျက်သွားမှာ စိုးတယ်""အကိုက ကလေးလေးကျနေတာပဲကွာ။ အကို့ကို ဘာမျှော်လင့်ချက်မှမထားဘဲ ကျွန်‌တော်ချစ်ခဲ့တာပါ အကိုရယ်။ ဒီလိုတွေ မတွေးပါနဲ့လား""ဘုန်း.. အကိုလေ.. ဘုန်းကို အပိုင်လိုချင်တာ။ အကို့ကိုပဲ တွေးပေးနေတဲ့ဘုန်းကို ကိုယ့်လိုဘလေးဖြည့်ဖို့ အကို့ကိုအသုံးချစေချင်တာ။ အကိုက ဘုန်းကိုလိုချင်တာ.."ဘုန်းဇေယျတု တုန်ယင်သွားရသည်။ အကိုဒီလိုတွေးတာ သူ မထင်ထားမိ။ဟုတ်တယ်လေ။ အကိုလည်း သွေးသားနဲ့လူပဲ။ ဘုန်းရေ မင်းလွဲပြန်ပြီဟ။"အကို.. ကျွန်တော် အကို့ကို ဘယ်လောက်ချစ်တယ်ဆိုတာသိပါတယ်နော်""အင်း.. သိတယ်လေ""အကို့ကို မြတ်နိုးလွန်းလို့ ထိခိုက်နာကျင်အောင် မလုပ်နိုင်တာပါအကို..။ ဒါ‌ပေမယ့် အခုတော့ စိတ်ပြောင်းသွားပြီအကို။ ကျွန်တော် အကို့ကို တအားချစ်တော့မှာ။ နဲနဲတော့နာမယ်နော်အကို။ အကို့စိတ်ကိုလျှော့ထားပေး။ ကျွန်တော်သာယာသလို အကိုလည်းသာယာစေရမယ်။ အကို့နည်းလမ်းတွေအတိုင်းတော့မဟုတ်ဘူးနော်။"စောစောက သူမဟုတ်သလိုမျိုး နှာ‌ဖျား နားရွက်ဖျားတွေ နီရဲသွားတဲ့အကို့ နှုတ်ခမ်းများကို ဘုန်းဇေယျတု ချစ်မြတ်နိုးလွန်းစွာပဲ နူးနူးညံ့ညံ့နမ်းလိုက်မိသည်။ နူးညံ့အိစက်တဲ့ အကိုနှုတ်ခမ်းများက ချိုမြလွန်းသည်။ ဘုန်းရဲ့ မနူးညံ့တဲ့ လက်များက ပွတ်သပ်မိသမျှ အကို့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက ကြောင်ပေါက်လေးများလက်ဖဝါးလေးအတိုင်း အိစက်ညက်ညောလို့။ ဘုန်း စိတ်ရိုင်းများကို ချွန်းအုပ်ပြီး အညင်သာဆုံးချဉ်းကပ်တော့ အကို့ဆီက သာယာတဲ့ ညည်းသံကို ကျေနပ်ဖွယ်ရာ ကြားလိုက်ရသည်။ တစ်ဆင့်ချင်း ဖြေးညင်းစွာ အကို့ဆီတိုးဝင်တော့ အကိုက သက်တောင့်သက်သာ လက်ခံသည်။ဒီလိုနဲ့ပဲ စိတ်ချမ်းမြေ့ဖွယ်ရာ နှီးနှောမှုခရီးပန်းတိုင်ကို မင်္ဂလာသက်တမ်း ၄ လကျော်မှ ဘုန်းတို့ အောင်မြင်အောင် လျှောက်နိုင်တော့တာဖြစ်သည်။အိမ်‌ထောင်သက် နှစ်နှစ်အတွင်း အကိုက ဘာမှမပြောင်းလဲပေမယ့် ဘုန်းကတော့ အတော်ပြောင်းလဲသွားခဲ့ပြီ။ ကြမ်းကြမ်းတမ်းတမ်း အလွတ်တမ်းအေးဂျင့်အဖြစ်က ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ပြောင်းလဲသွားရတာမို့ နေရာတစ်ကာ စီးပွားရေးစကား ပြောရတာက ဘုန်းအလုပ်ဖြစ်လာခဲ့ပြီ။ တစ်ခါတစ်လေ အလွတ်တမ်း စုံစမ်းစရာပေါ့ပေါ့ပါးပါးတွေ လက်ခံတာကလွဲပြီးတော့ပေါ့လေ။ပဲခူးရန်ကုန် ကားလမ်းမကြီးက အရင်နဲ့မတူ လမ်းသားတွေချဲ့ထားတာမို့ ကျယ်ပြောသည့် ၆လမ်းသွားကြီး ဖြစ်နေပြီ။ လမ်းလည်းနဲနဲရှင်းနေတာမို့ ဘုန်းဇေယျတု ကားလေးကို အရှိန်အနည်းငယ်တင်လိုက်မိသည်။ မနေ့ကမိုးဖြိုးဖျောက် ကျထားလို့ထင်ပါရဲ့ ပိတောက်ပန်းတွေ လမ်းတစ်လျှောက်လုံး ဟိုတစ်ပင်ဒီတစ်ပင် ပွင့်နေတာ ကြည်နူးစရာပင်။မနက်စောစော ပန်းချိုးနေကြတဲ့ ကလေးလူကြီးတွေကိုငေးကြည့်မိရင်း.. အေးချမ်းကြပါစေလို့လဲ ဆုတောင်းလိုက်မိသည်။ကားမောင်းနေတုန်းမှာပဲ အကို့ဆီကဖုန်းဝင်လာတာမို့ ကားရှေ့ dashboard ပေါ် က ဖုန်းstand လေးထဲကဖုန်းနဲ့ ချိတ်ဆက်ထားတဲ့ airpod ကို နားမှာတပ်ပြီး ဖုန်းကိုင်လိုက်ရသည်။"ဘုန်း.. ရောက်‌တော့မလား.. ဒီမှာ တေဇမျိုးတို့ လင်မယားတောင် ရောက်နေကြပြီ။""အစောကြီးရောက်လာတာပဲ အကို။ ကျွန်တော် အင်းတိုင်နားရောက်နေပြီအကို။ လမ်းရှင်းတယ်။ ရောက်တော့မှာပါ။""အကိုပြောသားပဲ မနေ့ကတည်းက ပြန်လာပါဆိုတာကို ဘုန်းကလေးက အကို့စကားမှနားမထောင်တာဗျာ့။ ဟေ့ မင်းဗညား .. ဝေယံ့ကိုနှိုးလိုက်တော့။ ဒီကောင်လေးကအဝတ်လဲတာ ကြာအုံးမှာ။ သူ့ဒယ်ဒီအတိုင်း ဂျီးထူအုံးမှာ။ မရီမာ .. ဒီမုန့်တွေက ချိုင့်ထဲထည့်မှာ။ ကျောင်းကို ပို့မယ့် ချိုင့်တွေကို သီးသန့်ထားပေးလေ။ ဟင်းတွေကို ချိုင့်သတ်သတ်ထည့်ပေးနော်။ ဒါတွေက ဘုန်းအတွက် သီးသန့်ဖယ်ထားပေး။""အကို.. အကို.."ဘုန်းနဲ့ပြောနေရင်းက အနားကလူတွေကို ညွှန်ကြားနေတဲ့ အကို့ကို ဘုန်းဇေယျတု လှမ်းခေါ်လိုက်ရသည်။ အကိုက ဘုန်းနဲ့ပတ်သက်လာရင် အတော် ဇီဇာကြောင်တယ်လို့ မင်းဗညားပြောတာ တစ်ကယ်မှန်သည်။ သူ့ပတ်ဝန်းကျင်ကလူတွေကို ကြင်နာတတ်တဲ့ သဘောကောင်းတဲ့ အကိုဟာ ဘုန်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကို သူကိုယ်တိုင်ပဲ စီမံချင်သည်။ သူကိုယ်တိုင်ပဲ ဖန်တီးချင်သည်။ စေ့စေ့စပ်စပ်နဲ့ ပြင်ဆင်တတ်သလို အမှားနဲနဲမှမခံတတ်။"အင်း။ ဘုန်း ဖြေးဖြေးမောင်းလာခဲ့နော်။ အကိုဒီမှာ အကုန်ပြင်ဆင်ထားပြီးပြီ။ မွေးနေ့ရှင်က အိမ်ရောက်တာနဲ့ ရေမိုးချိုးပြီး အဆင်သင့်ပြင်ရုံပဲ။""အကို.. ကျွန်တော် အကို့ကို ချစ်တယ်နော်""အင်.. အာ.. ဘုန်းကလဲ"ဖုန်းကိုင်ပြီးရှက်နေမယ့်အကို့မျက်နှာကို မြင်ယောင်ရင်း ဘုန်း ပြုံးလိုက်မိသည်။"တော်ပြီကွာ။ ဖုန်းချလိုက်ပြီ။ မြန်မြန်လာတော့"အဟင်းဟင်း အကို့အားနည်းချက်ကို ဘုန်း ကောင်းစွာသိတာပေါ့လေ။ မဟုတ်ရင် ဒီဖုန်းက ချဖြစ်မှာမဟုတ်‌တော့။ အကိုက ဘုန်းဘယ်ရောက်ရောက် ကလေးတစ်ယောက်သဖွယ် သူဘာလုပ်နေတယ်ဆိုတာကို အသေးစိတ် ပြောပြတတ်တဲ့သူမဟုတ်လား။ရင့်ကျက်ချောမောလှတဲ့ ဒေါက်တာကောင်းရိပ်လွှမ်း ဆိုတာ ဘုန်းအတွက်တော့ ဝေယံထက်လွှမ်းထက် ငယ်ပြီး ချွဲစိန်ကလေးပေါက်စတစ်ယောက်ပဲဖြစ်သည်။ပဲခူးက