🍏🍎ep3🍎🍏

135 11 0
                                    


Baekhyunနှင့်Kyungsooအပြင်ကပြန်လာပြီး‌ေနာက် ဆိုဖာပေါ်တွင်အသီးသီး အနားယူလိုက်မိသည်။

"Fan​တွေ​တော့​ပျော်​နေမှာပဲငါ တို့နှစ်​ယောက်အတူထွက်လည်တာသိရလို့​လေ"

baekhyunက စားပွဲ​ပေါ်​ခြေ​ထောက်တင်မိလိုက်သည်နှင့်Kyungsooရဲ့အကြည်ဆူးဆူးတို့ကကျ​ရောက်လာသည်မို့​အမြန်ခြေ​ထောက်ပြန်ရုတ်လိုက်ရ‌ ပေသည်။သူ့လောက်အသန့်ကြိုက်တာသူပဲရှိသည်မို့ ဘက်ခဟျွန်းစကားမများချင်တော့ပေ။အလိုက်တသိ နေလိုက်တာက ပိုကောင်းပေသည်။




"ဓါတ်ပုံအတူရိုက်ခွင့်​ပေးချင်​ပေမဲ့ ငါကစစ်မှုထမ်း​နေဆဲမို့​လေ အခု​လောက်ဆိုအင်တာနက်တစ်ခွင်ငါတို့sign ကပျံ့​နေ​တော့မှာ ငါ့အချစ်​တွေအလွမ်း​ပြေမှာပါ"​

တွေးဆဆ​ပြောလိုက်သည်နှင့်kyungsooက​ပါခေါင်းညိတ်ပြလာ​လေသည်။



"ပြန်ရ​တော့မယ် ခဏ​လေးပဲကွာနားရက်ကလဲ "

ညည်းညူသံတိုးတိုး​ကြောင့်kyungsoo ခိုးရယ်​​မိသည်။ဘက်ခဟျွန်းအကျင့်ကိုကအဲ့လို့ပင်။အမြဲ ခွေးပေါက်ကလေးတွေလို တအီအီငြီးငြူတတ်သည်။ပြီးရင်လည်း အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်တတ်သူပင်။
ဂျောင်ဆူးစနစ်တကျပြင်ဆင်ထား‌ေသာ ဘက်ခဟျွန်းအထုပ်များကို ယူကာ
စားပွဲပေါ် တင်ထားလိုက်သည်။

"ပစ္စည်း​တွေစစ်ပြီးသား အသင့်ယူသွားရုံပဲ Chen နဲ့​နောက်တစ်ပတ်ပိတ်ရက်ကျအတူဆုံကြရ​အောင် နားလည်လား "

Kyungsooရဲ့စကား​အဆုံးတွင်hyunnieကအထုပ်​တွေယူလိုက်ပြီး ​ခေါင်းညိတ်ပြ​လေသည်။


"ငါ​သေချာမှာထားမယ်​နော် ငါမရှိတုန်း ဘာသတင်းမှထွက်မလာနဲ့ အာပြီး​တော့second soloကျ ငါသီချင်းကူ​ရွေး​ပေးမယ် ပြီး​တော့ vocal lession​တွေကို​သေချာအချိန်​ပေး ဆရာကိုစိတ်မပျက်​စေနဲ့ ပြီး​တော့မင်းသမီး​တွေနဲ့ကင်းကင်း​နေ မင်းမျက်ဝန်း​လေးနဲ့​တွေ့တဲ့အခါကျ မျက်နှာပန်းလှတာ​ပေါ့အရမ်းအား​နေရင် ဝူဘင်းhyungတို့နဲ့ပဲအချိန်ဖြုန်း ကြားလား "


ရင်ဘက်ကိုလက်ညှိးနဲ့ထိုးပြီး​တောက်​လျှောက်အတည်​ပေါက်​ပြော​နေတာမို့ kyungsoo​ခေါင်းဆက်တိုက်ညိတ်ပြလိုက်သည်။

ချစ်လား(completed)Where stories live. Discover now