🍎🍏ep15🍏🍎

62 6 0
                                    

​နေ့ရက်​တွေ​ပြောင်းလဲမှု​တွေကြားမှာ အရာရာဟာ​ပြောင်းလဲတတ်စမြဲပင်။ တစ်ခါတစ်ရံစာတို​လေး​တွေ ​ရောက်ရှိလာတတ်သည်။အများစုက စားဖို့သတိ​​ပေးချက်မျိုးသာ။ တစ်ခါတစ်​လေဟာသဆန်ဆန်​တွေးမိသည်။ဒို​ဂျောင်ဆူးက ထမင်းစားချိန်နှိုးစက်များလားလို့ကြံဖန်​တွေးမိသည်။

ကျွန်​တော်လဲ အခုဆို တတ်နိုင်သမျှကင်း​အောင်​နေမိသည်။ မကြာခင်ထွက်သွားနိုင်​ချေရှိသူနှင့်အမှတ်တရများများရှိခြင်းက ပြန်​တွေးတိုင်းနာကျင်ရနိုင်​ခြေမြင့်မား​လေသည်။သူလဲမအားတာကများ​လေသည်။ရုပ်ရှင်ရိုက်ရတာရယ်varity show​တွေဘက်ပြန်ပြီးrun​နေ​သော​ကြောင့်ဖြစ်သည်။

အခုဆိုကျွန်​တော် ခဏအင်တာနက်နဲ့အဆက်သွယ်​တွေဖြတ်ထားမိသည်။ ဒီအတိုင်း သူ့video​တွေလည်းမကြည့်ဖြစ်​အောင်သတိထား​နေမိသည်။ ကြည့်မိတိုင်း ဒီလူသားက ကျွန်​တော်ဆီကထွက်သွား​တော့မှာဟုအ​တွေး​ရောက်လာတိုင်း မျက်ရည်​တွေကကျဆင်းလာ​တော့သည်။

တစ်ခါတစ်ရံ​တော့ ကျွန်​တော်ဟာအရူးနှင့်ပင်တူ​လေသည်။တစ်ခါမှမပိုင်ဆိုင်ဖူးဘဲနှင့် ဆုံးရှုံးရမှာကို​တွေး​ကြောက်​နေမိသည်။တစ်ခါတစ်ရံကြ​တော့လည်း သူ​ပေးတဲ့friendzoneထဲမှာ​ပျော်​မွေ့​နေပြန်သည်။
တစ်ခါတစ်ခါကျ​တော့လည်းသူကထားမသွားခဲ့ဘူးလိုမှပရိသတ်​တွေကို ကတိ​ပေးမသွားခဲ့တာ။

ကျွန်​တော်အခုရက်ပိုင်းတိတ်ဆိတ်​နေလွန်းလို့ထင်ပါရဲ့ ။အစ်ကိုဟို​ယောင်းကသူဂျယ်ဂျူးကျွန်းကိုသွားရင်အ​ဖော်လိုက်ခဲ့ဖို့​ပြောထားသည်။ခဏတစ်ဖြုတ်စိတ်ကိုအနား​ပေးဖို့လိုအပ်​နေ​လေသည်။

အခုလည်းကွန်ပျူတာထက်ကသူပုံရိပ်ကိုကြည့်​နေမိသည်။မကြာပါ။ကျွန်​တော် ပုံကိုချိန်းပစ်လိုက်​တော့သည်။အပြာ​ရောင်​ရေလှိုင်းပုံ​တွေက ကျွန်​တော်စိတ်ကိုခဏ​တော့ဆွဲ​ဆောင်ထားနိုင်မည်ဟုယူဆရ​ပေသည်။

"ချန်း ဒီတစ်ပတ် ပိတ်ရက်မှာ ရုပ်ရှင်သွားကြည့်ရ​အောင် အားတယ်မလား"

မွန်းဟာနာ၏စကား​ကြောင့်ကျွန်​တော်ရဲ့စိတ်​တွေပြန်လည်စုစည်းမိလာ၏။

ချစ်လား(completed)Where stories live. Discover now