ကိုယ်ပိုင်အထက်တန်းကျောင်း အဆောက်အဉီး ကို ကန်ထရိုက်ယူကာ ဆောက်ပေးနေတာ ပြီးစီးခါနီးပြီမို့လို့ အဆောက်အဉီး အပ်နိုင်အောင် ဘုန်း သွားစစ်ဆေးနေခဲ့တာ သုံးရက်လောက်ရှိပြီ။ အမှန်ဆိုလျှင် မနေ့တည်းက ပြန်ရဖို့။ ဘုန်း မွေးနေ့အတွက် အကိုက ဘုန်းကြီးကျောင်းတွေ ဟင်းချိုင့်ပို့ပြီး ပျော်ပွဲစားအနေနဲ့ ဉတိုဘက်ကို သွားကြဖို့ စီစဉ်ထားကာမှ မနေ့ကမထင်မှတ်ဘဲ အေးဂျင့်အလုပ်တစ်ခု ကြားပေါက်ဝင်လာတာမို့ စုံစမ်းပေးနေရင်း အပြန်နောက်ကျသွားရတာ။ စုံစမ်းနေတဲ့ကိစ္စက ဒီမနက်မှ အတည်ပြုနိုင်တာမို့လည်း သတင်းပို့ပြီးတာနဲ့ ချက်ချင်း ရန်ကုန်ပြန်လာခဲ့ရတာဖြစ်သည်။ဘုန်းဇေယျတု ခြံဝင်းထဲ ကားထိုးလိုက်ပြီး ကားပေါ်ကဆင်းလာသည်အထိ အိမ်ထဲက ဘယ်သူမှထွက်မလာ။ တစ်အိမ်လုံးလဲ ငြိမ်သက်လို့။ လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ အကိုဖုန်းဆက်တော့ ဆူညံနေကြတာ။"အကိုရေ.. ဘုန်း ပြန်ရောက်ပြီ"အိမ်ပြန်ရောက်တိုင်း ရွတ်နေကျ စကားလုံးတွေကို ပြန်တုံ့ပြန်မယ့်သူမရှိ။"အကိုရေ..."ဖွင့်ထားတဲ့တံခါးအတိုင်း အထဲဝင်လိုက်တော့ ဧည့်ခန်းစားပွဲပေါ် စားသောက်လက်စ မုန့်ပန်းကန် ကော်ဖီပန်းကန်များက ဒီအတိုင်း။ ချိုင့်ကြီးတွေ ထည့်ထားတဲ့ ကြိုးယက်ခြင်းကြီးတွေက အိမ်ပေါက်ဝအနားမှာ။ မီးဖိုထဲ ဝင်ကြည့်တော့လည်း မီးပိတ်ထားပေမယ့် အငွေ့တစ်ထောင်းထောင်းထနေတဲ့ အိုးကြီးက မီးဖိုပေါ်မှာ တင်လျက်သား။"မရီမာ.. ဝင်းဝင်း.."ဘယ်သူမှမရှိနေ။‌ နောက်ဖေးတံခါးကြီးကလည်း ပွင့်လျက်သား။ဘုန်း ခြေသလုံးမှာကပ်ထားတဲ့ သေနတ်အသေးစားလေးကို ထုတ်ကာ အသင့်အနေအထားတဲ့ အိမ်ပေါ်ထပ်ကို တက်လာခဲ့သည်။ မနေ့က စုံစမ်းခဲ့တဲ့ ကောင်တွေက ၃ နာရီအတွင်း ဒီအိမ်ကိုရောက်လာနိုင်စရာ အကြောင်းတော့မရှိ။ ဒါပေမယ့် ပြောလို့တော့မရ။အကို အန္တရာယ်ဖြစ်နေပြီလား။.. ဘုန်း စိတ်တွေပူလာခဲ့ပြီ။လှေကားကနေခြေဖော့တက်လာခဲ့ပြီး ဘုန်းနဲ့အကို့အခန်းကို အရင်ဖွင့်လိုက်သည်။ လူရိပ်လူယောင်မမြင်ရ။ ကုတင်ပေါ်မှာ ဘုန်းအင်္ကျီတစ်စုံကို တင်ထားလျက်။ ရေချိုးခန်းထဲ မှာလည်း ဗလာ..။သားဝေယံ အခန်းကို ဖွင့်လိုက်တော့လည်း ဘယ်သူမှရှိမနေ။ဒါဆို..