"အင်း ပြောလေ"
"ဟို.....ငါဒီနေ့ ရှုတင်နားမလို့အဲ့ဒါမင်း ဆရာဆီဖုန်းဆက်လိုက်"
"ဟုတ်ကဲ့ ဆက်လိုက်ပါ့မယ်"
"အမ် ပြီးတော့ငါဒီနေ့လေယာဉ်ကွင်းသွားစရာရှိတယ် မင်းလိုက်ခဲ့ရမယ်"
"အင်းပါ အဆိုကျန့်ကျန့်သွားပြီ"
"အင်း"
:
:
"ရှောင်ကျန့် မင်းဘယ်လိုဝတ်လာတာလဲကွာ သွားပြန်လဲ"
"ဗျာ ဘာဖြစ်နေလို့လဲ"
"ကျစ်!!သွားလဲဆို"
"ဟုတ်ကဲ့"
ဘာဖြစ်ရမှာလဲ မင်းကအရမ်းချစ်ဖို့ကောင်းနေလို့လဲခိုင်း!...ဟင်းးးဘာတွေဝတ်လာမှန်လဲမသိဘူး သူများတွေမြင်ရင် ချစ်စရာကောင်းတဲ့ပုံလေးကိုလိုက်ကြည့်တော့မှာပဲ
ရိပေါကအပြင်ကသာ မကြိုက်သလိုနေနေ ပေမယ့် စိတ်ထဲထားကတော့အကန်တွေချည်းပြောနေတဲ့ ကိုရှောင်ရွှီးကြီးပါ..
"အင်း ဒါမှနည်းနည်းအဆင်ပြေသေး လာသွားမယ်"
"အင်း"
ရိပေါကောကလေ ဘာဖြစ်နေမှန်းကိုမသိဘူး ခုနကအဝတ်စားကဘာဖြစ်လို့လဲခိုင်းရတာလဲ ဟွန့် ဒီအကျီဝတ်လာတာကျအဆင်ပြေတယ်တဲ့ ဒါမှမပြေရင်လည်း လမ်းဘေးတောင်းစားတဲ့သူရှိကအဝတ်စားခနလောက်ငှားပါလို့ သွားတောင်းရမယ့်ပုံ
ကျန့်ကျန့်ပြောလည်းပြောချင်စရာ ပထမအကျီလေးက အပြာလည်စွပ်အကျီလေးနဲ့ ဂျင်းပြာလေးတွဲဝတ်ထားပြီး မျက်မှန်လေးပါတပ်ထားသေး ဆံသားနုနုလေးတွေကနဖူးပြင်လမှာဝဲကျနေလို့ ဘာဆိုးဆေးမှမပါတဲ့ နှုတ်ခမ်းပါးလေးရယ် အရောင်တွေခြယ်သစရာမလိုတဲ့ ပါးရဲရဲလရယ်က ချစ်ဖို့သိပ်ကောင်းနေတယ်လေ ရိပေါအဝတ်စားပြန်သွားလဲခိုင်း ပြန်လည်းတော့လည်းအိမ်မှာဝတ်တဲ့အကျီသာဝတ်ခဲ့လိုက်တော့တယ် အဲ့ဒါတောင်ကိုယ်တော်ချော က ဒါမှနည်းနည်းအဆင်ပြေသေးလုပ်လိုက်သေး ဟွန့်....
:
:
ကျန့်ကျန့်တို့နာရီဝက်လောက်နေတော့ လေဆိပ်ကိုရောက်လာပြီ ရိပေါဘယ်သူ့ကိုလာကြိုတယ်ထင်လဲ.....
"ရှောင်ကျန့်သူလာရင် မင်းသူ့အထုပ်တွေသယ်ပေးလိုက်"
"လူကဖြင့်မလာသေးပဲနဲ့ဟာကို"
