Ch-46

2.1K 143 29
                                    

Unicode

ဒီနေ့က မင်ဟောက်ရဲ့မွေးနေ့မို့ ဂျူတီပြီးတာနဲ့ အိမ်မပြန်သေးပဲ လေးယောက်သား ဘားကိုရောက်နေကြလေသည်။ ဟွေ့ချင်းကတော့  သူ့ဂျူတီမပြီးသေးတာမို့ ဆေးရုံမှာ ကျန်ခဲ့ကာ အနောက်ကနေ လိုက်လာမှာဖြစ်သည်။

ဘားကိုရောက်ထဲက ကျန်တဲ့သုံးယောက်က လေပေါနေကြပေမယ့် ရိပေါ်က ခေါင်းမဖော်တမ်း တစ်ခွက်ပြီးတစ်ခွက်သောက်နေတာမို့ ထူးဆန်းနေတာတော့အမှန်ပင်။ အရင်ဆို လူမှန်းသူမှန်းမသိ မူးပြဲနေအောင်သောက်တတ်တဲ့ သူတို့သုံးယောက်ကို ရိပေါ်က ထိန်းပြီး အိမ်ပြန်လိုက်ပို့ပေးတာက ပုံသေနည်းလိုဖြစ်နေပြီ။

အခုတော့ သူတို့တောင် အနည်းငယ်ထွေရုံရှိသေးတယ်။ ရိပေါ်က ဇက်ပင်အတော်ကျိုးနေပြီ။

"ရိပေါ် ဘယ်လိုဖြစ်တာလဲ.. ဆက်တိုက်ကို ချနေပါလား"

သူတို့အသံကြားတော့ ရိပေါ်က ခေါင်းထောင်လာပြီး ဟီးခနဲရယ်ပြကာ လက်တစ်ဖက်ကလည်း အရက်ပုလင်းကို ပိုက်ထားသေးသည်။

"တော်ရုံပဲသောက် ....တော်ကြာ မင်းရဲ့ကျန့်ကောက ငါတို့ကို လာဆွဲထိုးလိမ့်မယ်"

ရိပေါ်လက်ထဲက ပုလင်းကို လှမ်းဆွဲရင်း ပြောလိုက်တော့ ရိပေါ်က ဆွန်းယွန်းရဲ့လက်ကို ရိုက်ချကာ ပုလင်းလိုက်ထပ်မော့နေပြန်သည်။ ရိပေါ်အရက်မူးရင် ဒီအတိုင်းပဲ။ ပုံမှန်ထက်ပိုပြီး စကားနည်းသွားမယ်။ ပြီးရင် လူတိုင်းကို လိုက်ရယ်ပြမယ်။

နောက်ဆုံးအဆင့်ကတော့ သူ့ရှေ့မှာတွေ့သမျှလူနောက်ကို လျှောက်လိုက်တော့တာပဲ။ အဲ့ဒီအချိန်ဆို ရိပေါ်ကို ဘယ်သူမှတားလို့မနိူင်တာမို့ အဲ့ဒီနောက်ဆုံးအဆင့်မရောက်ခင် သူတို့ရအောင်ထိန်းမှ ဖြစ်မည်။

"ဟယ်... နေကောင်းသေးတာလည်း မဟုတ်ပဲနဲ့ ရိပေါ်ကဘယ်လိုဖြစ်တာလဲ"

ကပြာကယာနဲ့ရောက်လာပြီး သူတို့ဘေးမှာဝင်ထိုင်ရင်း ပြောလိုက်တဲ့ဟွေ့ချင်းရဲ့စကားကြောင့် သုံးယောက်သားမျက်လုံးပြူးသွားရသည်။

"ရိပေါ်နေမကောင်းသေးဘူးဆိုတာ ဘာကိုပြောတာလဲ"

သူတို့မမေးခင် ဟွေ့ချင်းအနောက်ကရောက်လာတဲ့ စီနီယာလီက ဝင်မေးလိုက်တာကြောင့် စားပွဲခုံအောက်က လက်တွေကို အချင်းချင်းကိုင်ထားလိုက်မိသည်။ စီနီယာလီက ဘာလုပ်ဖို့ လိုက်လာတာတုန်း။ ဘားရောက်တုန်းလေး အပြတ်ကဲပါမယ်ဆိုမှ။ စီနီယာလီက ဒီလိုကြီးရှိနေရင် သူတို့က ဘယ်လိုလုပ်ပြီး ကောင်မလေးတွေနဲ့ ကြူးရဲတော့မှာလဲ။

LOVE ME OR NOT?[Completed]Where stories live. Discover now