အကို့ဖုန်းကို ခေါ်ကြည့်တော့ ဖုန်းမည်သံက လှေကားအရင်းကနေ ထွက်လာသည်။ ဘုန်း လှေကားဆီပြန်လာတော့ အကို့ဖုန်းလေးက လှေကားအရင်းမှာကျနေလျက်သားလေး။ဘုန်း လက်ထဲက ဖုန်းကို သေချာကြည့်ရင်း မနှိပ်ဖြစ်တာ တစ်နှစ်ရှိပြီဖြစ်တဲ့ ကုတ်လေး လေးလုံးကို နှိပ်လိုက်မိသည်။"Z 0009.. SOS add location"သိပ်မကြာလိုက်ပါ။ ဘုန်းရဲ့ ဖုန်းနိုတီမှာ အပလီကေးရှင်းတစ်ခု ဒေါင်းဖို့ရောက်လာသည်။တစ်နှစ်အတွင်း ချန်းရဲ့ ဉာဏ်စွမ်းတွေက ဘယ်လောက်တိုးတက်လာလဲဆိုရင် ဒီအပလီကေးရှင်းတစ်ခုရှိရုံနဲ့ ကမ္ဘာတစ်ဝှမ်းက အေးဂျင့်တွေအချင်းချင်း မည်သည့်social network platform ကမဆို ဝင်ရောက်ချိတ်ဆက်နိုင်တာပဲဖြစ်သည်။ဘုန်းအပလီကေးရှင်းထဲ ရောက်တာနဲ့ ချန်းကို Video chat အနေနဲ့ မြင်လိုက်ရသည်။ အဆင့်မြှင့်ထားတဲ့ အပလီကေးရှင်းကို စိတ်ထဲကပဲ ကြိတ်ချီးမွမ်းလိုက်ရင်း လက်ရှိအခြေအနေကို ချန်းဆီပြောပြလိုက်ရသည်။"ဟေ့ egalet..။ ဘာဖြစ်လို့လဲ အခြေအနေက""ချန်း ငါ့အမျိုးသားနဲ့ သားကို ပြန်ပေးဆွဲတယ်ထင်တယ်။ ငါ့အိမ်မှာ ဘယ်သူမှမရှိနေဘူး""တစ်နေရာရာသွားနေတာများလား ဇက်""မဟုတ်ဘူး။ .. ခြေရာလက်ရာပျက်တယ်ချန်း။ ငါ့အမျိုးသားပဲမဟုတ်ဘူး။ တေဇမျိုးတို့ လင်မယားရော ငါ့အိမ်က အကူတွေရော မရှိဘူး။ အိမ်က ဒီအတိုင်းပွင့်လျက်ကြီး ငါ့အမျိုးသားဖုန်းကလည်း ကြမ်းမှာကျကျန်ရစ်ခဲ့တယ်""အင်း.. လက္ခဏာကတော့ ပြန်ပေးလက္ခဏာပဲ။ ဘယ်သူဖြစ်နိုင်မလဲ"" Dragon head?""မဟုတ်နိုင်ဘူးထင်တယ်ဇက်။ ဝရမ်းထုတ်ထားတော့ နိုင်ငံထဲဝင်ခွင့်ရမှာမဟုတ်ဘူး။ နေအုံး တေဇမျိုးရဲ့ GPS ငါ့မှာရှိတယ်။ သူက inservice လေ""ငါစောင့်နေမယ် ချန်း အမြန်လုပ်ပါ"ဘုန်းစိတ်ပူလာပြီ။ မနေ့ကစုံစမ်းတဲ့လူတွေက ဘယ်ကဖြစ်မလဲ။ . နဂါးခေါင်းဂိုဏ်းက ပြိုကွဲသွားခဲ့ပြီး နဂါးခေါင်းတစ်ခြမ်းဖြစ်တဲ့ ဂျွန်ကိုလည်း ခြေရာခံမိနေကြပြီမို့ ဒါက နဂါးခေါင်းမဖြစ်နိုင်။"ဇက်။ တေဇမျိုးလိပ်စာပို့လိုက်ပြီ။ နေအုံး တေဇမျိုးတို့ပါ ပြန်ပေးဆွဲတဲ့အထဲပါသွားတာလား မင်းထင်သလို ပြန်ပေးဆွဲတာဆိုရင် မင်းအိမ်ကလူအကုန်လုံးကို ပြန်ပေးဆွဲဖို့ လူဘယ်နှစ်ယောက်လိုလိမ့်မလဲ။""နဂါးခေါင်းဆိုရင်တော့ သုံးယောက်ပဲ။ သားဝေယံကို ဓါးစာခံလုပ်ရင် အားလုံးက လှုပ်နိုင်မှာမဟုတ်လို့လေ"ဘုန်း လိပ်စာ အိုင်ဒီကို ဖွင့်လိုက်တော့ နေရာက လှိုင်မြို့နယ်ထဲက ကွန်ဒိုတစ်ခုဆီမှာ။ဘုန်း ကားကို အမြန်မောင်းထွက်လိုက်ကာ ဉီးတည်ရာသည်ကား လှိုင်မြို့နယ်သို့။"ဇက်။ ဒီသတင်းကို မင်းထင်ဆီငါပို့လိုက်ပြီ။ မင်းထင် မြန်မာနိုင်ငံပြန်‌ရောက်နေတယ်။ သူမင်းဆီလာပူးပေါင်းလိမ့်မယ်။"ချန်းက ပြောပြီးတာနဲ့ ချိတ်ထားတဲ့ network ကို ပိတ်သွားတော့သည်။ကွန်ဒိုအောက်ရောက်တော့ ဖုန်းမက်ဆေ့ခ်ျကို စာဝင်လာသည်။အခန်း 220A!ဘုန်းအကြာကြီးစဉ်းစားမနေပါ။ အိတ်ထဲက သေနတ်လေးကို စမ်းလိုက်ပြီး အခန်းရှိမယ့် အထပ်ကို ဓါတ်လှေကားနဲ့တက်လာခဲ့မိသည်။ ဉီးမင်းထင်ကို စောင့်နေရင်.. နောက်ကျသွားနိုင်သည်မို့ အခန်း220A ရှေ့ရောက်တာနဲ့ သေနတ်ကိုကိုင်ကာ တံခါးခေါက်လိုက်မိသည်။တုန့်ပြန်မှုမရှိ။ချန်းပေးတဲ့လိပ်စာမို့ မမှားနိုင်ပါ။ဘုန်းတွေဝေမနေတော့ဘဲ အခန်းတံခါးကို လှည့်ဖွင့်ကြည့်တော့ မထင်မှတ်စရာ တံခါးကပွင့်သွားလေသည်။ဘုန်း သေနတ်အသင့်ချိန်လျက်သားကနေ အခန်းထဲ ဖွင့်ဝင်လိုက်တော့ အခန်းက မှောင်မဲနေသည်။အမှောင်ထဲမျက်စိကျင့်သားရအောင် မျက်တောင်ကိုပုတ်ခတ်လိုက်ပြီး အတွင်းကို လှမ်းဝင်ခဲ့တော့ .."Surprise....."အသံနှင့်တစ်ကွ အခန်းတစ်ခုလုံး လင်းခြင်းသွားပြီး အခန်းတွင်းအပြင်အဆင်ကိုပါ တစ်ခါတည်း မြင်လိုက်ရတော့သည်။"Happy birthday .. "ဘုန်း မျက်လုံးစုံမှိတ်ကာ ရယ်လိုက်မိသည်။ လက်ထဲကသေနတ်ကိုတော့ လုံခြုံ‌ရေးခလုတ်လေး ပိတ်လျက် ဘောင်းဘီထဲ ထည့်သိမ်းလိုက်ရသည်။"ဒါ ဘယ်သူ့အစီအစဉ်လဲ။"ဘုန်းအမေးကို အကိုက ပြုံးစိစိနဲ့ မေးငေါ့ပြသည်။ အန်ကယ်ဦီးမင်းထင်နဲ့ ချန်းတို့ အတူတူ အခန်းအကွယ်ကထွက်လာကြသည်။"ဘယ်အချိန်တည်းက ရောက်နေကြတာလဲ ချန်း"ထိုခဏမှာပဲ ချန်းတို့နောက်က သိန်းငှက်အဖွဲ့သားတွေ အသီးသီးအလင်းရောင်ထဲထွက်လာကြသလို့ အကိုကလည်း ဘုန်းလက်ထဲ ဓါတ်ပုံလေးတစ်ပုံ ထည့်လာပေးသည်။Ultrasound ပုံလေး။ ပဲစေ့ကွေးကွေးလေးက အဖြူအမဲ ဓါတ်ပုံထဲမှာထင်ထင်ရှားရှား။"Congratulations! Zach"မင်းမိသားစုလေး ပြည့်စုံပါစေ။ဆုတောင်းတွေကြောင့် ဘုန်းဇဝေဇဝါနဲ့မွေးနေ့ surprise အတွက် ဝမ်းသာမလား။ ဗိုက်ကလေးပွတ်ကာ အာလ်ထွာဆောင်း ပုံလေးလာပြတဲ့ အကို့ကိုပဲ ပြေးဖက်ထားရမလား။ ဒီနေ့အတွက် တစ်ကူးတစ်က လာ‌ရောက်ပေးကြတဲ့ သွေးသောက်တွေကို ပဲ လက်ဆွဲနှုတ်ဆက်ရမလား။ မသိတော့..အဲ.. မသိဘူးဆိုပေမယ့် အားလုံးကိုကျော်ကာ အကို့ကို အရင်ဖက်ထားမိတာတော့ နဲနဲ.. မလွန်ဘူးထင်ပါသည်။"နေပါအုံးအကို.. ဒါက ဒါက..""အင်း .. မင့်သားလေး""အန်.. သားလေး.. ဟုတ်လားအကို'"အင်း။ ဒီအထဲမှာ"ဗိုက်ကလေးပွတ်ပြတဲ့အကို့ကို ဘုန်း တစ်ကယ့်ကို မယုံနိုင်အောင်ဖြစ်ရသည်။ဒီသုံးရက်အတွင်း.. ပြောင်းလဲသွားတာလား။ မဟုတ်နိုင်ပါ။ဒါဆို..April fools!..တစ်ပြိုင်နက်တည်း ကြွေးကျော်လိုက်ကြတာမို့ စောစောက အပျော်တွေ အံ့အားသင့်မှုတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြတော့သည်။"အာ အကို.. ကျွန်တော့်ကို အရူးလုပ်တာပဲ"ဘုန်းဇေယျတု မျက်ရည်လည်လာမိသည်။ အကိုက ရက်ရက်စက်စက်ကို အရူးလုပ်တာပဲကိုး။မွေးနေ့ surprise လုပ်ပေးကြတာကျေးဇူးတင်ပေမယ့်.. လက်ထဲက ဓါတ်ပုံလေးကိုပဲ ဘုန်း စိုက်ကြည့်နေမိသည်။ထိုခဏမှာပဲ ဝေယံနှင့် မင်းဗညားတို့က ကိတ်မုန့် နှစ်လုံးကိုင်ကာထွက်လာကြသည်။"Happy Birthday ဒယ်ဒီ။ ဒါသားကိုယ်တိုင် ရွေးထားတာ ဒယ်ဒီ့ဖို့"ဝေယံ့ခေါင်းလေးကို ဘုန်းပွတ်ပေးလိုက်တော့ အားလုံးဆီက ဆုတောင်းသံထွက်လာတော့သည်။"Happy Birthday to you"သီချင်းက ပျော်ပါစေ ဆိုပေမယ့် ဘုန်းဇေယျတု မပျော်နိုင်.. ရင်ထဲကတစ်ဆတ်ဆတ်နဲ့ တုန်လှုပ်နေဆဲ။အကို့ကို သူမပေးနိုင်တဲ့ လက်ဆောင်နဲ့ အကိုကသူ့ကို မပေးနိုင်မယ့် ဘဝကို သူမေ့ထားမိတာ။အကိုကတော့ ပြုံးရိပ်သန်းတဲ့ အကြင်နာမျက်ဝန်းတွေနဲ့ ဘုန်းကို ကြည့်နေဆဲ။"ဆုတောင်းပြီး မီးမှုတ်လိုက် ဘုန်း။ ဘုန်းရဲ့ဆုတောင်းတွေ ချက်ချင်းပြည့်လိမ့်မယ်"အကို့စကားဆိုရင် နားထောင်ပြီးသားဘုန်းပါအကို။မီးမှုတ်လိုက်တာနဲ့ ကိတ်မုန့်ပေါ်က စာတမ်းလေးတွေ ပေါ်လာသည်။ဘုန်းဇေယျတု ၂၄ ပြည့်မွေးနေ့...ဂျူနီယာဘုန်း ... လေးလပြည့်..နေအုံး.. ဒီကိတ်မုန့်ပေါ်က ဂျူနီယာဘုန်း..အကို့ကို လှည့်ကြည့်မိတော့.. အကိုက ပြုံးလျက်ပဲ.."အကို.. ကျွန်တော်က အကိုနဲ့ပတ်သက်ရင် ရူးပြီးသားပါ.. ဒီထက်အရူးမလုပ်ပါနဲ့တော့"ဘုန်းအကို့လက်လေးကိုင်ကာ တိုင်တည်မိတော့မှ တေဇမျိုးက ဘုန်းဇေယျတုပခုံးကိုလာဖက်ပြီး နှစ်သိမ့်ပေးလေသည်။"ထပ်ရူးလို့ရပြီ ဘုန်း.. ငါနဲ့ မှုန်နံ့သာ ကိုယ်တိုင် ဆေးရုံမှာစစ်ပေးထားတာ။""ဒီကိစ္စက အရေးကြီးတယ် ဘုန်း။ သဘာဝအတိုင်းပါလာတဲ့ သားအိမ်ဆိုပေမယ့် ကလေးကို ဖွံ့ဖြိုးကြီးထွားဖို့ကျတော့ မိန်းကလေးတွေလိုမျိုး သဘာဝအတိုင်း အပြည့်အဝမစွမ်းဆောင်နိုင်ဘူးတဲ့။ သေချာ ဆေးနဲ့ အစားနဲ့ အနားမှာ ဂရုစိုက်ပေးမှရမယ်။ ခွဲမွေးရင် ဘာအန္တရာယ်မှ မဖြစ်နိုင်ဘူး တဲ့ ဆရာဝန်မကြီးကသေချာရှင်းပြလိုက်တယ်။""ဇက်။ အန်ကယ်တို့နဲ့ US လိုက်ခဲ့တော့။ ဟိုက ကျန်းမာရေး‌စောင့်ရှောက်မှုနဲ့ဆိုရင် ပိုစိတ်ချရလိမ့်မယ်"အား.. ရူးပြီ အကိုရေ.. ဘုန်း တစ်ကယ်ရူးပြီ။"ဒါကြောင့်မို့လို့ အကိုလေးက တအားဂျီကျတာလို့ ဒီလပိုင်းတွေ"မင်းဗညားစကားကြောင့် အားလုံးရယ်မောလိုက်မိသည်။ဘုန်းဇေယျတု အကို့ကို ပခုံးကနေ သိုင်းဖက်လိုက်ရင်း ထပ်မေးမိသည်။"April fools မဟုတ်ပါဘူးနော် အကို။ အား.. ကျွန်တော်အကို့ကိုချစ်လိုက်တာဗျာ""ကဲ..ကဲ.. မွေးနေ့ရှင်ရေ အကောင်းဆုံးမွေးနေ့လက်ဆောင်ရသွားတာ ဝမ်းသာပါတယ်နော်။ ငါတို့ သိမ်းငှက်တွေ သိမ်းငှက်ပေါက်စကို လာနှုတ်ဆက်တာ။ မိသားစုလေး ရှိလာပြီဆိုတော့ တစ်ခြားကိစ္စတွေခေါင်းထဲမထည့်နဲ့တော့။ သိမ်းငှက်တွေက ကောင်းကင်ယံမှာ အမြဲပျံသန်းနေမှာ။ မင်းရဲ့ပတ်ဝန်းကျင်မှာ သိန်းငှက်တွေက တစ်ချိန်လုံးဝဲပြီးစောင့်ရှောက်နေမှာ။ မင်းရဲ့ အမျိုးသားလေးကို ဂရုစိုက်ပေးပါ။ ငါတို့ နောက်ထပ် သိန်းငှက်ပေါက်စလေးတစ်ကောင် ထပ်ရောက်လာဖို့ ဆုတောင်းပေးနေမယ်။"သြဂတ်စ်ရဲ့စကားက ဘုန်းဇေယျတုကို အားရှိစေသည်။အား.. မယုံနိုင်သေးဘူးအကိုရယ်။."ဘုန်း။ ဒီအခန်းက အန်ကယ်တို့စုံတွဲက ဂျူနီယာဘုန်းလေးကိုလက်ဆောင်ပေးတာ။ မင်းရုံးခန်းလုပ်ပေါ့။ အန်ကယ်ဟိုကဆေးရုံမှာ စုံစမ်းပြီးတာနဲ့ မင်းတို့ဆီလက်မှတ်ပို့လိုက်မယ်။ တစ်ခါတည်း ထွက်လာခဲ့ကြတော့။ ဝေယံ ဘဘနဲ့လိုက်နေမယ်မဟုတ်လား။ ဟိုမှာကျောင်းတက်ရမယ်လေနော်။ ဘဘတို့အိမ်နားကကျောင်းကသိပ်ကောင်းတာ။"အန်ကယ်ဉီးမင်းထင် ဝေယံ့ကို သိပ်မစည်းရုံးရပါ။ လိုက်မယ်ကြည့်ဖြစ်နေတော့တဲ့ဝေယံ့ကို ကောင်းရိပ်လွှမ်းသဘောကျနေမိသည်။မွေးနေ့ စပရိုက်တိုက်ပြီးကြတော့ မြရိပ်ခြယ်အိမ်ကို တစ်ပျော်တစ်ပါး ပြန်လာခဲ့ကြသည်။ အိမ်ထဲမှာတော့ ဉီးမိုးထက်လွှမ်းတို့ လင်မယားအပြင် ဉီးအောင်ဇေယျပါ ရောက်နေကြပြီး မရီမာတို့လည်းချက်ပြုတ်နေကြဆဲပင်။နှစ်ဘက်မိဘတွေကို ကမန်းကတန်း ဖင်ဘူးတောင်းထောင်အောင် ဉီးချလိုက်ကြပြီး အသင့်ပြင်ထားတဲ့ဆွမ်းချိုင့်တွေကားပေါ်တင်ကာ ဘုန်းကြီးကျောင်းပို့ကြရပြန်သည်။ သိန်းငှက်တွေကတော့ စားသောက်ရင်းကျန်ရစ်ခဲ့ကြသည်။ညနေဘက် ဧည့်သည်တွေပြန်ကုန်ကြတော့မှ မိသားစုစုံစုံညီညီ ဧည့်ခန်းမှာထိုင်မိကြသည်။"ကဲ.. သားကောင်းရိပ်.. ဖေဖေ့ကို ပြောစရာရှိတယ်ဆိုတာ ဘာများလဲ""ဖေဖေ နားနဲ့မနာ ဖဝါးနဲ့နာပါနော်"ကောင်းရိပ်လွှမ်းစကားတောင်မဆုံးလိုက်။ ဝှီးချဲပေါ်က မေမေ့ဆီက အို ဆိုတဲ့ အာမေဋိတ်သံလေးထွက်လာတော့သည်။"အို.. သားလေး။ မေမေ့သားလေး။ တစ်ကယ်ပဲ.. အို.. မေမေဟိုတုန်းက သားလေးကို ခွဲစိတ်ပေးခဲ့ဖို့ကြိုးစားသေးတယ်သား။ သားဘဝမို့လို့ သားသဘောအတိုင်းလုပ်မလို့ မေမေ စောင့်နေခဲ့တာ။ အခုတော့..""ဝမ်းသာစရာကိစ္စပါမေမေ။ ခေတ်မီနေတဲ့ ‌ဆေးပညာတွေနဲ့ဆိုရင် အန္တရာယ်မရှိပါဘူး""တို့နားလည်အောင်လဲပြောပါအုံးအမေကြီးရယ်။ ဘာတွေလဲဟင်""ဟို သား.. သား..""ဖေဖေ အကို့မှာ ဖေဖေ့မြေးလေးလွယ်ထားရတယ်လို့ပါ""ဟေ..."ထိုဟေကျတော့ အဖေနှစ်ယောက်ဆီက တစ်သံတည်း။"ဝမ်းသာရတာပေါ့ကွာ။ ဒီကိစ္စက ဝမ်းသာစရာပဲဟာကို။""သားဘုန်း.. မင်းအကိုကို ဂရုစိုက်ဖို့ပဲ အာရုံထားတော့ ဆောက်လုပ်ရေးလုပ်ငန်းကို ဖေဖေတို့ ကြည့်ပေးထားမယ်"မိဘတွေရှေ့မှာ အရှက်သည်းနေတဲ့ အကို့ကို ဘုန်းအသာအယာထူမပြီး အိပ်ခန်းဆီခေါ်လာခဲ့သည်။ဒီလူသားကို နဂိုတည်းက ချစ်လွန်းလို့ အသည်းအသက်ပါ‌ပေးထားခဲ့တာ။ အခု ချစ်ရာက မြတ်နိုးလွန်းလို့ အာခံတွင်းမှာ ငုံထားလိုက်ချင်သည်။ရေမိုးချိုးတာတောင် ဘုန်းကိုယ်တိုင် ချိုးပေး။ အကို့ကို ရေချိုးခန်းကနေ ကုတင်ပ်ါချီခေါ်လာ။ ဘီဒိုထဲက ချောင်ပေ့ဆိုတဲ့ ခြည်ထည် ညဝတ်ကိုသေချာရွေးပြီး ဝတ်ပေး နဲ့ ဘုန်းဇေယျတု အကို့ကို ထားစရာမရှိဖြစ်နေရသည်။အိပ်ယာထဲအကို့ကို လှဲလိုက်စေပြီး ဘုန်းရင်ခွင်ထဲ ထည့်ကာဖက်ထားလိုက်မိသည်။"အကို.. အားမငယ်နဲ့နော်။ ကျွန်တော် အကို့အနားအမြဲရှိတယ်။"အကို့ဗိုက်ကလေးကိုပွတ်မိတော့ ဘုန်းဇေယျတု စိတ်တွေမထိမ်းနိုင်တော့။အကို့ကို တင်းတင်းဖက်ရင်းပဲ မျက်ရည်ပေါက်ပေါက်ကျအောင် ငိုကြွေးမိတော့သည်။နှဖူးမှာ ပါးအပ်လျက် ကလေးတစ်ယောက်လို ငိုကြွေးနေရှာတဲ့ ဘုန်းကို ကောင်းရိပ်လွှမ်း ကြင်နာစွာပဲ ပြန်ဖက်ထားမိသည်။ ဝမ်းသာလို့ ကျတဲ့မျက်ရည်တွေက ကောင်းရိပ်လွှမ်းပါးကို ဖြတ်စီးဆင်းပါသည်။"ဘုန်း.. အကို သားဝေယံ့ကို အန်ကယ်ဉီးမင်းထင်ဆီ ပို့ထားချင်တယ်။""ဘာလို့လဲ အကို။""သိသာသိစေ မမြင်စေနဲ့ဆိုတဲ့စကားပုံရှိတယ်မဟုတ်လား။ သားဝေယံက အကို့သားပဲလေ။ သူ့အဖေ ကိုယ်ဝန်ကြီးနဲ့ ပုံကို မြင်နေရင် သူစိတ်ရှုပ်ထွေးနေမှာပေါ့။ နောက်ပြီး အန်ကယ်တို့ကလဲ သားလေးကို ချစ်ရှာကြတယ်လေ။""အကို့သဘောပါအကို။ သားဝေယံက ကျွန်တော်တို့ကို အထင်မလွဲဖို့တော့ သေချာရှင်းပြလိုက်ဖို့လိုတယ်အကို။"ဟုတ်တာ‌ပေါ့ ... အကိုသေချာရှင်းပြလိုက်မှာပါ။ သားက အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တယ် ဘုန်း။""အကို.. ဒါဆို ကျွန်တော်တို့လည်း အန်ကယ့်ဆီသွားကြမလားဟင်"ကောင်းရိပ်လွှမ်းပြုံးလိုက်မိသည်။ ထက်မြက်ပြီးရှေ့ပြေးလွန်းတဲ့ ဘုန်းတစ်ယောက် ဗိုက်ကိစ္စကျတော့ လှစ်နေအောင်မတွေးတတ်တော့။"အကိုက ဒီမှာပဲနေမှာဘုန်း။ အကို့ဆရာတွေကို တိုင်ပင်ပြီးအကောင်းဆုံးဖြစ်အောင် ဒီမှာပဲမွေးမှာ။ အလုပ်တွေနဲ့ဆိုရင် ဘုန်းက သွားလိုက်ပြန်လိုက်နဲ့ဖြစ်အုံးမှလေ။ ဒါကြောင့် ဒီမှာပဲ"'အကို.. ဟိုမှာက""ဟင့်အင်း။ ဘုန်းရှိတာပဲ။ ဘုန်းရှိတဲ့နေရာက အကို့အတွက် အလုံခြုံဆုံးပဲ။""ချစ်လိုက်တာ အကိုရယ်။ စိတ်ချ.. အကို့အတွက် အလုံခြုံဆုံး အနွေးထွေးဆုံး ပတ်ဝန်းကျင်လေး ဖန်တီးပေးမယ်အကိုရယ်။"ဘုန်းဇေယျတု ချစ်ရမယ့်လူတွေ တိုးလာမယ့် ဒီအိမ်ကြီးကို ဘယ်လိုအဆင့်မြှင့်ရမလဲ တွေးနေရင်း ချစ်ရတဲ့ အကို့ကို တစ်ဖွဖွ နမ်းနေမိတော့သည်။

အသက်ကိုနှင်း၍Where stories live. Discover now